ကျန်းမာရေးဝန်ကြီးဌာန လူကြီးမင်းများကို အချက်ကျကျ မေးခွန်းထုတ် လိုက်တဲ့ ဆရာဝန်လေး

မြန်မာပြည်မယ် ကိုဗစ် စဖြစ်ဖြစ်ချင်းမှာ စတွေ့တဲ့ လူနာနံပါတ် ( ၁ ) ကိုတီးတိန် ရဲ့ ထိတွေ့မှု ရာဇဝင်ဟာ ဖတ်ဖူးသမျှထဲ အပြည့်စုံဆုံးဘဲ ။ လုံးဝကို အသေးစိတ်ပါတယ် ။ ပြည်သူတွေ လုံးဝ မသိခဲ့ရတဲ့ ကိစ္စက ဒီ လူနာနံပါတ် (၁) ရဲ့ အနီးကပ် ထိစပ်သူတွေ ကို နှာခေါင်းတို့ဖတ် မယူထားဘူး ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး ။ နောက်ဆုံး PSI က ဆရာဝန်ကထအော်မှ ပြည်သူအားလုံး သိခွငိ့ရတယ် ။

ဒီတော့မှ ဒီ ထိတွေ့လူနာတွေကို စစ်တော့ နောက်ထပ် တိတ်တ ဆိတ်သယ်ဆောင်သူတွေ အများကြီးပေါ်လာ တယ် ။ ပထမဆုံး တွေ့တဲ့ လူနာ ရဲ့ ထိတွေ့သူ တွေကို ကျန်းမာရေး ဝန်ကြီးဌာနက မစစ်ဘဲ ဘာလို့ လွှတ်ထားရသလဲ ။ ဒါ ဆေးပညာဆိုင်ရာ လျစ်လျူရှုမှုပါဘဲ ။ သူများနိုင်ငံမှာဆိုရင် တရားတောင် စွဲလို့ရတယ် ။

ကျန်းမာရေးဝန်ကြီးဌာန လူကြီးမင်းများကို အချက်ကျကျ မေးခွန်းထုတ် လိုက်တဲ့ ဆရာဝန်လေး

အဲ့ဒီတုံးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက် အရ မစစ်တာပါလို့ ငြင်းချက်ထုတ်ချင်လား ။ ဟုတ်ပြီ ။ ဒါဆိုရင် လူနာနံပါတ် (၁) နဲ့ တရက်တညိး ကြေညာခဲ့တဲ့ လူနာနံပါတ် (၂) ဘိလပ်ပြန် မောင်သောင်းဖေကိုကျ ဘာရောဂါ လက္ခဏာ မှ မရှိဘဲ ဘာလို့ ကောက်စစ်သလဲ ။ ပြောမယ်ဆို လူနာနံပါတ် (၂) သည် နိုင်ငံခြားပြန်ဆိုတဲ့ သတ်မှတ်ချက်ဘဲ ရှိတယ် ။ အဖျား မရှိဘူး ။ ရောဂါလက္ခဏာ မရှိဘဲ ကျန်းမာနေသူ သူ့ကို ဘာလို့ စစ်သလဲ ? အဲ့ဒီနေ့ကတည်းက ကျွန်တော် ဒီမေးခွန်းမေးခဲ့တယ် ။

ကာယကံရှင်က တောင်းဆိုလို့လား ..? ကာယကံရှင်က တောင်းဆိုတယ် ဆိုရင် အခု လူနာနံပါတ် ၁၂၁ ကျ လူနာဘက်က နှစ်ခါတောင် တောင်းဆိုတယ်လေ။ သူ့ကျ ဘာလို့ မစစ်ပေးကြသလဲ ။ နိုင်ငံခြားပြန်မို့လို့လား ? နိုင်ငံခြားပြန်ချင်း အတူတူတောင် တခြားနိုင်ငံခြားပြန်တွေကျ မစစ်ဘဲ ဘာလို့လူနာနံပါတ် ၂ ကိုဘဲ ရွေးစစ်သလဲ ။ ပြောမယ်ဆို တိတ်တဆိတ် သယ်ဆောင်သူ ဆိုတာ လူနာနံပါတ် (၂) ကတည်းက စတာဗျ ။ အခုမှသာ လူတွေက ပြူးတူးပြဲတဲ လုပ်နေကြလို့ ဘိလပ်ပြန်မောင်သောင်းဖေကို ဘာကြောင့်စစ်ရသလဲ ဆိုတဲ့ အကြောင်းပြချက် အခုချိန်ထိ ကျန်းမာရေးဝန်ကြီးဌာနက မရှင်းပြသေးဘူး ။ ရူးချင်ယောင်ဆောင်နေတယ် ဒီမေးခွန်း အဖြေကို ကျွန်တော်တို့ သိချင်တယ် ။

