အေမရိကန္အစိုးရ ေထာက္ပ႔ံေငြ ေဒၚလာ ( ၁၇၀၀ ) သြားထုတ္ရာမွ ေဒၚလာ ၈ ဒသမ ၂ သန္း ကို ရရွိလိုက္သည့္ အမ်ိဳးသား

အေမရိကန္ တြင္ ခ်ားလ္ကယ္လ္ဗင္ အမည္ရွိ အမ်ိဳးသား ၁ ဦး သည္ ၿပီးခဲ့သည့္ စေနေန႕ က ATM စက္ သို႔ သြားေရာက္ခဲ့ေသာ အခါ အိမ္ခန္းငွားခေပးရန္ ေငြအခ်ိဳ႕ ထုတ္ရန္ ရည္႐ြယ္ ခ်က္ျဖင့္ ျဖစ္ သည္ ။

အင္ ဒီ ယာ နာျပည္နယ္ နယူးခ်ီကာဂိုၿမိဳ႕ တြင္ ေစတနာ့ ဝန္ထမ္းမီး သတ္သမားတစ္ဦးအျဖစ္ လုပ္ကိုင္ေနသည့္ ကယ္လ္ဗင္သည္ အစိုးရ ၏ “ အသုံးစရိတ္ ပံ့ပိုးမႈ ေထာက္ပံ့ေငြ အစီအစဥ္ ” တစ္စိတ္ တစ္ပိုင္းအရ သူ၏အေကာင့္ထဲသို႔ ေဒၚလာ ၁,၇၀၀ တိုက္ရိုက္ ထည့္သြင္းေပးခံထားရၿပီးျဖစ္ေၾကာင္းကို ဖုန္းမွတစ္ဆင့္ အေၾကာင္းၾကား ခံထား ခဲ့ရၿပီးျဖစ္သည္ ။

အေမရိကန္အစိုးရ ေထာက္ပ႔ံေငြ ေဒၚလာ ( ၁၇၀၀ ) သြားထုတ္ရာမွ ေဒၚလာ ၈ ဒသမ ၂ သန္း ကို ရရွိလိုက္သည့္ အမ်ိဳးသား

ထို႔ေၾကာင့္ အသက္ ၄၅ ႏွစ္ရွိ ကယ္လ္ဗင္သည္ သူ ၏ MetaBank ကတ္အား ေအတီအမ္စက္ထဲသို႔ ထည့္သြင္းခဲ့ၿပီး အမ်ားဆုံးထုတ္ယူနိုင္သည့္ပမာဏျဖစ္ေသာ ေဒၚလာ ၂၀၀ ထုတ္ယူ ခဲ့သည္။ ထို႔ေနာက္ ေျပစာအား ဆြဲထုတ္လိုက္ေသာ အခါ လက္က်န္ေငြေနရာ တြင္ ေဒၚလာ ၈,၂၀၀,၀၀၀.၀၀ ကို ေတြ႕ျမင္ခဲ့ရျခင္းျဖစ္သည္။

“ကမာၻႀကီး ဘာေတြျဖစ္ ကုန္တာလဲဗ်ိဳ႕..? တစ္ခုခုေတာ့ မွားေနၿပီထင္တယ္ေနာ္…။” ဟု ကယ္လ္ဗင္က စီအင္န္အင္န္သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။ မည္သို႔ပင္ျဖစ္ေစ သူသည္ အိမ္ငွားခ အတြက္ ေဒၚလာ ၈၀၀ လိုအပ္ေနခဲ့သည္ျဖစ္သျဖင့္ ေနာက္ထပ္ေငြထုတ္ယူမႈ အနည္းငယ္ကိုျပဳလုပ္ခဲ့သည္။

“ထပ္ထုတ္ေတာ့လည္း ေဒၚလာ ၈ ဒသမ ၂ သန္း က်န္ေနတုန္းပဲ။ ” ဟု သူက ဆိုသည္ ။

ေအတီအမ္စက္ တစ္စုံတစ္ခု မွားယြင္းေနၿပီကို သတိျပဳမိရင္း သူက ေအတီအမ္စက္ ရွိရာ Family Express ဂတ္စ္ဆိုင္ရွိ ဝန္ထမ္း တစ္ဦးအား ထိုစက္ႏွင့္ပတ္သက္၍ အဆင္မေျပမႈတစ္စုံတစ္ရာၾကားမိျခင္း ရွိမရွိ ေမးျမန္းခဲ့သည္ ။ ဝန္ထမ္းအမ်ိဳးသမီးက မၾကားမိေၾကာင္း ေျဖၾကားခဲ့ၿပီး ထိုသို႔ေမးျမန္းရသည့္အေၾကာင္းရင္းအား ျပန္လည္ေမးျမန္းခဲ့သည္။

