ပါဆယ္ထုတ္ကို တံေတြးသုတ္တဲ့ ပစၥည္းပို႔သူကို CCTV တြင္ ဖမ္းမိ

ကို ႐ိုနာ ဗိုင္းရပ္စ္ Covid-19 ဟာ လူ႔ခႏၶာကိုယ္ကေန ထြက္လာတဲ့ အရည္အစက္ေတြ ကေနတစ္ဆင့္ ကူးစက္တာျဖစ္ေၾကာင္း ပညာရွင္ေတြက ထုတ္ျပန္ထားၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ ႏွာေခါင္းစည္းေတြ ဝတ္ဆင္ဖို႔ လက္ကို မၾကာခဏေဆးေၾကာဖို႔နဲ႔ အမ်ားသုံးေနရာေတြကို တတ္ႏိုင္သေလာက္ မထိမိမကိုင္မိေအာင္ ဆင္ျခင္ၾကဖို႔ ၫႊန္ၾကား ခ်က္ေတြကို တစ္ကမာၻလုံးမွာ ထုတ္ျပန္ ထားၿပီးျဖစ္ပါတယ္။

အခုလိုမ်ိဳး ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရမွာကို လူတိုင္း စိုးရိမ္ေသာက ေရာက္ေနၾကရတဲ့ အခ်ိန္မွာ ပစၥည္း(ပါဆယ္)ပို႔သူ ဝန္ထမ္းတစ္ဦးက Amazon ပါဆယ္ထုတ္ကို ပိုင္ရွင္ထံ မပို႔ေသးခင္ သူ၏လက္ဖဝါးေပၚ တံေတြးေထြး ခ်ကာ ယင္းလက္ျဖင့္ ပါဆယ္ထုတ္ကို သုတ္လိမ္းလိုက္တဲ့ ျဖစ္စဥ္တစ္ခု ကယ္လီဖိုးနီးယား မွာ ျဖစ္ပြားခဲ့ပါတယ္။

ပါဆယ္ထုတ္ကို တံေတြးသုတ္တဲ့ ပစၥည္းပို႔သူကို CCTV တြင္ ဖမ္းမိ

အိမ္အေရွ႕မွာ တပ္ဆင္ ထားတဲ့ စီစီတီဗီ ကင္မရာမွာ သူ႔ ရဲ႕လုပ္ရပ္အစအဆုံးကို ရႈေထာင့္ႏွစ္ေနရာက မွတ္တမ္းတင္ထားႏိုင္ခဲ့ပါတယ္။ ဒီအျဖစ္ပ်က္ကို မသိပဲ အိမ္ရွင္က ပါဆယ္ကို လက္ခံရယူ ခဲ့ပါတယ္၊ ေနာက္ပိုင္း စီစီ တီဗီ႐ုပ္သံ ကို ျပန္ၾကည့္ေတာ့ မွ သိခဲ့ရတာေၾကာင့္ Amazon ကုမၸဏီကို ဆက္သြယ္ၿပီး ျဖစ္စဥ္ကို တိုင္ၾကားကာ အဆိုပါ ဝန္ထမ္းမွာ Covid-19 ရွိ၊ မရွိ စစ္ေဆးဖို႔ ကုမၸဏီကို ေတာင္းဆိုခဲ့ ပါတယ္ ။ အဲဒီေနာက္ပိုင္းမွာေတာ့ Amazon ကုမၸဏီက ျပန္လည္ေတာင္းပန္ခဲ့ၿပီး ေဒၚလာ ၅၀ တန္ဖို႔ သူ ႔ရဲ႕အေကာင့္ထဲ ကို လက္ေဆာင္ထည့္ေပးခဲ့ ပါတယ္ ။

