ကိုရိုနာဗိုင္းရပ္စ္ပိုး အမ်ိဳးသားမ်ားရဲ႔ ေဝွးေစ့အတြင္းမွာ ပုန္းခိုေနေထိုင္ေနေျကာင္း သုေတသီမ်ားေတြ႕ရွိ

ကိုရိုနာ ဗိုင္းရပ္စ္ဟာ ေဝွးေစ့အတြင္းမွာ ပုန္းခိုေနထိုင္နိုင္ျခင္းေၾကာင့္ အမ်ိဳးသားေတြ မွာ ပိုမိုရွည္ၾကာၿပီး ပိုမိုျပင္းထန္တဲ့ ဖ်ားနာမႈေတြ ျဖစ္ရေလ့ ရွိေၾကာင္း ေလ့လာမႈ အသစ္မ်ား အရ သိရ ပါတယ္။

COVID-19 ရဲ႕ လိင္ခြဲျခားမႈ ကို ေလ့လာနိုင္ဖို႔ သုေတသနေလ့လာသူမ်ားေတြဟာ အိႏၵိယနိုင္ငံ မြန္ဘိုင္းၿမိဳ႕မွာ ျပန္လည္ ေကာင္းမြန္လာတဲ့ လူနာ ၆၈ ေယာက္ကို ေျခရာခံ ေလ့လာၾကည့္တဲ့ အခါ COVID-19 ဟာ အမ်ိဳးသားေတြအေပၚ ပိုမိုဆိုး႐ြားေၾကာင္း MedRxix မွာ ေဖာ္ျပထား တဲ့ စစ္တမ္းေတြ အရ သိရပါတယ္။

အမ်ိဳးသားေတြ ရဲ႕ ေဝွးေစ့ေတြဟာ ကိုယ္ခံ အားစနစ္ သက္ေရာက္နိုင္တဲ့ စြမ္းအား မရွိတဲ့အတြက္ ဗိုင္းရပ္စ္ဟာ ခႏၶာကိုယ္ရဲ႕ တျခား အစိတ္အပိုင္းေနရာေတြထက္ ေဝွးေစ့မွာ အခ်ိန္ၾကာျမင့္တဲ့ အထိ ေနနိုင္ေၾကာင္း ေလ့လာမႈ ေတြအရ သိရ ပါတယ္။

အမ်ိဳးသားမ်ားရဲ႕ ေ၀ွးေစ့ ကိုရိုနာဗိုင္းရပ္စ္ ခုခံမႈမွာ အဓိက အားနဲခ်က္ျဖစ္လာ ဟု သုေတသီမ်ားဆို

ဒါေၾကာင့္ လည္း အခု ရွာေဖြေတြ႕ရွိမႈဟာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားမ်ားထက္ ဗိုင္းရပ္စ္ရန္ကို ပိုၿပီးျမန္ျမန္ဆန္ဆန္ တြန္းလွန္နိုင္တယ္လို႔ အိႏၵိယနိုင္ငံ၊ မြမ္ဘိုင္းရွိ Kasturba ေဆး႐ုံမွ သုေတသန ပညာရွင္ ေဒါက္တာ Aditi Shastri နဲ႕ သူ႕မိခင္ ေဒါက္တာ Jayanthi Shastri တို႔က ေျပာပါတယ္။

အမ်ိဳးသမီးလူနာေတြ အတြက္ ဗိုင္းရပ္စ္ကင္းစင္ဖို႔ ၾကာျမင့္ခ်ိန္က ပွ်မ္းမွ်အေနနဲ႕ ၄ ရက္သာျဖစ္ေပမယ့္ အမ်ိဳးသားေတြအတြက္ကေတာ့ နလန္ ျပန္ထူနိုင္ဖို႔က ပွ်မ္းမွ်အားျဖင့္ ၂ ရက္ ပိုမိုၾကာျမင့္နိုင္တယ္ လို႔ အစီရင္ခံစာ က ဆို ပါတယ္။