ကယ္လ္ဗင္က သူမအား ေျပစာကို ျပသလိုက္ရာ သူမက ေျပစာကိုတစ္လွည့္ ကယ္လ္ဗင္ကို တစ္လွည့္ အထပ္ထပ္ၾကည့္ရႈၿပီး “ ရွင္က မီလ်ံနာလား?” ဟု ကယ္လ္ဗင္အား ေမးခြန္းထုတ္လိုက္သည္ ။ထိုအခါ ကယ္လ္ဗင္က “အစ္မရယ္ ကြၽန္ေတာ္သာ မီလ်ံနာဆို အိမ္ငွားခ အတြက္ ေဒၚလာ ၂၀၀ ထုတ္ဖို႔ ဒီမွာ ေရာက္ေနမယ္လို႔ ခင္ဗ်ားထင္လား…?” ဟု ျပန္လည္ေျဖၾကားခဲ့သည္။

ယင္းေနာက္ ကယ္လ္ဗင္က ရဲၾကပ္ႀကီး တစ္ဦးျဖစ္ေသာ သူငယ္ခ်င္းတစ္ဦးအား ဆက္သြယ္ခဲ့ရာ သူငယ္ခ်င္းျဖစ္သူက သူ႕အား ထိုေငြ ကို စိုးစဥ္းမွ် အသုံးမျပဳဘဲ တနလၤာေန႕တြင္ သက္ဆိုင္ရာဘဏ္ သို႔ အေၾကာင္းၾကားရန္ သူ႕အား အႀကံေပးခဲ့သည္။

ထို႔ေနာက္ MetaBank ဘဏ္မွျပန္လည္ေျဖရွင္းခ်က္ အရ ဘဏ္စာရင္း တြင္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန မွ ထည့္ေပးေသာေငြ ေဒၚလာ ၁၇၀၀ သာ ျပေၾကာင္းႏွင့္ ေအတီအမ္စနစ္ တြင္ ခ်ိဳ႕ယြင္းမႈျဖစ္သြားခဲ့ျခင္းျဖစ္နိုင္ေၾကာင္း သိရသည္ ။

သူ၏ ဘဏ္စာရင္း တြင္ ေငြလက္က်န္သည္ ၁၃ ဒသမ ၆၉ ေဒၚလာ ျဖစ္ၿပီး ေငြလက္က်န္အား ထို ၈ ဒသမ ၂ သန္းသာ အမွန္တကယ္ျဖစ္လိုက္ခ်င္သည္ဟု သူက ေျပာၾကားခဲ့ေၾကာင္းလည္း သိ ရသည္ ။

Ref:( CNN )

Unicode

အမေရိကန် တွင် ချားလ်ကယ်လ်ဗင် အမည်ရှိ အမျိုးသား ၁ ဦး သည် ပြီးခဲ့သည့် စနေနေ့ က ATM စက် သို့ သွားရောက်ခဲ့သော အခါ အိမ်ခန်းငှားခပေးရန် ငွေအချို့ ထုတ်ရန် ရည်ရွယ် ချက်ဖြင့် ဖြစ် သည် ။

အင် ဒီ ယာ နာပြည်နယ် နယူးချီကာဂိုမြို့ တွင် စေတနာ့ ဝန်ထမ်းမီး သတ်သမားတစ်ဦးအဖြစ် လုပ်ကိုင်နေသည့် ကယ်လ်ဗင်သည် အစိုးရ ၏ “ အသုံးစရိတ် ပံ့ပိုးမှု ထောက်ပံ့ငွေ အစီအစဉ် ” တစ်စိတ် တစ်ပိုင်းအရ သူ၏အကောင့်ထဲသို့ ဒေါ်လာ ၁,၇၀၀ တိုက်ရိုက် ထည့်သွင်းပေးခံထားရပြီးဖြစ်ကြောင်းကို ဖုန်းမှတစ်ဆင့် အကြောင်းကြား ခံထား ခဲ့ရပြီးဖြစ်သည် ။

