Covid-19 ၏ မူလ ဇာစ္ျမစ္ တိရစာၦန္ဆီက ျဖစ္နိုင္ ဟု (WHO) အခိုင္အမာ ေျပာ

ကိုရိုနာ ဗိုင္းရပ္စ္ဟာ ဓာတ္ခြဲခန္း တခုမွာ၊ သို႔မဟုတ္ တေနရာရာ မွာ ဖန္တီး ခဲ့တဲ့ ဗိုင္းရပ္စ္ မဟုတ္ဘဲ သူ႕မူလ ဇာစ္ျမစ္ ဟာ တိရစာၦန္ေတြဆီက ျဖစ္နိုင္တယ္ လို႔ အေထာက္အထားေတြ အားလုံးက ျပသေန တယ္ လို႔ ကမာၻ႔ က်န္းမာေရး အဖြဲ႕ WHO ေျပာခြင့္ရပုဂၢိဳလ္က ဧၿပီလ ၂၁ ရက္ မွာ ေျပာၾကား လိုက္ ပါ တယ္။

Covid-19 ၏ မူလ ဇာစ္ျမစ္ တိရစာၦန္ဆီက ျဖစ္နိုင္ ဟု (WHO) အခိုင္အမာ ေျပာ

ဧၿပီ ၂၁ ရက္ေန႕ က ဂ်ီနီဗာ မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခြင့္ပုဂၢိဳလ္ ဖဒီလာခ်ာအစ္ Fadela Chaib က မိမိတို႔ WHO အဖြဲ႕ဟာ သိပၸံပညာ ကို အေျခခံတဲ့အဖြဲ႕အစည္း ျဖစ္ၿပီး၊ ဒီဗိုင္းရပ္စ္ ရဲ႕ မူလ အစဟာ လင္းနို႔ေတြဆီကေနလာတာ ျဖစ္နိုင္ေခ်မ်ားေၾကာင္း၊ ဒါေပမဲ့ လင္းနို႔ေတြဆီကေန လူသားဆီ ကူးစက္လာပုံ ကိုေတာ့ ရွာေဖြေနဆဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ သူက WHO ဟာ ဒီဗိုင္းရပ္စ္ ရဲ႕ မူလဇာစ္ျမစ္ကို ရွာေဖြေနတဲ့ နိုင္ငံအားလုံးကို ႀကိဳဆိုၿပီး၊ တ႐ုတ္ျပည္က ကြၽမ္းက်င္သူေတြ အပါအဝင္ တျခား အလုပ္လုပ္ေနတဲ့ အုပ္စုေတြဟာလည္း တက္ႂကြစြာ အလုပ္လုပ္ေနတယ္လို႔ ေျပာတာကို ရိုက္တာသတင္းက ေဖာ္ျပထား ပါတယ္။

Source;DVB

Unicode

ကိုရိုနာ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်း တခုမှာ၊ သို့မဟုတ် တနေရာရာမှာ ဖန်တီး ခဲ့တဲ့ ဗိုင်းရပ်စ်မဟုတ်ဘဲ သူ့မူလ ဇာစ်မြစ် ဟာ တိရစ္ဆာန်တွေဆီက ဖြစ်နိုင်တယ် လို့ အထောက်အထားတွေ အားလုံးက ပြသနေ တယ် လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီလ ၂၁ ရက် မှာ ပြောကြားလိုက် ပါတယ်။

ဧပြီ ၂၁ ရက်နေ့ က ဂျီနီဗာ မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ပုဂ္ဂိုလ် ဖဒီလာချာအစ် Fadela Chaib က မိမိတို့ WHO အဖွဲ့ဟာ သိပ္ပံပညာ ကို အခြေခံတဲ့အဖွဲ့အစည်း ဖြစ်ပြီး၊ ဒီဗိုင်းရပ်စ် ရဲ့ မူလ အစဟာ လင်းနို့တွေဆီကနေလာတာ ဖြစ်နိုင်ချေများကြောင်း၊ ဒါပေမဲ့ လင်းနို့တွေဆီကနေ လူသားဆီ ကူးစက်လာပုံ ကိုတော့ ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူက WHO ဟာ ဒီဗိုင်းရပ်စ် ရဲ့ မူလဇာစ်မြစ်ကို ရှာဖွေနေတဲ့ နိုင်ငံအားလုံးကို ကြိုဆိုပြီး၊ တရုတ်ပြည်က ကျွမ်းကျင်သူတွေ အပါအဝင် တခြား အလုပ်လုပ်နေတဲ့ အုပ်စုတွေဟာလည်း တက်ကြွစွာ အလုပ်လုပ်နေတယ်လို့ ပြောတာကို ရိုက်တာသတင်းက ဖော်ပြထား ပါတယ်။

Source;DVB

Add a Comment

Your email address will not be published. Required fields are marked *