ဗိုင်းရပ်စ်အစပြုရာ တရုတ်နိုင်ငံကသာ ကိုရိုနာဗိုင်းရပ်စ်ကို အမြန်တားဆီးခဲ့မယ်ဆို ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့စရာ အကြောင်းမရှိဟု ထရန့်ဆို


ဗိုင်းရပ်စ်အစပြုရာ တရုတ်နိုင်ငံကသာ ကိုရိုနာဗိုင်းရပ်စ်ကို အမြန်တားဆီးခဲ့မယ်ဆို ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့စရာ အကြောင်းမရှိဟု ထရန့်ဆို


ဗိုင်းရပ်စ်အစပြုရာ တရုတ်နိုင်ငံကသာ ကိုရိုနာဗိုင်းရပ်စ်ကို အမြန်တားဆီးခဲ့မယ်ဆို ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့စရာ အကြောင်းမရှိဟု ထရန့်ဆို


Unicode

COVID-19 နဲ့ ပတ်သက်လို့ အမေရိကန် အစိုးရက သေချာ စုံစမ်းစစ်ဆေးနေတဲ့ အကြောင်း နဲ့ ကပ်ရောဂါ ကမ္ဘာအနှံ့ မပျံ့နှံ့ခင် တရုတ် အစိုးရက တားဆီးလို့ ရတယ် ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဧပြီ ၂၇ ရက်မှာ ပြောပါ တယ် ။

တရုတ်အစိုးရ ရဲ့ ဖြေရှင်းချက် ကို အားမရဘူး လို့လည်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတထရမ့်က ပြောပါတယ်။ “ COVID-19 ကပ်ရောဂါကို ရောဂါစဖြစ်တဲ့ ရင်းမြစ်မှာပဲ တားဆီးနိုင်တယ်လို့ ကျနော်တို့ ယုံကြည် ပါတယ် ။ အမြန်တားဆီးနိုင်မယ် ဆိုရင် ကမ္ဘာ့နိုင်ငံအနှံ့ ကူးစက် မှာ မဟုတ်ပါဘူး ”လို့ သမ္မတထရမ့်က ပြော ပါတယ်။

COVID-19 ကပ်ရောဂါ ရင်းမြစ်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၈၀,၀၀၀ ကျော်၊ သေဆုံးသူ ၄,၀၀၀ ကျော်ပဲ ရှိခဲ့ပေမယ့် တကမ္ဘာလုံးအတိုင်းအတာ အနေ နဲ့ ကူးစက်သူ ၃ သန်းကျော်၊ သေဆုံးသူ ၂ သိန်းကျော် ရှိနေတယ်လို့ Worldometer ဝက်ဘ်ဆိုက် ဖော်ပြချက်အရ သိရ ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *