ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ရဲ႕ ထပ္မံေတြ႕ ရွိလာတဲ႔ ေရာဂါ လကၡဏာ အသစ္မ်ား

ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ ဆက္ႏြယ္ေၾကာင္း သိရွိႏိုင္သည့္ အဓိကလကၡဏာမ်ား တြင္ အခ်က္အလက္ သစ္မ်ား ကို အေမရိကန္ဖက္ဒရယ္ က်န္းမာေရး အာဏာပိုင္မ်ားက ထပ္မံထည့္သြင္း လိုက္ သည္ ဟု ႏိုင္ငံတကာ မီဒီယာမ်ား က ယေန ႔ေရးသားထား ပါတယ္ ။

ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရၿပီးေနာက္ ၂ ရက္ မွ ၁၄ ရက္အတြင္း အဖ်ားတက္ျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ အသက္ရႉမဝျခင္းတို႔ ျဖစ္ပြားေၾကာင္း ကနဦးသိရွိထားၾကသည္။ ခ်မ္းဖ်ားျခင္း၊ ခ်မ္း ၍ တုန္တုန္ရီရီျဖစ္ျခင္း၊ ႂကြက္သားမ်ား နာက်င္ျခင္း၊ ေခါင္းကိုက္ျခင္း၊ လည္ေခ်ာင္းနာျခင္းႏွင့္ အနံ႔-အရသာ ခံစား မရေတာ့ျခင္းမ်ား ေတြ႕ျမင္ ရႏိုင္ေၾကာင္း ထပ္တိုး လကၡဏာ မ်ား အျဖစ္ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ႀကိဳတင္ ကာကြယ္ေရးစင္တာ CDC ၏ အြန္လိုင္းစာမ်က္ႏွာ ၌ ေဖာ္ျပထား ပါ တယ္။

ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ရဲ႕ ထပ္မံေတြ႕ ရွိလာတဲ႔ ေရာဂါ လကၡဏာ အသစ္မ်ား

ေဆး ကု သ မႈခံ ယူသင့္ေၾကာင္း အေရးေပၚသတိေပးလကၡဏာမ်ား တြင္ အသက္ရႉမဝျခင္း၊ ရင္ဘတ္ေနရာတြင္ နာက်င္မႈ (သို႔) ေလးလံျခင္း၊ စိတ္ရႈတ္ေထြး သို႔မဟုတ္ အာ႐ုံမစိုက္ႏိုင္ျခင္း၊ ႏႈတ္ခမ္းႏွင့္ မ်က္ႏွာတို႔ ျပာႏွမ္းလာျခင္း တို႔ ပါဝင္ပါတယ္။

အထူး သျဖင့္ Covid-19 ကူးစက္ေရာဂါပ်ံ႕ပြားျခင္းမွ တားဆီးရန္အတြက္ asymptomatic people ေခၚ ေရာဂါလကၡဏာ မျပပဲ ကို႐ိုနာဗိုင္းရပ္စ္ပိုး သယ္ေဆာင္ သူမ်ား အား ထိန္းခ်ဳပ္ရန္ အလြန္အေရးႀကီးေၾကာင္း ကြၽမ္းက်င္သူမ်ားက အေလးအနက္ သတိေပးထား ပါတယ္ ။ CDC ၏ အဆိုအရ ဗိုင္းရပ္စ္သည္ အဓိကအားျဖင့္ နီးကပ္စြာရွိေနသည့္ လူတစ္ဦးမွ တစ္ဦးသို႔ အသက္ရႈလမ္းေၾကာင္းမွ တစ္ဆင့္ ကူးစက္ႏိုင္သည္။ ကို႐ိုနာ ဗိုင္းရပ္စ္ပိုးရွိေနသူ ၏ ႏွာေခ်-ေခ်ာင္းဆိုးရာမွ ထြက္ေပၚလာေသာ အရည္မႈန္မ်ားကို အနီးအနားရွိသူမ်ား ရႈရႈိက္မိလွ်င္ ပါးစပ္ႏွင့္ႏွာေခါင္း (သို႔) အဆုတ္သို႔ တိုင္ေအာင္ ေရာက္ရွိႏိုင္ ပါတယ္။

ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ရဲ႕ ထပ္မံေတြ႕ ရွိလာတဲ႔ ေရာဂါ လကၡဏာ အသစ္မ်ား

