တောင်တရုတ်ပင်လယ် အုပ်ချုပ်ရေး လူလုပ်ကျွန်းများ တည်ဆောက်ကာ စစ်အင်အားတိုးချဲ့မှု အရှိန်မြှင့်လုပ်ဆောင်နေတဲ့ တရုတ်


စစ်အင်အားတိုးချဲ့မှုများ တရုတ် အရှိန်မြှင့်လုပ်ဆောင်


စစ်အင်အားတိုးချဲ့မှုများ တရုတ် အရှိန်မြှင့်လုပ်ဆောင်


စစ်အင်အားတိုးချဲ့မှုများ တရုတ် အရှိန်မြှင့်လုပ်ဆောင်


စစ်အင်အားတိုးချဲ့မှုများ တရုတ် အရှိန်မြှင့်လုပ်ဆောင်



Source;NHK

အငြင်းပွားမှုတွေ ဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ် မှာ မကြာသေးခင်က ကျွန်းတွေနဲ့ ကျောက်တန်းတွေကို အုပ်ချုပ်ဖို့အတွက် ‌နယ်မြေဒေသနှစ်ခု တည်ထောင်ခွင့်ပြုခဲ့ တယ် လို့ တရုတ်နိုင်ငံက ပြောဆိုပြီး ယင်းဧရိယာအပေါ် အချုပ်အခြာ အာဏာပိုင်တယ်လို့ အခိုင်အမာပြောဆိုချင်ပုံ ရပါ တယ်။

ဟိုင်နန် (Hainan) ပြည်နယ်၊ စန်းရှ (Sansha) မြို့မှာ နယ်မြေဒေသ အသစ်နှစ်ခု ဖွဲ့စည်းမယ့် အစီအစဉ်ကို တရုတ် အစိုးရက စနေနေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီ ဒေသကို စန်းရှ မြို့ က အုပ်ချုပ်နေတယ်လို့ တရုတ်အစိုးရက အစောပိုင်းမှာ ပြောကြား ခဲ့ပါတယ်။

အဲဒီဒေသသစ်တွေထဲက တစ်ခုက Paracel ကျွန်းစု တွေထဲက ကျွန်းတွေနဲ့ ကျောက်တန်းတွေက အုပ်ချုပ်ရေးဇုံထဲမှာ ပါဝင်မှာ ဖြစ်ပြီး နောက်ဒေသတစ်ခုက Spratly ကျွန်းစုတွေ က အုပ်ချုပ် ရေးဇုံထဲမှာ ပါမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ဒေသ တစ်ခုစီမှာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ရှိမှာ ဖြစ်တယ်လို့ တရုတ်က ပြောပါတယ်။ Spratly ကျွန်းစုရဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က မြေ ပြန်လည် ပြုပြင်ပြီး ခိုင်ခန့်အောင် ပြင်ဆင်ထားတဲ့ Fiery Cross Reef ကျွန်းပေါ်မှာ အခြေချမှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင် နိုင်ငံတွေ နဲ့ နယ်မြေ အငြင်းပွားမှုတွေ ဖြစ်နေတဲ့ကြားက တောင်တရုတ် ပင်လယ်ထဲမှာ လူလုပ်ကျွန်းတွေ တည်ဆောက်ခြင်း စတဲ့ သူ့ရဲ့ စစ်အင်အားတိုးချဲ့မှုတွေကို တရုတ်နိုင်ငံက ဆက်လက် တိုးမြင့် လုပ်ဆောင်နေပါတယ်။

ကမ္ဘာ တစ်ဝန်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကြားက တရုတ်နိုင်ငံရဲ့ ဒီလှုပ်ရှားမှု အသစ်တွေက နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ဖြစ်ပေါ် လာစေနိုင်ပါတယ်။

Source;NHK

Add a Comment

Your email address will not be published. Required fields are marked *