ကင်ဂျုံအမ် ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှဖြေကြားမှာ မဟုတ်ဘူးလို့ တရုတ်အပြတ်ပြော
ကင်ဂျုံအမ် ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှဖြေကြားမှာ မဟုတ်ဘူးလို့ တရုတ်အပြတ်ပြော
ကင်ဂျုံအမ် ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှဖြေကြားမှာ မဟုတ်ဘူးလို့ တရုတ်အပြတ်ပြော
Source- CNA
Unicode
ယခု လတ်တလော ထွက်ပေါ်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ရဲ့တည်နေရာ နဲ့ ကျန်းမာရေး အခြေအနေနဲ့ ဆိုင်တဲ့ ကောလဟာလတွေ နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေ နဲ့ ဘာတစ်ခုမှဖြေကြားသွားမှာမဟုတ်ဘူး လို့ ယနေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ရတိပျက် ပြောကြားခဲ့ ပါတယ် ။
ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက မြောက်ကိုရီးယား ကို စေလွှတ်လိုက်တဲ့ တရုတ် ကျန်းမာရေးအဖွဲ့အကြောင်းနဲ့ ဆေးအဖွဲ့ ဟာ ခေါင်းဆောင် ကင်ဂျုံအမ် အတွက်လား (သို့) Covid-19 ထိန်းချုပ်ရေး အတွက်လား ဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သတ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Geng Shuang က သူ့အနေနဲ့ တစ်စုံတစ်ရာဖြေကြားသွားဖို့မရှိဘူးလို့ ပြောခဲ့တာပါ ။
အနီးကပ်လေ့လာသူတွေရဲ့အဆိုအရ တရုတ်ဆေးအဖွဲ့ဟာ မြောက်ကိုရီးယားကို ကြာသပတေးနေ့က ထွက်ခွာခဲ့တာမှန်ပေမယ့် ခေါင်းဆောင်ကင်ဂျုံအမ်ရဲ့ ရောဂါအခြေအနေနဲ့ပတ်သတ်ပြီး ဘာတစ်ခုမှ သေသေချာချာ မသိရသေးပါဘူး။
မြောက်ကိုရီးယား နိုင်ငံ၏ အရေးပါသော နေ့တစ်နေ့ ဖြစ်သည့် ဧပြီ ၁၅ ရက်တွင် ကျရောက်သော နိုင်ငံတည်ထောင်သူ ကင်ဂျုံအန်၏ အဘိုး ကင်အီဆွန်း မွေးနေ့သို့ တက်ရောက်ခြင်း မရှိသည့်နောက် ကင်ဂျုံအန်၏ ကျန်းမာရေးနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်ခဲ့သည်။
လက်ရှိ အချိန်ထိ မြောက်ကိုရီးယား နိုင်ငံအတွင်း ၌ မည်သည့် ထူးခြားပြောင်းလဲမှုမျှ မရှိဘဲ ကင်ဂျုံအန်၏ ကျန်းမာရေးနှင့် ပတ်သက်၍ အတည်ပြုချက် မရရှိကြောင်း တောင်ကိုရီးယား သမ္မတရုံးက လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ထုတ်ပြန်ထား သည် ။The Lifestyle Myanmar
Source- CNA
Add a Comment
Your email address will not be published. Required fields are marked *