ႏိုင္ငံ တ ကာ တြင္ Covid-19 ကူးစက္ကပ္ေရာဂါျဖင့္ လူ ၂-သိန္းေက်ာ္ ေသဆုံးလွ်က္ ရွိသည္။ အေမရိကန္ျပည္ေထာင္စု တစ္လႊားတြင္ ေရာဂါကူးစက္ခံရသူေပါင္း ၉၃၀,၀၀၀ ေက်ာ္ရွိခဲ့ၿပီး တစ္ႏိုင္ငံလုံး၌ လူေပါင္း ၅၄,၀၀၀ ေက်ာ္ အသက္ဆုံးရႈံးခဲ့ရၿပီးျဖစ္ ပါတယ္ ။

Oung Marine

Unicode

Covid-19 ရောဂါ ဆက်နွယ်ကြောင်း သိရှိနိုင်သည့် အဓိက လက္ခဏာများ တွင် အချက် အလက်သစ်များ ကို အမေရိကန် ဖက်ဒရယ် ကျန်းမာရေး အာဏာပိုင်များက ထပ်မံထည့်သွင်း လိုက်သည် ဟု နိုင်ငံတကာ မီဒီယာများက ယနေ့ရေးသားထား ပါတယ် ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ၂ ရက် မှ ၁၄ ရက်အတွင်း အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝခြင်းတို့ ဖြစ်ပွားကြောင်း ကနဦးသိရှိထားကြသည်။ ချမ်းဖျားခြင်း၊ ချမ်း ၍ တုန်တုန်ရီရီဖြစ်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းနှင့် အနံ့-အရသာ ခံစား မရတော့ခြင်းများ တွေ့မြင်ရနိုင်ကြောင်း ထပ်တိုး လက္ခဏာများ အဖြစ် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင် ကာကွယ်ရေးစင်တာ CDC ၏ အွန်လိုင်းစာမျက်နှာ ၌ ဖော်ပြထား ပါ တယ်။

ဆေး ကုသမှုခံ ယူသင့်ကြောင်း အရေးပေါ်သတိပေးလက္ခဏာများ တွင် အသက်ရှူမဝခြင်း၊ ရင်ဘတ်နေရာတွင် နာကျင်မှု (သို့) လေးလံခြင်း၊ စိတ်ရှုတ်ထွေး သို့မဟုတ် အာရုံမစိုက်နိုင်ခြင်း၊ နှုတ်ခမ်းနှင့် မျက်နှာတို့ ပြာနှမ်းလာခြင်း တို့ ပါဝင်ပါတယ်။

အထူး သဖြင့် Covid-19 ကူးစက်ရောဂါပျံ့ပွားခြင်းမှ တားဆီးရန်အတွက် asymptomatic people ခေါ် ရောဂါလက္ခဏာ မပြပဲ ကိုရိုနာဗိုင်းရပ်စ်ပိုး သယ်ဆောင် သူများအား ထိန်းချုပ်ရန် အလွန်အရေးကြီးကြောင်း ကျွမ်းကျင်သူများက အလေးအနက် သတိပေးထား ပါတယ် ။ CDC ၏ အဆိုအရ ဗိုင်းရပ်စ်သည် အဓိကအားဖြင့် နီးကပ်စွာရှိနေသည့် လူတစ်ဦးမှ တစ်ဦးသို့ အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ကူးစက်နိုင်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ပိုးရှိနေသူ ၏ နှာချေ-ချောင်းဆိုးရာမှ ထွက်ပေါ်လာသော အရည်မှုန်များကို အနီးအနားရှိသူများ ရှုရှိုက်မိလျှင် ပါးစပ်နှင့်နှာခေါင်း (သို့) အဆုတ်သို့ တိုင်အောင် ရောက်ရှိနိုင် ပါတယ်။

နိုင်ငံ တကာ တွင် Covid-19 ကူးစက်ကပ်ရောဂါဖြင့် လူ ၂-သိန်းကျော် သေဆုံးလျှက် ရှိသည်။ အမေရိကန်ပြည်ထောင်စု တစ်လွှားတွင် ရောဂါကူးစက်ခံရသူပေါင်း ၉၃၀,၀၀၀ ကျော်ရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ လူပေါင်း ၅၄,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ် ပါတယ် ။

Oung Marine

Add a Comment

Your email address will not be published. Required fields are marked *