ပစၥည္းပို႔သူဟာ Amazon ကုမၸဏီ မွ ခန႔္ ထားေသာ ဝန္ထမ္း မဟုတ္ပဲ အျခားပစၥည္းပို႔ လက္ခြဲ ကုမၸဏီ မွ ဝန္ထမ္းျဖစ္ေၾကာင္း သိရွိရၿပီး ထိုဝန္ထမ္းအား ထုတ္ပယ္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။ မည္သို႔ပင္ျဖစ္ေစကာမူ ယင္းဝန္ထမ္း ၏ လုပ္ရပ္ကို တည္ဆဲဥပေဒမ်ား နဲ႔ အေရးယူႏိုင္သည္ထိ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္ ။

Unicode

ကို ရိုနာ ဗိုင်းရပ်စ် Covid-19 ဟာ လူ့ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ အရည်အစက်တွေ ကနေတစ်ဆင့် ကူးစက်တာဖြစ်ကြောင်း ပညာရှင်တွေက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် နှာခေါင်းစည်းတွေ ဝတ်ဆင်ဖို့ လက်ကို မကြာခဏဆေးကြောဖို့နဲ့ အများသုံးနေရာတွေကို တတ်နိုင်သလောက် မထိမိမကိုင်မိအောင် ဆင်ခြင်ကြဖို့ ညွှန်ကြား ချက်တွေကို တစ်ကမ္ဘာလုံးမှာ ထုတ်ပြန် ထားပြီးဖြစ်ပါတယ်။

အခုလိုမျိုး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှာကို လူတိုင်း စိုးရိမ်သောက ရောက်နေကြရတဲ့ အချိန်မှာ ပစ္စည်း(ပါဆယ်)ပို့သူ ဝန်ထမ်းတစ်ဦးက Amazon ပါဆယ်ထုတ်ကို ပိုင်ရှင်ထံ မပို့သေးခင် သူ၏လက်ဖဝါးပေါ် တံတွေးထွေး ချကာ ယင်းလက်ဖြင့် ပါဆယ်ထုတ်ကို သုတ်လိမ်းလိုက်တဲ့ ဖြစ်စဉ်တစ်ခု ကယ်လီဖိုးနီးယား မှာ ဖြစ်ပွားခဲ့ပါတယ်။

အိမ်အရှေ့မှာ တပ်ဆင် ထားတဲ့ စီစီတီဗီ ကင်မရာမှာ သူ့ ရဲ့လုပ်ရပ်အစအဆုံးကို ရှုထောင့်နှစ်နေရာက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ဒီအဖြစ်ပျက်ကို မသိပဲ အိမ်ရှင်က ပါဆယ်ကို လက်ခံရယူ ခဲ့ပါတယ်၊ နောက်ပိုင်း စီစီ တီဗီရုပ်သံ ကို ပြန်ကြည့်တော့ မှ သိခဲ့ရတာကြောင့် Amazon ကုမ္ပဏီကို ဆက်သွယ်ပြီး ဖြစ်စဉ်ကို တိုင်ကြားကာ အဆိုပါ ဝန်ထမ်းမှာ Covid-19 ရှိ၊ မရှိ စစ်ဆေးဖို့ ကုမ္ပဏီကို တောင်းဆိုခဲ့ ပါတယ် ။ အဲဒီနောက်ပိုင်းမှာတော့ Amazon ကုမ္ပဏီက ပြန်လည်တောင်းပန်ခဲ့ပြီး ဒေါ်လာ ၅၀ တန်ဖို့ သူ့ရဲ့အကောင့်ထဲ ကို လက်ဆောင်ထည့်ပေးခဲ့ ပါတယ် ။

ပစ္စည်းပို့သူဟာ Amazon ကုမ္ပဏီ မှ ခန့် ထားသော ဝန်ထမ်း မဟုတ်ပဲ အခြားပစ္စည်းပို့ လက်ခွဲ ကုမ္ပဏီ မှ ဝန်ထမ်းဖြစ်ကြောင်း သိရှိရပြီး ထိုဝန်ထမ်းအား ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ မည်သို့ပင်ဖြစ်စေကာမူ ယင်းဝန်ထမ်း ၏ လုပ်ရပ်ကို တည်ဆဲဥပဒေများ နဲ့ အရေးယူနိုင်သည်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။

Add a Comment

Your email address will not be published. Required fields are marked *