အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံးစံချိန်တင် နိုင်ငံဖြစ်လာတဲ့ စကာင်္ပူ


အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံးစံချိန်တင် နိုင်ငံဖြစ်လာတဲ့ စကာင်္ပူ



အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံးစံချိန်တင် နိုင်ငံဖြစ်လာတဲ့ စကာင်္ပူ



Source – CNA
ref:TheFifthWaveNews

Unicode

စင် ကာပူနိုင်ငံ မှာ COVID-19 အတည်ပြုလူနာ ၁၄၂၆ ယော်က ထပ်တိုးပြီး တစ်နိုင်ငံလုံး မှာ ကူးစက်ခံရသူ ၈၀၁၄ ယောက်ရှိလာ ပါတယ် ။ကူးစက်ခံရသူအများစုဟာ အလုပ်အကိုင်ခွင့်ပြု ချက် နဲ့ အဆောင်တွေ မှာ နေတဲ့ နိုင်ငံခြား လုပ်သားတွေဖြစ်တယ် လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီး ဌာနထုတ်ပြန်ချက် မှာ ပါဝင်ပါ တယ် ။

ထပ်တိုး အတည်ပြု ၁၆ ယောက် ဟာ စင်ကာပူနိုင်ငံသားတွေ နဲ့ အမြဲတမ်းအခြေချနေထိုင်သူတွေဖြစ်ပါတယ်။စင်ကာပူဟာ အရှေ့တောင်အာရှမှာ ကူးစက်မှုအများဆုံးရှိနေတဲ့နိုင်ငံဖြစ်လာပြီး ကူးစက်ခံရသူ ၆၅၇၅ ယောက်ရှိနေ တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ကူးစက်ခံရသူ ၆၄၅၉ ယောက်ရှိတဲ့ဖိလစ်ပိုင်နိုင်ငံ တို့ကိုကျော်လွန်သွားပါပြီ ။

နိုင်ငံ မှာ COVID-19 ကူးစက်ခံရမှုတွေမြင့်တက်လာလို့ နိုင်ငံခြားသားလုပ်သားတွေနေတဲ့အဆောင် ၁၈ ဆောင်ကို သီးသန့်ခွဲထားတဲ့နေရာတွေအဖြစ်သတ်မှတ်လိုက်ပါတယ်။တနင်္ဂနွေနေ့အထိ ပန်ဂေါက အဆောင် S11 မှာ ကူးစက်မှု အများဆုံးဖြစ်နေပြီး ကူးစက်ခံရသူ ၁၅၀၈ ယောက်ရှိနေပါတယ်။

ဒုတိယ အများဆုံးနေရာ ကတော့ ဆန်ဂေးတန်ဂါကအဆောင်ဖြစ်ပြီး ၅၂၁ ယောက်ရှိနေပါတယ်။ အလုပ်ခွင့်ပြုချက်ရထားသူတွေနဲ့ S Pass ကိုင်ဆောင်ထားတဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင် လူတွေကို မေ ၄ ရက် အထိ အိမ်ထဲမှာနေဖို့ညွှန်ကြားချက် ထုတ်ထား ပါတယ် ။

မကြာသေးခင်က ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့နိုင်ငံခြားလုပ်သားတွေဟာ အဆောင်တွေမှာ ရှိတာများနေတယ် ဆိုတာ စင်ကာပူ လူ့စွမ်းအားဝန်ကြီးဌာနနဲ့ တည်ဆောက်ရေးနှင့်ဆောက်လုပ်ရေး အာဏာပိုင်အဖွဲ့ တို့က အသိအမှတ်ပြုထား ပါတယ် ။

Source – CNA
ref:TheFifthWaveNews

Add a Comment

Your email address will not be published. Required fields are marked *