နယူးေယာက္ကို ကိုဗစ္ေရာက္လာတာ တရုတ္ကမဟုတ္ ဥေရာပမွ ဟု ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး အန္ဒ႐ူး ေျပာ

တ႐ုတ္ မွ မ ဟုတ္ဘဲ ဥေရာပ မွ သူ႕ျပည္နယ္ သို႔ ကိုရိုနာဗိုင္းရပ္စ္ဝင္ေရာက္လာ ခဲ့ေၾကာင္း သုေတသန ရလဒ္ တစ္ခုကို နယူးေယာက္ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးအန္ဒ႐ူး ကိုမိုကေသာၾကာေန႕တြင္ေထာက္ျပခဲ့သည္။ ထို႔အျပင္ အေမရိကန္သမၼတေဒၚနယ္ ထရမ့္ျပ႒ာန္းခဲ့ေသာခရီးသြားလာခြင့္ပိတ္ပင္မႈမွာ ပ်ံ့ႏွံ႕မႈကိုတားရန္ ေနာက္က်လြန္းေနေၾကာင္းလည္း ကိုမိုက ေဝဖန္ခဲ့ သည္။

နယူးေယာက္ကို ကိုဗစ္ေရာက္လာတာ တရုတ္ကမဟုတ္ ဥေရာပမွ ဟု ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး အန္ဒ႐ူး ေျပာ

မတ္ ၁ ရက္တြင္ နယူးေယာက္ျပည္နယ္တြင္ ပထမဆုံးလူနာရွိလာေၾကာင္းေၾကညာခ်ိန္တြင္ ျပည္နယ္တြင္းဗိုင္းရပ္စ္ႏွင့္ထိေတြ႕ထားသူ ၁၀၀၀၀ ခန႔္ရွိနိုင္ေၾကာင္း အေရွ႕ေျမာက္ပိုင္းတကၠသိုလ္မွသုေတသနကို ကိုမိုကကိုးကားေျပာဆိုခဲ့ျခင္းျဖစ္သည္။

အီတလီသည္ ရင္းျမစ္ျဖစ္နိုင္ေခ်ရွိေၾကာင္းလည္း ကိုမိုကေျပာသည္။ ဝူဟန္ၿမိဳ႕တြင္ ဗိုင္းရပ္စ္စတင္ပ်ံ့ႏွံ႕ခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚလာၿပီး ၁ လ ေက်ာ္အၾကာ ေဖေဖာ္ဝါရီ ၂ ရက္တြင္ ထရမ့္က တ႐ုတ္နိုင္ငံသားမ်ားကိုဝင္ခြင့္မျပဳေၾကာင္းအမိန႔္ထုတ္ခဲ့ၿပီး ေနာက္ ၁ လတြင္ ဥေရာပတိုက္သားမ်ားကို အေမရိကန္ ဝင္ခြင့္ပိတ္ခဲ့ေၾကာင္း ကိုမိုကေထာက္ျပသည္ ။ ထိုအခ်ိန္က အေမရိကန္တြင္ ဗိုင္းရပ္စ္က်ယ္က်ယ္ျပန႔္ျပန႔္ပ်ံ့ႏွံ႕ေနေၾကာင္းလည္း ေျပာသည္။

နယူးေယာက္ကို ကိုဗစ္ေရာက္လာတာ တရုတ္ကမဟုတ္ ဥေရာပမွ ဟု ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး အန္ဒ႐ူး ေျပာ

“တ႐ုတ္နိုင္ငံကေနလာတာ ကို တားျမစ္ထားၿပီး အေရွ႕တံခါး ပိတ္လိုက္တာ မွန္ပါတယ္ ။ ဒါေပမဲ့ ပိတ္လိုက္တဲ့အခ်ိန္မွာ ဗိုင္းရပ္စ္က တ႐ုတ္ကေနထြက္လာတာေၾကာင့္ ကြၽန္ေတာ္တို႔က အေနာက္တံခါးကို ဖြင့္ထားလ်က္သားျဖစ္သြားပါတယ္။ ”ဟု ကိုမိုက ပုံမွန္သတင္းစာရွင္းလင္းရာတြင္ေျပာသည္။ သူႏွင့္ထရမ့္ ကဲ့သို႔ေသာ အာဏာပိုင္မ်ားက ေစာေစာအေရးယူေဆာင္႐ြက္ခဲ့ပါက အသက္မ်ား ပိုကယ္တင္နိုင္ျခင္းရွိ၊ မရွိႏွင့္ အေမရိကန္ကို မည္သည့္အခ်ိန္၊ မည္ကဲ့သို႔ဗိုင္းရပ္စ္ဝင္လာေၾကာင္း အပူတျပင္းႏွင့္နိုင္ငံေရးအရေသာကျဖစ္ေစ သည့္ေဆြးေႏြးျငင္းခုန္မႈမ်ားတြင္ ကိုမိုက သူ႕ကိုယ္သူ ထိုးတင္ခဲ့ျခင္းျဖစ္သည္။

