ကိုဗစ္အေရး ကမာၻက တ႐ုတ္ကို လက္ညႇိဳးဝုိင္းထုိးေနခ်ိန္ မွာ သတင္းမီဒီယာေတြ ကို ကင္ဂ်ဳံအန္ဘက္ လႊဲေပး လိုက္ဟု တရုတ္စြပ္စြဲခံေနရ

အခု လက္တေလာ သတင္းေတြမွာေတာ့ ကင္ဂ်ဳံအန္ ေသၿပီ ၊ မေသေသးဘူး ဆုိတဲ့ သတင္းေတြဟာ အၿပိဳင္ျဖစ္ေန ပါတယ္ ။ အေမရိကန္ အိမ္ျဖဴေတာ္ အသုိင္းအဝုိင္း ကေတာ့ အခုအေရးမွာ မယုတ္မလြန္ ေျပာၾကားေန ပါ တယ္ ။ ဆုိရရင္ အေျခအေနမေကာင္းဘူးဆုိတဲ့ စကားကိုေတာင္ အေမရိကန္အာဏာပုုိင္ အသုိင္းအဝုိင္းက အတည္ျပဳထားျခင္း မရွိဘဲ ၊ စုံစမ္းေထာက္လွမ္းေနဆဲ လုိ႔သာ ေျဖခဲ့တာပါ ။

ဒါေပမယ့္ ကန္လြတ္ေတာ္အမတ္ တစ္ေယာက္ကေတာ့ ကင္ဂ်ဳံအန္ဟာ ဦးေႏွာက္အလုပ္မလုပ္ေတာ့တဲ့အတြက္၊ မသန္စြမ္းဘဝ ဒုကၡိတဘဝကိုေရာက္သြားတယ္လုိ႔ ၾကားေၾကာင္း၊ ဟုတ္မဟုတ္ကိုေတာ့ အတည္ျပဳဖုိ႔ ခက္ခဲေပမယ့္၊ ေသဆုံးတယ္ဆုိတဲ့သတင္းကေတာ့ မျဖစ္ႏုိင္ေၾကာင္း ဆုိပါတယ္။ ႏုိင္ငံေရး ကၽြမ္းက်င္သူတစ္ဦးကေတာ့ ဒါဟာ တ႐ုတ္ရဲဲ႕စနက္လုိ႔ စြပ္စြဲခဲ့ပါတယ္။

ကိုဗစ္အေရး ကမာၻက တ႐ုတ္ကို လက္ညႇိဳးဝုိင္းထုိးေနခ်ိန္ မွာ သတင္းမီဒီယာေတြ ကို ကင္ဂ်ဳံအန္ဘက္ လႊဲေပး လိုက္ဟု တရုတ္စြပ္စြဲခံေနရ

ကိုဗစ္အေရးကုိ ကမာၻက တ႐ုတ္ကို လက္ညႇိဳးဝုိင္းထုိးေနခ်ိန္မွာ သတင္းမီဒီယာေတြကို ကင္ဂ်ဳံအန္ဘက္ လႊဲေပးလုိက္ၿပီး ဖိအားေတြ ေရွာင္ရွားဖုိ႔ တ႐ုတ္က ႀကိဳးစားခဲ့တာလုိ႔ သူက စြပ္စြဲထားတာပါ ။ အဲဒီပုဂၢိဳလ္ကပဲ ကင္ဂ်ဳံအန္ဟာ မၾကာမီ လူျမင္ကြင္းမွာ ဘြားကနဲျပန္ထြက္လာမွာပါလုိ႔ ခန္႔မွန္းထားပါတယ္။ The Sun သတင္းစာ မွာေတာ့ ကင္ဂ်ဳံအန္ရဲ႕ အထူးအိမ္ေတာ္မွာ သူရဲ႕ ကိုယ္ပိုင္ရထားတြဲ-

ဆုိက္ကပ္ထားပုံကို ၿဂိဳဟ္တုက ဓာတ္ပုံ႐ုိက္ႏုိင္ခဲ့တာေၾကာင့္ အေရးေပၚအေျခအေန တစ္ခုခု ျဖစ္ေနပုံရတယ္လုိ႔ ယူဆထားပါတယ္။ ဂ်ပန္ႏုိင္ငံ တုိက်ိဳအေျခစုိက္ Shukan Gendai မဂၢဇင္းမွာ ကင္ဂ်ဳံအန္ဟာ အေရးေပၚခုတင္ထက္မွာ ေစာင့္ၾကည့္ေနရေၾကာင္း၊ သူ႕ကို ခြဲစိတ္ခဲ့တဲ့ေဒါက္တာဟာ အမွားအယြင္း တစုံတရာ ျဖစ္မွာကို အလြန္ေၾကာက္ရြံ႕လုိ႔ လက္ေတြ ကတုန္ကယင္ျဖစ္ကာ မထိသင့္တဲ့ ကိုယ္အဂၤါေတြကို ဓားက ထိခဲ့ေၾကာင္း ဆုိပါတယ္။