အဆိုပါ ေလ့လာေတြ႕ရွိခ်က္မ်ား အရ အထီးမ်ားက ဗိုင္းရပ္စ္ ဖယ္ထုတ္ရွင္းလင္းရာမွာ ေႏွာင့္ေႏွး ၾကန႔္ ၾကာတတ္ေၾကာင္း ျပဆိုေနၿပီး အမ်ိဳးသားေတြရဲ႕ေဝွးေစ့ေတြကေတာ့ ဗိုင္းရပ္စ္ေတြ စုစည္း သိုမွီးရာေနရာအျဖစ္ လုပ္ေဆာင္ေပးေနတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ လည္း အီတလီ၊ ေတာင္ကိုရီးယားႏွင့္ နယူးေယာက္ၿမိဳ႕တို႔မွာ ဗိုင္းရပ္စ္ေၾကာင့္ အမ်ိဳးသား ေသဆုံးႏႈန္းေနရတာ ျဖစ္ပါ တယ္။ အမ်ိဳးသားေတြအေနနဲ႕ ခံနိုင္ရည္ ပိုမိုနည္းပါးရျခင္း အေၾကာင္းကေတာ့ ေဆး လိပ္ေသာက္ျခင္း၊ ေသြးတိုးေရာဂါရွိျခင္း ဒါမွမဟုတ္ ႏွလုံးေသြးလႊတ္ေၾကာဆိုင္ရာ ေရာဂါခံစားရျခင္းတို႔ေၾကာင့္ ျဖစ္နိုင္တယ္ လို႔ ဆိုပါတယ္။ဧရာ၀တီ

Unicode

ကိုရိုနာဗိုင်းရပ်စ်ဟာ ဝှေးစေ့အတွင်းမှာ ပုန်းခိုနေထိုင်နိုင်ခြင်းကြောင့် အမျိုးသားတွေမှာ ပိုမိုရှည်ကြာပြီး ပိုမိုပြင်းထန်တဲ့ ဖျားနာမှုတွေ ဖြစ်ရလေ့ရှိကြောင်း လေ့လာမှု အသစ်များအရ သိရပါတယ်။

COVID-19 ရဲ့ လိင်ခွဲခြားမှုကို လေ့လာနိုင်ဖို့ သုတေသနလေ့လာသူများတွေဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ပြန်လည် ကောင်းမွန်လာတဲ့ လူနာ ၆၈ ယောက်ကို ခြေရာခံ လေ့လာကြည့်တဲ့အခါ COVID-19 ဟာ အမျိုးသားတွေအပေါ်ပိုမိုဆိုးရွားကြောင်း MedRxix မှာ ဖော်ပြထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။

အမျိုးသားတွေရဲ့ ဝှေးစေ့တွေဟာ ကိုယ်ခံ အားစနစ် သက်ရောက်နိုင်တဲ့ စွမ်းအား မရှိတဲ့အတွက် ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းနေရာတွေထက် ဝှေးစေ့မှာ အချိန်ကြာမြင့်တဲ့အထိ နေနိုင်ကြောင်း လေ့လာမှု တွေအရ သိရ ပါတယ်။

ဒါကြောင့်လည်း အခု ရှာဖွေတွေ့ရှိမှုဟာ အမျိုးသမီးတွေဟာ အမျိုးသားများထက် ဗိုင်းရပ်စ်ရန်ကို ပိုပြီးမြန်မြန်ဆန်ဆန် တွန်းလှန်နိုင်တယ်လို့ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းရှိ Kasturba ဆေးရုံမှ သုတေသနပညာရှင် ဒေါက်တာ Aditi Shastri နဲ့ သူ့မိခင် ဒေါက်တာ Jayanthi Shastri တို့က ပြောပါတယ်။

အမျိုးသမီးလူနာတွေအတွက် ဗိုင်းရပ်စ်ကင်းစင်ဖို့ ကြာမြင့်ချိန်က ပျှမ်းမျှအနေနဲ့ ၄ ရက်သာဖြစ်ပေမယ့် အမျိုးသားတွေအတွက်ကတော့ နလန် ပြန်ထူနိုင်ဖို့က ပျှမ်းမျှအားဖြင့် ၂ ရက် ပိုမိုကြာမြင့်နိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အဆိုပါ လေ့လာတွေ့ရှိချက်များအရ အထီးများက ဗိုင်းရပ်စ် ဖယ်ထုတ်ရှင်းလင်းရာမှာ နှောင့်နှေး ကြန့် ကြာတတ်ကြောင်း ပြဆိုနေပြီး အမျိုးသားတွေရဲ့ဝှေးစေ့တွေကတော့ ဗိုင်းရပ်စ်တွေ စုစည်း သိုမှီးရာနေရာအဖြစ် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း အီတလီ၊ တောင်ကိုရီးယားနှင့် နယူးယောက်မြို့တို့မှာ ဗိုင်းရပ်စ်ကြောင့် အမျိုးသား သေဆုံးနှုန်းနေရတာ ဖြစ်ပါ တယ်။ အမျိုးသားတွေအနေနဲ့ ခံနိုင်ရည် ပိုမိုနည်းပါးရခြင်း အကြောင်းကတော့ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးရောဂါရှိခြင်း ဒါမှမဟုတ် နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါခံစားရခြင်းတို့ကြောင့် ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *