အာဏာရွင္ ကင္ဂ်ံဳအန္ က်န္းမာခ်မ္းသာလ်က္ ရွိေသးေၾကာင္း ေတာင္ကိုရီးယားတရား၀င္ ထုတ္ျပန္

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္သည္ က်န္းမာခ်မ္းသာလ်က္ရွိေနေၾကာင္း ေတာင္ကိုရီးယားသမၼတမြန္းေဂ်အင္ ၏ အမ်ိဳးသားလုံၿခဳံေရးအထူး အႀကံေပး မြန္းခြၽန္အင္ က စီအင္န္အင္န္ သတင္းဌာနႏွင့္ ဧၿပီ ၂၆ ရက္ တြင္ ျပဳလုပ္ေသာ ေတြ႕ဆုံေမးျမန္းခန္း တြင္ ေျပာဆိုခဲ့သည္။

အာဏာရွင္ ကင္ဂ်ံဳအန္ က်န္းမာခ်မ္းသာလ်က္ ရွိေသးေၾကာင္း ေတာင္ကိုရီးယားတရား၀င္ ထုတ္ျပန္

ကင္သည္ ေျမာက္ကိုရီးယားအေရွ႕ပိုင္းရွိ အပန္းေျဖၿမိဳ႕ ဝန္ဆန္ တြင္ ဧၿပီ ၁၃ ရက္ ကတည္းက ေနထိုင္ေနၿပီး သံသယျဖစ္စရာ လႈပ္ရွားမႈမ်ိဳးကို မေတြ႕ရွိေသးေၾကာင္း မြန္းခြၽန္အင္ကေျပာ ဆိုခဲ့သည္။ေျမာက္ကိုရီးယားနိုင္ငံကိုတည္ေထာင္သူျဖစ္သလို ကင္ဂ်ဳံအြန္၏ အဖိုးလည္းျဖစ္သည့္ ကင္အီဆြန္း၏ ဧၿပီ ၁၅ ရက္တြင္ က်ေရာက္ေသာ ေမြးေန႕အခမ္းအနားတြင္ ကင္ကို မေတြ႕ရွိရၿပီးေနာက္ ကင္၏က်န္းမာေရးႏွင့္ ပတ္သက္၍ သို႔ေလာသို႔ေလာေျပာဆိုမႈမ်ားရွိလာခဲ့သည္ ။

ဧၿပီ ၁၁ ရက္တြင္ ျပဳလုပ္ေသာ အလုပ္သမားပါတီေပါလစ္ျဗဴရိုအစည္းအေဝးတက္ေရာက္ၿပီးခ်ိန္မွစ၍ ကင္သည္ အမ်ားျပည္သူျမင္ကြင္းသို႔ထြက္ျခင္းမျပဳခဲ့ေခ်။ ကင္ ၏ က်န္းမာေရးႏွင့္ ပတ္သက္၍ ထုတ္ျပန္ရန္ မရွိေၾကာင္း ေတာင္ကိုရီးယား သမၼတ႐ုံး၏ေျပာခြင့္ရွိသူက လြန္ခဲ့ေသာ အပတ္တြင္ ေျပာဆိုခဲ့သည္။ ကင္ သည္ က်န္းမာခ်မ္းသာလ်က္ရွိေနေၾကာင္း ေထာက္လွမ္းေရး သတင္းစုစည္းမႈမ်ားအေပၚ အေျခခံကာ ေျပာဆိုေနေၾကာင္း ေတာင္ကိုရီးယားရွိ ကိုရီးယားႏွစ္ နိုင္ငံျပန္လည္ေပါင္းစည္းေရးဝန္ႀကီး ကင္ယြန္ခ်ဴကေျပာ ဆိုခဲ့သည္။

အာဏာရွင္ ကင္ဂ်ံဳအန္ က်န္းမာခ်မ္းသာလ်က္ ရွိေသးေၾကာင္း ေတာင္ကိုရီးယားတရား၀င္ ထုတ္ျပန္

ကင္သည္ ယခုလ အေစာပိုင္းတြင္ ႏွလုံးခြဲစိတ္ကုသမႈခံ ယူခဲ့ရၿပီး နာလန္ျပန္ထလာၿပီျဖစ္ေၾကာင္း ေျမာက္ကိုရီးယားမွ တိမ္းေရွာင္လာသူမ်ားစီစဥ္ေနသည့္ Daily NK ကေဖာ္ျပ ခဲ့သည္။ ေဆးလိပ္ အလြန္အကြၽံေသာက္ျခင္း၊ အဝလြန္ျခင္းႏွင့္ ပင္ပန္းႏြမ္းနယ္ျခင္းတို႔ေၾကာင့္ ကင္သည္အေရးေပၚကုသမႈခံယူရန္ လိုအပ္ခဲ့ေၾကာင္း Daily NK က ေျမာက္ကိုရီးယား ရွိ အမည္မေဖာ္လိုေသာ သတင္းအရင္း အျမစ္တစ္ခုကို ကိုးကားေဖာ္ျပခဲ့သည္ ။

Unicode

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ကျန်းမာချမ်းသာလျက်ရှိနေကြောင်း တောင်ကိုရီးယားသမ္မတမွန်းဂျေအင် ၏ အမျိုးသားလုံခြုံရေးအထူး အကြံပေး မွန်းချွန်အင် က စီအင်န်အင်န် သတင်းဌာနနှင့် ဧပြီ ၂၆ ရက် တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တွင် ပြောဆိုခဲ့သည်။

ကင်သည် မြောက်ကိုရီးယားအရှေ့ပိုင်းရှိ အပန်းဖြေမြို့ ဝန်ဆန် တွင် ဧပြီ ၁၃ ရက် ကတည်းက နေထိုင်နေပြီး သံသယဖြစ်စရာ လှုပ်ရှားမှုမျိုးကို မတွေ့ရှိသေးကြောင်း မွန်းချွန်အင်ကပြော ဆိုခဲ့သည်။မြောက်ကိုရီးယားနိုင်ငံကိုတည်ထောင်သူဖြစ်သလို ကင်ဂျုံအွန်၏ အဖိုးလည်းဖြစ်သည့် ကင်အီဆွန်း၏ ဧပြီ ၁၅ ရက်တွင် ကျရောက်သော မွေးနေ့အခမ်းအနားတွင် ကင်ကို မတွေ့ရှိရပြီးနောက် ကင်၏ကျန်းမာရေးနှင့် ပတ်သက်၍သို့လောသို့လောပြောဆိုမှုများရှိလာခဲ့သည် ။

ဧပြီ ၁၁ ရက်တွင် ပြုလုပ်သော အလုပ်သမားပါတီပေါလစ်ဗြူရိုအစည်းအဝေးတက်ရောက်ပြီးချိန်မှစ၍ ကင်သည် အများပြည်သူမြင်ကွင်းသို့ထွက်ခြင်းမပြုခဲ့ချေ။ ကင် ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ထုတ်ပြန်ရန် မရှိကြောင်း တောင်ကိုရီးယား သမ္မတရုံး၏ပြောခွင့်ရှိသူက လွန်ခဲ့သော အပတ်တွင် ပြောဆိုခဲ့သည်။ ကင် သည် ကျန်းမာချမ်းသာလျက်ရှိနေကြောင်း ထောက်လှမ်းရေး သတင်းစုစည်းမှုများအပေါ် အခြေခံကာ ပြောဆိုနေကြောင်း တောင်ကိုရီးယားရှိ ကိုရီးယားနှစ် နိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီး ကင်ယွန်ချူကပြော ဆိုခဲ့သည်။

ကင်သည် ယခုလ အစောပိုင်းတွင် နှလုံးခွဲစိတ်ကုသမှုခံ ယူခဲ့ရပြီး နာလန်ပြန်ထလာပြီဖြစ်ကြောင်း မြောက်ကိုရီးယားမှ တိမ်းရှောင်လာသူများစီစဉ်နေသည့် Daily NK ကဖော်ပြ ခဲ့သည်။ ဆေးလိပ် အလွန်အကျွံသောက်ခြင်း၊ အဝလွန်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ကြောင့် ကင်သည်အရေးပေါ်ကုသမှုခံယူရန် လိုအပ်ခဲ့ကြောင်း Daily NK က မြောက်ကိုရီးယား ရှိ အမည်မဖော်လိုသော သတင်းအရင်း အမြစ်တစ်ခုကို ကိုးကားဖော်ပြခဲ့သည် ။

Add a Comment

Your email address will not be published. Required fields are marked *