ကျန်းမာရေးဝန်ကြီးဌာန လူကြီးမင်းများကို အချက်ကျကျ မေးခွန်းထုတ် လိုက်တဲ့ ဆရာဝန်လေး

လူနာနံပါတ် (၂) ဘိလပ်ပြန်မောင်သောင်းဖေကို စစ်လို့ အပြစ်ပြောနေတာ မဟုတ်ဘူးနော် တနေ့တည်း ပိုးတွေ့တဲ့ လူအချင်းချင်းမှာကို ရန်ကုန်မှာကျ ဘာရောဂါလက္ခဏာမပြတဲ့ လူကိုစစ်ပြီး တီးတိန် နဲ့ ကလေးမြို့ကျ ထိတွေ့သူ တွေကို ဘာလို့ မစစ်သလဲ ။ အဲ့ဒီတုံးက လမ်းညွှန် အတိုင်းလုပ်တယ်ဆိုရင် ရန်ကုန်ကျ တမျိုး တီးတိန် ကျ တမျိုးလား တာဝန်ရှိသူတွေ ဖြေပါ ။ ဒီမေးခွန်းတွေကို မီဒီယာတွေက ဖိပြီး မေးသင့်တယ်ဗျ ။ မေးဖြစ်ရင် သိပ်ကောင်းမယ်။

လူနာ နံပါတ် (၁) ရဲ့ ထိတွေကူ တွေကို တို့ဖတ် မယူခဲ့လို့ အခု ကလေးမှာ နောက်ထပ် လူနာအသစ်တွေ ထပ်တွေ့တယ် ။ ဒါကို ဘယ်သူက တာဝန်ယူ တာဝန်ခံမှာလဲ ။ အဲ့ဒီ မြို့နယ်တွေရဲ့ ကျန်းမာရေးအရာရှိ တွေလား ? တိုင်းဦးစီး တွေလား ? ဗဟိုက လူတွေလား ? ဒီ မေးခွန်းမေးရင် အကုန်လုံးက ကျွန်တော့ ကို မျက်စောင်းတခဲခဲနဲ့ ဝိုင်းဆဲ ကြလိမ့်မယ် ။ နောက်ပြီး ထုံးစံအတိုင်း ဘောလီဘော ပုတ်ကြမှာဘဲ ။ ရိုးရာမပျက်ပေါ့လေ။

ဒီ တော့ သင်ခန်းစာတခုယူဖို့က အောက်ခြေက ကျန်းမာရေးအရာရှိ တွေ၊ ဆရာဝန်တွေ၊ စောင့်ကြည့်ခံနေရတဲ့ ကျန်းမာရေး အရာရှိတွေ သံသယဝင်တယ် ဆိုရင်စစ်သာစစ်ကြပါ ။ အမုန်းခံ အဆဲခံပြီး VTM တွေတောင်းကြပါ ။ စစ်ကြပါ ။ ကိုယ့် အပိုင်ထဲကနေ မတော်လို့ အချိန်လွန်ပြီးမှ ပိုးတွေ့တဲ့သူ ထွက်လာရင် ( အခု တောင်ကြီးက လူနာ နှစ်ယောက် လိုမျိုး ) ဘယ်သူမှ လာမကယ်ဘူး ဘောလီဘောပုတ်ပြီး အကုန်ထိုးချမယ့်လူတွေချည်းဘဲ ။ ဒီတော့ မိမိကိုယ်သာ ကိုးကွယ်ရာပါနော် ဆရာတို့ ဆရာမတို့ ကပ်ဘေးကာလမှာ ကိုယ့်ကိုလာပြီး ကပ်ဆိုက်ခြင်းမှ ကင်းဝေးအောင် များများစစ်ကြပါ ။ စစ်မယ် လုပ်ပြီးမှ စစ်ဖို့ VTM အလုံအလောက် မရှိရင်တော့လည်း ဆရာတို့ ဆရာမတို့ ကံပေါ့ ခစ် ခစ်

Soe Thuya Zaw

Add a Comment

Your email address will not be published. Required fields are marked *