ထို့ကြောင့် အသက် ၄၅ နှစ်ရှိ ကယ်လ်ဗင်သည် သူ ၏ MetaBank ကတ်အား အေတီအမ်စက်ထဲသို့ ထည့်သွင်းခဲ့ပြီး အများဆုံးထုတ်ယူနိုင်သည့်ပမာဏဖြစ်သော ဒေါ်လာ ၂၀၀ ထုတ်ယူ ခဲ့သည်။ ထို့နောက် ပြေစာအား ဆွဲထုတ်လိုက်သော အခါ လက်ကျန်ငွေနေရာ တွင် ဒေါ်လာ ၈,၂၀၀,၀၀၀.၀၀ ကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

“ကမ္ဘာကြီး ဘာတွေဖြစ် ကုန်တာလဲဗျို့..? တစ်ခုခုတော့ မှားနေပြီထင်တယ်နော်…။” ဟု ကယ်လ်ဗင်က စီအင်န်အင်န်သတင်းဌာနသို့ ပြောကြားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူသည် အိမ်ငှားခ အတွက် ဒေါ်လာ ၈၀၀ လိုအပ်နေခဲ့သည်ဖြစ်သဖြင့် နောက်ထပ်ငွေထုတ်ယူမှု အနည်းငယ်ကိုပြုလုပ်ခဲ့သည်။

“ထပ်ထုတ်တော့လည်း ဒေါ်လာ ၈ ဒသမ ၂ သန်း ကျန်နေတုန်းပဲ။ ” ဟု သူက ဆိုသည် ။

အေတီအမ်စက် တစ်စုံတစ်ခု မှားယွင်းနေပြီကို သတိပြုမိရင်း သူက အေတီအမ်စက် ရှိရာ Family Express ဂတ်စ်ဆိုင်ရှိ ဝန်ထမ်း တစ်ဦးအား ထိုစက်နှင့်ပတ်သက်၍ အဆင်မပြေမှုတစ်စုံတစ်ရာကြားမိခြင်း ရှိမရှိ မေးမြန်းခဲ့သည် ။ ဝန်ထမ်းအမျိုးသမီးက မကြားမိကြောင်း ဖြေကြားခဲ့ပြီး ထိုသို့မေးမြန်းရသည့်အကြောင်းရင်းအား ပြန်လည်မေးမြန်းခဲ့သည်။

ကယ်လ်ဗင်က သူမအား ပြေစာကို ပြသလိုက်ရာ သူမက ပြေစာကိုတစ်လှည့် ကယ်လ်ဗင်ကို တစ်လှည့် အထပ်ထပ်ကြည့်ရှုပြီး “ ရှင်က မီလျံနာလား?” ဟု ကယ်လ်ဗင်အား မေးခွန်းထုတ်လိုက်သည် ။ထိုအခါ ကယ်လ်ဗင်က “အစ်မရယ် ကျွန်တော်သာ မီလျံနာဆို အိမ်ငှားခ အတွက် ဒေါ်လာ ၂၀၀ ထုတ်ဖို့ ဒီမှာ ရောက်နေမယ်လို့ ခင်ဗျားထင်လား…?” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက် ကယ်လ်ဗင်က ရဲကြပ်ကြီး တစ်ဦးဖြစ်သော သူငယ်ချင်းတစ်ဦးအား ဆက်သွယ်ခဲ့ရာ သူငယ်ချင်းဖြစ်သူက သူ့အား ထိုငွေ ကို စိုးစဉ်းမျှ အသုံးမပြုဘဲ တနင်္လာနေ့တွင် သက်ဆိုင်ရာဘဏ် သို့ အကြောင်းကြားရန် သူ့အား အကြံပေးခဲ့သည်။

ထို့နောက် MetaBank ဘဏ်မှပြန်လည်ဖြေရှင်းချက် အရ ဘဏ်စာရင်း တွင် ပြည်တွင်းအခွန်များဦးစီးဌာန မှ ထည့်ပေးသောငွေ ဒေါ်လာ ၁၇၀၀ သာ ပြကြောင်းနှင့် အေတီအမ်စနစ် တွင် ချို့ယွင်းမှုဖြစ်သွားခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည် ။

သူ၏ ဘဏ်စာရင်း တွင် ငွေလက်ကျန်သည် ၁၃ ဒသမ ၆၉ ဒေါ်လာ ဖြစ်ပြီး ငွေလက်ကျန်အား ထို ၈ ဒသမ ၂ သန်းသာ အမှန်တကယ်ဖြစ်လိုက်ချင်သည်ဟု သူက ပြောကြားခဲ့ကြောင်းလည်း သိ ရသည် ။

Ref;CNN

Add a Comment

Your email address will not be published. Required fields are marked *