နယူးေယာက္ရဲ႕ပထမဆုံး အတည္ျပဳလူနာႏွင့္ အလုံပိတ္ရန္ဆုံးျဖတ္ခ်က္ၾကား ၁၉ ရက္ျခားေနသည္ကိုၫႊန္ျပၿပီး တျခားျပည္နယ္မ်ားထက္ သူပိုျမန္ျမန္လႈပ္ရွားခဲ့ေၾကာင္း ျငင္းဆိုခဲ့သည္။ အေမရိကန္တစ္နိုင္ငံလုံး တြင္ ကူးစက္ခံရသူ ၉၂၇၁၅၀ ေယာက္ရွိၿပီး နယူးေယာက္ျပည္နယ္တြင္ ကူးစက္ခံရသူ ၂၇၂၀၀၀ ေက်ာ္၊ ေသဆုံးသူ ၁၆၁၆၂ ေယာက္ရွိေနသည္ ။

Source – Reuters
TheFifthWaveNews

Unicode

တရုတ်မှမဟုတ်ဘဲ ဥရောပမှသူ့ပြည်နယ်သို့ ကိုရိုနာဗိုင်းရပ်စ်ဝင်ရောက်လာခဲ့ကြောင်း သုတေသနရလဒ်တစ်ခုကို နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးအန်ဒရူး ကိုမိုကသောကြာနေ့တွင်ထောက်ပြခဲ့သည်။ထို့အပြင် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ပြဋ္ဌာန်းခဲ့သောခရီးသွားလာခွင့်ပိတ်ပင်မှုမှာ ပျံ့နှံ့မှုကိုတားရန် နောက်ကျလွန်းနေကြောင်းလည်း ကိုမိုက ဝေဖန်ခဲ့သည်။

မတ် ၁ ရက်တွင် နယူးယောက်ပြည်နယ်တွင် ပထမဆုံးလူနာရှိလာကြောင်းကြေညာချိန်တွင် ပြည်နယ်တွင်းဗိုင်းရပ်စ်နှင့်ထိတွေ့ထားသူ ၁၀၀၀၀ ခန့်ရှိနိုင်ကြောင်း အရှေ့မြောက်ပိုင်းတက္ကသိုလ်မှသုတေသနကို ကိုမိုကကိုးကားပြောဆိုခဲ့ခြင်းဖြစ်သည်။

အီတလီသည် ရင်းမြစ်ဖြစ်နိုင်ချေရှိကြောင်းလည်း ကိုမိုကပြောသည်။ ဝူဟန်မြို့တွင် ဗိုင်းရပ်စ်စတင်ပျံ့နှံ့ခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီး ၁ လ ကျော်အကြာ ဖေဖော်ဝါရီ ၂ ရက်တွင် ထရမ့်က တရုတ်နိုင်ငံသားများကိုဝင်ခွင့်မပြုကြောင်းအမိန့်ထုတ်ခဲ့ပြီး နောက် ၁ လတွင် ဥရောပတိုက်သားများကို အမေရိကန် ဝင်ခွင့်ပိတ်ခဲ့ကြောင်း ကိုမိုကထောက်ပြသည် ။ ထိုအချိန်က အမေရိကန်တွင် ဗိုင်းရပ်စ်ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေကြောင်းလည်း ပြောသည်။

“တရုတ်နိုင်ငံကနေလာတာ ကို တားမြစ်ထားပြီး အရှေ့တံခါး ပိတ်လိုက်တာ မှန်ပါတယ် ။ ဒါပေမဲ့ ပိတ်လိုက်တဲ့အချိန်မှာ ဗိုင်းရပ်စ်က တရုတ်ကနေထွက်လာတာကြောင့် ကျွန်တော်တို့က အနောက်တံခါးကို ဖွင့်ထားလျက်သားဖြစ်သွားပါတယ်။ ”ဟု ကိုမိုက ပုံမှန်သတင်းစာရှင်းလင်းရာတွင်ပြောသည်။ သူနှင့်ထရမ့် ကဲ့သို့သော အာဏာပိုင်များက စောစောအရေးယူဆောင်ရွက်ခဲ့ပါက အသက်များ ပိုကယ်တင်နိုင်ခြင်းရှိ၊ မရှိနှင့် အမေရိကန်ကို မည်သည့်အချိန်၊ မည်ကဲ့သို့ဗိုင်းရပ်စ်ဝင်လာကြောင်း အပူတပြင်းနှင့်နိုင်ငံရေးအရသောကဖြစ်စေ သည့်ဆွေးနွေးငြင်းခုန်မှုများတွင် ကိုမိုက သူ့ကိုယ်သူ ထိုးတင်ခဲ့ခြင်းဖြစ်သည်။

နယူးယောက်ရဲ့ပထမဆုံး အတည်ပြုလူနာနှင့် အလုံပိတ်ရန်ဆုံးဖြတ်ချက်ကြား ၁၉ ရက်ခြားနေသည်ကိုညွှန်ပြပြီး တခြားပြည်နယ်များထက် သူပိုမြန်မြန်လှုပ်ရှားခဲ့ကြောင်း ငြင်းဆိုခဲ့သည်။ အမေရိကန်တစ်နိုင်ငံလုံး တွင် ကူးစက်ခံရသူ ၉၂၇၁၅၀ ယောက်ရှိပြီး နယူးယောက်ပြည်နယ်တွင် ကူးစက်ခံရသူ ၂၇၂၀၀၀ ကျော်၊ သေဆုံးသူ ၁၆၁၆၂ ယောက်ရှိနေသည် ။

Source – Reuters
TheFifthWaveNews

Add a Comment

Your email address will not be published. Required fields are marked *