ျမန္မာျပည္ ကိုဗစ္ အေျခအေန အ၀ါေရာင္အဆင့္ေက်ာ္ေနျပီဟု ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ေျပာ

ျမန္မာႏိုင္ငံ ရဲ႕ COVID-19 အေျခအေန ဟာ အဝါေရာင္ အဆင့္ေက်ာ္ေနၿပီလို႔ တပ္မေတာ္ သတင္းျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက သုံးသပ္လိုက္ ပါ တယ္။

“လက္ရွိ ျဖစ္ေန တဲ့ အဆင့္ နဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ တပ္မေတာ္အေန နဲ႔ ကန႔္သတ္ခ်က္ေလးေတြ ရွိပါတယ္ ။ အဲဒီ ကန႔္သတ္ခ်က္ကို ျပန္ၾကည့္တာပါ ။ ေဒသ တစ္ခု တည္း မွာ မထိမ္းႏိုင္ မသိမ္းႏိုင္ ျဖစ္ေနၿပီ ဆိုရင္ ကြၽန္ေတာ္တို႔က လိေမၼာ္ေရာင္ အဆင့္သတ္မွတ္ ပါတယ္ ။ အကုန္လုံးမွာ ျဖစ္ေနရင္ အနီေရာင္ အဆင့္ သတ္ မွတ္ တယ္ ။ ခုက ကြၽန္ေတာ္တို႔က ေဒသတစ္ခုလို႔လည္းေျပာလို႔ မရဘူး ။ ေျပာရရင္ ၿမိဳ႕တၿမိဳ႕လုံးဆိုၿပီး ေျပာလို႔ရတဲ့ အဆင့္လဲ မဟုတ္ဘူး ။ ေျပာရရင္ေတာ့ ျပန႔္ႏွံ႔ေနၿပီ ဆိုတဲ့ အဝါေရာင္ အဆင့္ ကိုေတာ့ ေက်ာ္လာၿပီ ။ ဒါေတာ့ေသခ်ာတယ္။ ” လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း

ဧၿပီ ၂၅ ရက္ေန႔က ျပဳလုပ္တဲ့ တပ္မေတာ္ ရွင္းလင္းပြဲ မွာ ေျပာၾကားခဲ့ တာပါ ။

ခုခ်ိန္မွာ ရန္ကုန္ တစ္ၿမိဳ႕တည္းသာမက က်န္တဲ့ ျပည္နယ္နဲ႔တိုင္းကၿမိဳ႕ေတြ မွာ ျပန႔္ႏွံ႔ေနတာျဖစ္ေပမယ့္ အဆင့္ သတ္မွတ္ ခ်က္ကေတာ့ ပညာရွင္ေတြ ဆုံးျဖတ္ရမွာျဖစ္တယ္လို႔ ဆိုပါတယ္။ တပ္မေတာ္ အေနနဲ႔ လက္ရွိ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရး အတြက္ အစိုးရကဖြဲ႕စည္းထားတဲ့ ေကာ္မတီမွာ ပါဝင္ေဆာင္႐ြက္ေနၿပီး လိုအပ္တဲ့ ပစၥည္းကိရိယာေတြ အတြက္လည္း ကူညီပံ့ပိုးေပးေနတယ္ လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက သတင္းစာရွင္းလင္းပြဲ မွာ ေျပာၾကားခဲ့ပါတယ္။

ေလးစားစြာျဖင့္ ခရစ္ဒက္ ———–One News Myanmar

Unicode

မြန်မာ့နိုင်ငံမှာ COVID-19 အခြေအနေ အဝါရောင် အဆင့်ကျော်နေပြီ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြော

မြန်မာနိုင်ငံ ရဲ့ COVID-19 အခြေအနေ ဟာ အဝါရောင် အဆင့်ကျော်နေပြီလို့ တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သုံးသပ်လိုက် ပါတယ်။

“လက်ရှိ ဖြစ်နေတဲ့ အဆင့် နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တပ်မတော်အနေ နဲ့ ကန့်သတ်ချက်လေးတွေ ရှိပါတယ် ။ အဲဒီ ကန့်သတ်ချက်ကို ပြန်ကြည့်တာပါ ။ ဒေသ တစ်ခုတည်းမှာ မထိမ်းနိုင် မသိမ်းနိုင် ဖြစ်နေပြီ ဆိုရင် ကျွန်တော်တို့က လိမ္မော်ရောင် အဆင့်သတ်မှတ် ပါတယ် ။ အကုန်လုံးမှာ ဖြစ်နေရင် အနီရောင် အဆင့် သတ်မှတ်တယ်။ ခုက ကျွန်တော်တို့က ဒေသတစ်ခုလို့လည်းပြောလို့ မရဘူး ။ ပြောရရင် မြို့တမြို့လုံးဆိုပြီး ပြောလို့ရတဲ့ အဆင့်လဲ မဟုတ်ဘူး ။ ပြောရရင်တော့ ပြန့်နှံ့နေပြီဆိုတဲ့ အဝါရောင်အဆင့် ကိုတော့ ကျော်လာပြီ ။ ဒါတော့သေချာတယ်။ ” လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဧပြီ ၂၅ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော် ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ ။

ခုချိန်မှာ ရန်ကုန် တစ်မြို့တည်းသာမက ကျန်တဲ့ ပြည်နယ်နဲ့တိုင်းကမြို့တွေမှာ ပြန့်နှံ့နေတာဖြစ်ပေမယ့် အဆင့် သတ်မှတ် ချက်ကတော့ ပညာရှင်တွေ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ တပ်မတော် အနေနဲ့ လက်ရှိ COVID-19 ကာကွယ်ထိန်းချုပ်ရေး အတွက် အစိုးရကဖွဲ့စည်းထားတဲ့ ကော်မတီမှာ ပါဝင်ဆောင်ရွက်နေပြီး လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အတွက်လည်း ကူညီပံ့ပိုးပေးနေတယ် လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ———–One News Myanmar

Add a Comment

Your email address will not be published. Required fields are marked *