(COVID 19) ဗိုင္းရပ္္စ္္ ၏ ပ်ံ႕ႏွံ့ပုံႏွင့္ဇာစ္ျမစ္္္ကို နိုင္္ငံတကာမွ စုံစမ္းေဖာ္ထုတ္္ေပးရန္ ေတာင္းဆိုကာ တရုတ္ကို ဖိအားထပ္ေပး လုိက္တဲ႔ ၾသစေၾတးလ်

Covid 19ဗိုင္းရပ္္စ္္ ကို တ႐ုတ္္ ၏ ကိုင္တြယ္္ ေျဖရွင္းမႈ သည္ ပြင့္လင္းျမင္္ သာမႈမရွိေၾကာင္း ဩစေၾတးလ် က ေမးခြန္းထုတ္္ခဲ့ၿပီး ဗိုင္းရပ္္စ္္ ၏ ဇာစ္္ျမစ္္ ကို နိုင္ငံ တကာ က စုံစမ္းေဖာ္္ ထုတ္ရန္ ေတာင္း ဆိုျခင္းျဖင့္ တ႐ုတ္္ ကို ဖိအား ထပ္ေပး ခဲ့ သည္္ ။ ကိုရိုနာဗိုင္းရပ္စ္ သည္ ယမန္ႏွစ္ က တ႐ုတ္ အလယ္ပိုင္း ဝူဟန္ရွိ ေတာရိုင္း တိရစၧာန္မ်ား ေရာင္းခ် သည့္ေဈး မွ စတင္ ေပၚထြက္ ခဲ့ သည္ ဟု ယုံၾကည္ ထားၾက သည္ ။

ထိုဗိုင္း ရပ္္စ္္ သည္ ကမၻာ တစ္္ဝန္းသို႔ ပ်ံ႕ႏွံ့ကာ လူေပါင္း (၂.၃) သန္းေက်ာ္္ ကို ကူးစက္္ ထားၿပီး ယင္းတို႔ အနက္ လူ (၁၆၀,၀၀၀) နီးပါး ကို ေသဆုံးေစ ခဲ့ေၾကာင္း ရိုက္္တာ သတင္း ေအဂ်င္စီ က တြက္ခ်က္္ ထားသည္ ။ တ႐ုတ္ ၏ပြ င့္လင္းျမင္သာ ရွိမႈကို စိုးရိမ္မႈသည္ အလြန္ႀကီး မားေၾကာင္း ဩစေၾတးလ်နိုင္ငံျခားေရးဝန္ႀကီး မာရိစ္ပိုင္းက ABC သို႔ ေျပာၾကား ခဲ့သည္။

ဩစေၾတးလ် သည္ ကိုရိုနာ ဗိုင္းရပ္္စ္္ ကူးစက္ခံရသူ ( ၆,၅၈၆ ) ဦး ရွိထားၿပီး နိုင္ငံ၏က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္ ၿပိဳလဲမႈ မရွိေစခဲ့ဘဲ ထိန္းခ်ဳပ္နိုင္ခဲ့သည္။ ဗိုင္းရပ္စ္ ကူးစက္ခံရသူ အသစ္ ရွာေတြ႕မႈသည္ ၁ ရာခိုင္ႏႈန္းေအာက္ သို႔ ေရာက္ခဲ့သည္ မွာ ၇ ရက္ဆက္တိုက္ ရွိၿပီ ျဖစ္ၿပီး အျခားနိုင္ငံ အမ်ားစုထက္ နည္းပါးခဲ့သည္။

ဩစေၾတးလ်ႏွင့္ ၎၏ အႀကီးဆုံး ကုန္သြယ္ဘက္ တ႐ုတ္တို႔ အၾကား ဆက္ဆံေရး အဆိုးဆုံးျဖစ္ေနခ်ိန္ တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ ပြားမႈကို စုံစမ္းေဖာ္ထုတ္ရန္ ဩစေၾတးလ် က ေတာင္းဆိုခဲ့ျခင္း ျဖစ္သည္ ။အေမရိကန္ သမၼတ ေဒၚနယ္ထရန႔္က တ႐ုတ္ ကို ေဝဖန္မႈ အရွိန္ တက္ေနခ်ိန္မွာပဲ ဩစေၾတးလ်၏ စုံစမ္းေဖာ္ထုတ္ရန္ ေတာင္းဆိုမႈ ထြက္ေပၚခဲ့ျခင္းလည္း ျဖစ္သည္။

australia ministry of foreign affairs

ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္္ မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ တ႐ုတ္၏ ပြင့္လင္းျမင္သာ မရွိမႈကို ထရန႔္ႏွင့္ ထိပ္တန္းလက္ေထာက္မ်ားက စြပ္စြဲထား ၾကၿပီး တ႐ုတ္က စြပ္စြဲခ်က္မ်ားကို ပယ္ခ်ကာ ဗိုင္းရပ္စ္ ကူးစက္မႈႏွင့္ ပတ္သက္၍ ပြင့္လင္းစြာ ေဆာင္ရြက္ခဲ့ၿပီး ကမၻာကို သတိေပး ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