ကိုဗစ္အေရး ကမာၻက တ႐ုတ္ကို လက္ညႇိဳးဝုိင္းထုိးေနခ်ိန္ မွာ သတင္းမီဒီယာေတြ ကို ကင္ဂ်ဳံအန္ဘက္ လႊဲေပး လိုက္ဟု တရုတ္စြပ္စြဲခံေနရ

ဒါေၾကာင့္ ကင္ဂ်ဳံအန္ ရဲဲ႕ႏွလုံးခြဲစိတ္မႈဟာ မေအာင္ျမင္ခဲ့ဘဲ ၊ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က တ႐ုတ္ဘက္ က အထူးကု ဆရာဝန္ေတြ နဲ႔ ကြန္ျမဴနစ္ပါတီမွာ ထိပ္သီး ေခါင္းေဆာင္ေတြ ေျမာက္ကုိရီးယား ကို အေရးေပၚသြားေရာက္ခဲ့ေၾကာင္း သိရပါတယ္။ တ႐ုတ္ကြန္ျမဴနစ္ပါတီ မွ အမည္မေဖာ္လုိသူတစ္ဦးက သူတုိ႔အဖြဲ႕ေရာက္တာ အလြန္ေနာက္က်ခဲ့ေၾကာင္း ေျပာခဲ့တဲ့ အတြက္ ဒါဟာ ေသဆုံးနဲ႔ ရွင္သန္ၾကား မွာ ေသဆုံးဘက္က ရာခုိင္ႏႈန္းပိုမ်ားေနတယ္ လုိ႔ ယူဆရမွာပါ။

ကိုဗစ္အေရး ကမာၻက တ႐ုတ္ကို လက္ညႇိဳးဝုိင္းထုိးေနခ်ိန္ မွာ သတင္းမီဒီယာေတြ ကို ကင္ဂ်ဳံအန္ဘက္ လႊဲေပး လိုက္ဟု တရုတ္စြပ္စြဲခံေနရ

ကင္ေသဆုံးတယ္ ဆုိရင္ ( ၄၈ ) နာရီ အတြင္း မွာ ေျမာက္ကိုရီယား ႐ုပ္သံေတြက တရားဝင္ ေၾကညာဖုိ႔ ရွိပါတယ္ ။ တကယ္လုိ႔ ( ၄၈ )နာရီ သုိ႔မဟုတ္ (၇၂)နာရီေနာက္ပိုင္း မွာ ေၾကညာျခင္းမျပဳဘူးဆုိရင္ေတာ့ ေသဆုံးတယ္ ဆုိတဲ့ သတင္းဟာ ေကာလာဟလေတြသာျဖစ္ေၾကာင္း သတ္မွတ္ရဖုိ႔ရွိ ပါတယ္ ။ ဒါေပမယ့္ ေျမာက္ကုိရီးယားအာဏာရွင္ ရဲ႕က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ပေဟဠိေတြကေတာ့ ဆက္ရွိေနႏုိင္ ပါတယ္။

ဘာသာျပန္-လင္းေဇာ္ကုိ

Ref ; Mirror

Unicode

အခု လက်တလော သတင်းတွေမှာတော့ ကင်ဂျုံအန် သေပြီ ၊ မသေသေးဘူး ဆိုတဲ့ သတင်းတွေဟာ အပြိုင်ဖြစ်နေ ပါတယ် ။ အမေရိကန် အိမ်ဖြူတော် အသိုင်းအဝိုင်း ကတော့ အခုအရေးမှာ မယုတ်မလွန် ပြောကြားနေ ပါ တယ် ။ ဆိုရရင် အခြေအနေမကောင်းဘူးဆိုတဲ့ စကားကိုတောင် အမေရိကန်အာဏာပိုုင် အသိုင်းအဝိုင်းက အတည်ပြုထားခြင်း မရှိဘဲ ၊ စုံစမ်းထောက်လှမ်းနေဆဲ လို့သာ ဖြေခဲ့တာပါ ။

