ကိုဗစ် ဟာ တာဝေးပြေးပွဲကြီးမို့ ပြည်သူများ ခံနိုင်ရည်မွေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး ဗဟို ကော်မတီ က ထုတ်ပြန်ထား တဲ့ စည်းမျဉ်း၊ ညွှန်ကြားချက် တွေကို ဧပြီလ( ၃၀ ) ရက်နေ့ မှ မေလ ( ၁၅ )ရက်နေ့ အထိ တိုးမြှင့် သတ် မှတ် ဖို့ဆုံးဖြတ် ခဲ့ ပါ တယ် ။

ကျွန်မတို့ပြည်သူတွေ စိတ်မောသွားကြပြီ လား ။ တာဝေးပြေးပွဲကြီး ဆိုတော့ ခံနိုင်ရည် မွေးရမှာပါပဲ။ ယခုထိ ဘယ်နိုင်ငံမှ COVID-19 ရောဂါ ပြဿနာကို အောင်နိုင်ပြီလို့ မပြောနိုင်သေး ပါဘူး။ အချို့ နိုင်ငံတွေ ဆိုရင် ပထမလှိုင်း ကျသွားပြီးလို့ ဒုတိယလှိုင်းထလာပြီ လို့တောင်ဆို ပါတယ် ။

ကိုဗစ် ဟာ တာဝေးပြေးပွဲကြီးမို့ ပြည်သူများ ခံနိုင်ရည်မွေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာနိုင်ငံမှာ COVID ပထမလှိုင်းကြီး တောင် မပြီးပြတ်သေး ပါဘူး။ လှိုင်းထိပ်က ဘယ်လောက်ထိ မြင့်နိုင်မယ်ဆိုတာ မသိနိုင်သေးသလို၊ ဘယ်တော့ ပြန်ကျမယ်ဆိုတာလည်း မသိနိုင်သေးပါဘူး ။ အကောင်းဆုံး ကို မျှော် လင့်ပြီး အဆိုးဆုံး အတွက်လည်းပြင်ထား ရတာပါ။

ဧပြီ(၃၀)ရက်နေ့ထိ စောင့်ဖို့ ပန်ကြားထားလို့ နယ်စပ်မှာ စောင့်နေကြတဲ့ အလုပ်သမား များစွာလည်း ပြန်လာဖို့ရှိပါတယ်။ ကိုယ့်ရပ်၊ ကိုယ့်ရွာကို အေးဆေး လုံခြုံစွာပြန်နိုင်ဖို့ ကျန်းမာရေးအစီအစဉ်တွေ၊ quarantine အစီအစဉ်တွေ၊ ပို့ဆောင်ရေး အစီအစဉ်တွေလည်း ချမှတ်နေပါပြီ။

COVID တိုက်ပွဲကြီး မှာ အရေးပါတဲ့ ကဏ္ဍ ကပါ ဝင်နေတဲ့ စေတနာ့ ဝန်ထမ်းများ ရဲ့အင်အားတွေကို နိုင်ငံတော် အတွက်စနစ်တကျ သုံးနိုင်အောင် ဖွဲ့ဖို့စီစဉ်နေပါတယ်။ အဖွဲ့အတွက် ဆောင်ပုဒ်ကတော့ မေတ္တာ ၊ စာဂ၊ ဝီရိယ ပါ ။

နိုင်ငံ အတွက် မေတ္တာ၊ စာဂ၊ ဝီရိယ။

Add a Comment

Your email address will not be published. Required fields are marked *