ကမၻာ့ က်န္းမာေရးအဖြဲ႕(WHO) သည္ တ႐ုတ္္ ဘက္္ ယိမ္းေသာ ခ်ဥ္းကပ္မႈႏွင့္ ေဆာင္ရြက္ခဲ့ေၾကာင္း ထရန႔္က စြပ္စြဲခဲ့ၿပီး လြန္ခဲ့ သည့္ သီတင္းပတ္က ရန္ပုံေငြ အေထာက္အပံ့ျဖတ္ေတာက္ခဲ့သည္။ WHO က စြပ္စြဲခ်က္ ကို ပယ္ခ်ခဲ့ေသာ္လည္း ကိုရိုနာဗိုင္းရပ္စ္ႏွင့္ ပတ္ သက္ ၿပီး WHO ၏ တုံ႔ျပန္ေဆာင္ရြက္မႈ သည္ ကမၻာအတြက္ အ‌ေထာက္အကူ မျဖစ္ခဲ့ေၾကာင္း ဩစေၾတးလ် က်န္းမာေရးဝန္ႀကီး ဂရက္ဟန႔္က ေဝ ဖန္ခဲ့သည္။

“ ကၽြန္ေတာ္္ တို႔ နိုင္ငံတစ္္ နိုင္ငံအေန နဲ႔ ကိုယ့္္ ဆုံးျဖတ္ခ်က္နဲ႔ ကိုယ္ ေဆာင္ရြက္ခဲ့တာေၾကာင့္ ေကာင္းေကာင္းမြန္မြန္ ျဖစ္ခဲ့တာပါ ”ဟု ဟန႔္္ က သတင္း စာ ရွင္းလင္းပြဲ တြင္ ေျပာၾကားခဲ့သည္ ။ဩစေၾတးလ်သည္ WHO ၏ အႀကံျပဳခ်က္ ကို ဆန႔္က်င္ၿပီး ေဖေဖာ္ဝါရီ ၁ တြင္ တ႐ုတ္မွ ေရာက္္ လာသူ အားလုံးကို ပိတ္ပင္ခဲ့သည္ ။ ေနာက္ပိုင္း တြင္ ဩစေၾတးလ်က နယ္စပ္ကို ပိတ္ခဲ့ၿပီး အမ်ားျပည္သူဆိုင္ရာ လႈပ္ရွားမႈမ်ား ကို ကန႔္သတ္္ မႈမ်ား ျပ႒ာန္းခဲ့သည္။

ဩစေၾတးလ် သည္ ကိုရိုနာ ဗိုင္းရပ္္စ္္ ကူးစက္္မႈ ကို ထိန္းခ်ဳပ္ရာတြင္ ေအာင္ျမင္ေနေသာ္လည္း အနိုင္မရေသးေၾကာင္း ဟန႔္က ေျပာၾကား ခဲ့သည္။ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ လူေသဆုံးမႈ မျဖစ္မီကပင္ ကမၻာ့တြင္ အတင္းက်ပ္ဆုံး ပိတ္ဆို႔မႈကို က်င့္သုံးခဲ့ေသာ အိမ္နီးခ်င္း နယူးဇီလန္္ သည္ ဗိုင္းရပ္စ္ ကို ႏွိမ္နင္းရာတြင္ ပို၍ေအာင္ျမင္ေန ခဲ့သည္ ။ နယူးဇီလန္သည္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ ၁,၀၉၈ ႏွင့္ ေသ ဆုံး သူ (၁၁) ဦးရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန သတင္းအခ်က္ အလက္မ်ား က ဆိုသည္္ ။

crd:Eleven media

Unicode

Covid 19ဗိုင်းရပ်စ် ကို တရုတ် ၏ ကိုင်တွယ် ဖြေရှင်းမှု သည် ပွင့်လင်းမြင် သာမှုမရှိကြောင်း ဩစတြေးလျ က မေးခွန်းထုတ်ခဲ့ပြီး ဗိုင်းရပ်စ်၏ ဇာစ်မြစ် ကို နိုင်ငံ တကာ က စုံစမ်းဖော် ထုတ်ရန် တောင်း ဆိုခြင်းဖြင့် တရုတ် ကို ဖိအား ထပ်ပေး ခဲ့ သည် ။ ကိုရိုနာဗိုင်းရပ်စ် သည် ယမန်နှစ် က တရုတ်အလယ်ပိုင်း ဝူဟန်ရှိ တောရိုင်း တိရစ္ဆာန်များ ရောင်းချ သည့်ဈေး မှ စတင် ပေါ်ထွက် ခဲ့ သည် ဟု ယုံကြည် ထားကြ သည် ။