ဒါပေမယ့် ကန်လွတ်တော်အမတ် တစ်ယောက်ကတော့ ကင်ဂျုံအန်ဟာ ဦးနှောက်အလုပ်မလုပ်တော့တဲ့အတွက်၊ မသန်စွမ်းဘဝ ဒုက္ခိတဘဝကိုရောက်သွားတယ်လို့ ကြားကြောင်း၊ ဟုတ်မဟုတ်ကိုတော့ အတည်ပြုဖို့ ခက်ခဲပေမယ့်၊ သေဆုံးတယ်ဆိုတဲ့သတင်းကတော့ မဖြစ်နိုင်ကြောင်း ဆိုပါတယ်။ နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးကတော့ ဒါဟာ တရုတ်ရဲ့စနက်လို့ စွပ်စွဲခဲ့ပါတယ်။

ကိုဗစ်အရေးကို ကမ္ဘာက တရုတ်ကို လက်ညှိုးဝိုင်းထိုးနေချိန်မှာ သတင်းမီဒီယာတွေကို ကင်ဂျုံအန်ဘက် လွှဲပေးလိုက်ပြီး ဖိအားတွေ ရှောင်ရှားဖို့ တရုတ်က ကြိုးစားခဲ့တာလို့ သူက စွပ်စွဲထားတာပါ ။ အဲဒီပုဂ္ဂိုလ်ကပဲ ကင်ဂျုံအန်ဟာ မကြာမီ လူမြင်ကွင်းမှာ ဘွားကနဲပြန်ထွက်လာမှာပါလို့ ခန့်မှန်းထားပါတယ်။ The Sun သတင်းစာ မှာတော့ ကင်ဂျုံအန်ရဲ့ အထူးအိမ်တော်မှာ သူရဲ့ ကိုယ်ပိုင်ရထားတွဲ-

ဆိုက်ကပ်ထားပုံကို ဂြိုဟ်တုက ဓာတ်ပုံရိုက်နိုင်ခဲ့တာကြောင့် အရေးပေါ်အခြေအနေ တစ်ခုခု ဖြစ်နေပုံရတယ်လို့ ယူဆထားပါတယ်။ ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် Shukan Gendai မဂ္ဂဇင်းမှာ ကင်ဂျုံအန်ဟာ အရေးပေါ်ခုတင်ထက်မှာ စောင့်ကြည့်နေရကြောင်း၊ သူ့ကို ခွဲစိတ်ခဲ့တဲ့ဒေါက်တာဟာ အမှားအယွင်း တစုံတရာ ဖြစ်မှာကို အလွန်ကြောက်ရွံ့လို့ လက်တွေ ကတုန်ကယင်ဖြစ်ကာ မထိသင့်တဲ့ ကိုယ်အင်္ဂါတွေကို ဓားက ထိခဲ့ကြောင်း ဆိုပါတယ်။

ဒါကြောင့် ကင်ဂျုံအန် ရဲ့နှလုံးခွဲစိတ်မှုဟာ မအောင်မြင်ခဲ့ဘဲ ၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရုတ်ဘက် က အထူးကု ဆရာဝန်တွေ နဲ့ ကွန်မြူနစ်ပါတီမှာ ထိပ်သီး ခေါင်းဆောင်တွေ မြောက်ကိုရီးယား ကို အရေးပေါ်သွားရောက်ခဲ့ကြောင်း သိရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ မှ အမည်မဖော်လိုသူတစ်ဦးက သူတို့အဖွဲ့ရောက်တာ အလွန်နောက်ကျခဲ့ကြောင်း ပြောခဲ့တဲ့ အတွက် ဒါဟာ သေဆုံးနဲ့ ရှင်သန်ကြား မှာ သေဆုံးဘက်က ရာခိုင်နှုန်းပိုများနေတယ် လို့ ယူဆရမှာပါ။

ကင်သေဆုံးတယ် ဆိုရင် ( ၄၈ ) နာရီ အတွင်း မှာ မြောက်ကိုရီယား ရုပ်သံတွေက တရားဝင် ကြေညာဖို့ ရှိပါတယ် ။ တကယ်လို့ ( ၄၈ )နာရီ သို့မဟုတ် (၇၂)နာရီနောက်ပိုင်း မှာ ကြေညာခြင်းမပြုဘူးဆိုရင်တော့ သေဆုံးတယ် ဆိုတဲ့ သတင်းဟာ ကောလာဟလတွေသာဖြစ်ကြောင်း သတ်မှတ်ရဖို့ရှိ ပါတယ် ။ ဒါပေမယ့် မြောက်ကိုရီးယားအာဏာရှင် ရဲ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပဟေဠိတွေကတော့ ဆက်ရှိနေနိုင် ပါတယ်။

ဘာသာပြန်-လင်းဇော်ကို

Ref ; Mirror

Add a Comment

Your email address will not be published. Required fields are marked *