ထိုဗိုင်း ရပ်စ် သည် ကမ္ဘာ တစ်ဝန်းသို့ ပျံ့နှံ့ကာ လူပေါင်း (၂.၃) သန်းကျော် ကို ကူးစက် ထားပြီး ယင်းတို့ အနက် လူ (၁၆၀,၀၀၀) နီးပါး ကို သေဆုံးစေ ခဲ့ကြောင်း ရိုက်တာ သတင်း အေဂျင်စီ က တွက်ချက် ထားသည် ။ တရုတ် ၏ပွ င့်လင်းမြင်သာ ရှိမှုကို စိုးရိမ်မှုသည် အလွန်ကြီး မားကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရိစ်ပိုင်းက ABC သို့ ပြောကြား ခဲ့သည်။

ဩစတြေးလျ သည် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ( ၆,၅၈၆ ) ဦး ရှိထားပြီး နိုင်ငံ၏ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲမှု မရှိစေခဲ့ဘဲ ထိန်းချုပ်နိုင်ခဲ့သည်။ ဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ရှာတွေ့မှုသည် ၁ ရာခိုင်နှုန်းအောက် သို့ ရောက်ခဲ့သည် မှာ ၇ ရက်ဆက်တိုက် ရှိပြီ ဖြစ်ပြီး အခြားနိုင်ငံ အများစုထက် နည်းပါးခဲ့သည်။

ဩစတြေးလျနှင့် ၎င်း၏ အကြီးဆုံး ကုန်သွယ်ဘက် တရုတ်တို့ အကြား ဆက်ဆံရေး အဆိုးဆုံးဖြစ်နေချိန် တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ် ပွားမှုကို စုံစမ်းဖော်ထုတ်ရန် ဩစတြေးလျ က တောင်းဆိုခဲ့ခြင်း ဖြစ်သည် ။အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က တရုတ် ကို ဝေဖန်မှု အရှိန် တက်နေချိန်မှာပဲ ဩစတြေးလျ၏ စုံစမ်းဖော်ထုတ်ရန် တောင်းဆိုမှု ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် မှု ဖြစ်ပွားခဲ့ပြီးနောက် တရုတ်၏ ပွင့်လင်းမြင်သာ မရှိမှုကို ထရန့်နှင့် ထိပ်တန်းလက်ထောက်များက စွပ်စွဲထား ကြပြီး တရုတ်က စွပ်စွဲချက်များကို ပယ်ချကာ ဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်၍ ပွင့်လင်းစွာ ဆောင်ရွက်ခဲ့ပြီး ကမ္ဘာကို သတိပေး ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) သည် တရုတ် ဘက် ယိမ်းသော ချဉ်းကပ်မှုနှင့် ဆောင်ရွက်ခဲ့ကြောင်း ထရန့်က စွပ်စွဲခဲ့ပြီး လွန်ခဲ့ သည့် သီတင်းပတ်က ရန်ပုံငွေ အထောက်အပံ့ဖြတ်တောက်ခဲ့သည်။ WHO က စွပ်စွဲချက် ကို ပယ်ချခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ် သက် ပြီး WHO ၏ တုံ့ပြန်ဆောင်ရွက်မှု သည် ကမ္ဘာအတွက် အ‌ထောက်အကူ မဖြစ်ခဲ့ကြောင်း ဩစတြေးလျ ကျန်းမာရေးဝန်ကြီး ဂရက်ဟန့်က ဝေ ဖန်ခဲ့သည်။

“ ကျွန်တော် တို့ နိုင်ငံတစ် နိုင်ငံအနေ နဲ့ ကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ် ဆောင်ရွက်ခဲ့တာကြောင့် ကောင်းကောင်းမွန်မွန် ဖြစ်ခဲ့တာပါ ”ဟု ဟန့် က သတင်း စာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည် ။ဩစတြေးလျသည် WHO ၏ အကြံပြုချက် ကို ဆန့်ကျင်ပြီး ဖေဖော်ဝါရီ ၁ တွင် တရုတ်မှ ရောက် လာသူ အားလုံးကို ပိတ်ပင်ခဲ့သည် ။ နောက်ပိုင်း တွင် ဩစတြေးလျက နယ်စပ်ကို ပိတ်ခဲ့ပြီး အများပြည်သူဆိုင်ရာ လှုပ်ရှားမှုများ ကို ကန့်သတ် မှုများ ပြဋ္ဌာန်းခဲ့သည်။

ဩစတြေးလျ သည် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ကို ထိန်းချုပ်ရာတွင် အောင်မြင်နေသော်လည်း အနိုင်မရသေးကြောင်း ဟန့်က ပြောကြား ခဲ့သည်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူသေဆုံးမှု မဖြစ်မီကပင် ကမ္ဘာ့တွင် အတင်းကျပ်ဆုံး ပိတ်ဆို့မှုကို ကျင့်သုံးခဲ့သော အိမ်နီးချင်း နယူးဇီလန် သည် ဗိုင်းရပ်စ် ကို နှိမ်နင်းရာတွင် ပို၍အောင်မြင်နေ ခဲ့သည် ။ နယူးဇီလန်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ၁,၀၉၈ နှင့် သေ ဆုံး သူ (၁၁) ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းအချက် အလက်များ က ဆိုသည် ။

crd:Eleven media

Add a Comment

Your email address will not be published. Required fields are marked *