တရုတ္ထုတ္ ကိုဗစ္ Test Kits မ်ား အရည္ေသြးမမွီ အျပစ္အနာဆာမ်ား ေတြ႕ရွိေသာေၾကာင့္ အိႏၵိယ ဝယ္ယူမႈ ပယ္ဖ်က္လိုက္

တ႐ုတ္နိုင္ငံ မွ ထုတ္လုပ္ေသာ ကိုရိုနာဗိုင္းရပ္စ္ အျမန္စမ္းသပ္ကိရိယာမ်ားေတြမွာ အျပစ္အနာအဆာ ေတြ႕တာေၾကာင့္ အိႏၵိယနိုင္ငံဟာ အဲဒီ စမ္းသပ္ကိရိယာ သန္းဝက္ခန႔္ ဝယ္ယူတင္ သြင္းမႈ ကို ပယ္ဖ်က္လိုက္ ပါတယ္ ။ တ႐ုတ္ စမ္းသပ္ကိရိယာေတြကို ျပည္နယ္အခ်ိဳ႕မွာ အသုံးျပဳေနတာကိုလည္း ျပန္လည္သိမ္းယူခဲ့ပါတယ္။

တရုတ္ထုတ္ ကိုဗစ္ Test Kits မ်ား အရည္ေသြးမမွီ အျပစ္အနာဆာမ်ား ေတြ႕ရွိေသာေၾကာင့္ အိႏၵိယ ဝယ္ယူမႈ ပယ္ဖ်က္လိုက္

အဲဒီ စမ္းသပ္ကိရိယာေတြဟာ စစ္ေဆးခ်က္ ရလဒ္ကို မိနစ္ ၃၀ အတြင္း ထုတ္ေပးၿပီး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရဖြယ္ရွိေသာသူရဲ႕ ေသြးတြင္း ပဋိပစၥည္းကို ေထာက္လွမ္းတာ ျဖစ္ပါတယ္။ ဒီ ကိရိယာေတြနဲ႕ အထူးျပဳေဒသေတြမွာ ကူးစက္မႈ အတိုင္းအတာကို တာဝန္ရွိသူေတြ လ်င္လ်င္ျမန္ျမန္ နားလည္သိရွိနိုင္မွာ ျဖစ္ပါတယ္။

A health worker takes a swab test at a COVID-19 testing center in New Delhi on Monday. India’s main medical research organization has canceled orders to procure rapid antibody test kits from two Chinese companies.

တ႐ုတ္ရဲ႕ စမ္းသပ္ကိရိယာေတြမွာ အျပစ္အနာအဆာေတြ ရွိေနတယ္ဆိုတဲ့ အိႏၵိယဖက္က ေျပာဆိုခ်က္ကို တ႐ုတ္က ပယ္ခ်ပါတယ္။ “တ႐ုတ္နိုင္ငံကေန တင္ပို႔တဲ့ ေဆးဝါးဆိုင္ရာ ထုတ္ကုန္ေတြဟာ အရည္အေသြးကို ဦးစားေပးတာ ျဖစ္ပါတယ္။ တ႐ုတ္ ထုတ္ကုန္ေတြကို အျပစ္အနာဆာ ရွိတယ္ဆိုၿပီး တံဆိပ္ကပ္တာဟာ မွ်တမႈ မရွိဘဲ တာဝန္မဲ့တာပဲ ျဖစ္တယ္။”လို႔ တ႐ုတ္သံ႐ုံး ေျပာခြင့္ရသူ က်ိေရာင္က အဂၤါေန႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အျမန္စမ္းသပ္ကိရိယာေတြက ကိုရိုနာဗိုင္းရပ္စ္ကို မေထာက္လွမ္းနိုင္ဘဲ ေရာဂါေဖာ္ထုတ္ရာမွာ အဲဒီ ကိရိယာေတြကို အသုံးျပဳေနတာအေပၚ သိပၸံပညာရွင္ေတြက စိုးရိမ္မႈေတြ ျမင့္မားလ်က္ ရွိေနပါတယ္။ အိႏၵိယမွာ စမ္းသပ္ကိရိယာ လုံလုံေလာက္ေလာက္ မရွိတဲ့ ပူပန္ေနရတဲ့ၾကားမွာ တ႐ုတ္ရဲ႕ အဲဒီ အျမန္စမ္းသပ္ကိရိယာေတြကို သုံးခြင့္ျပဳရန္ဖို႔ ျပည္နယ္ေတာ္ေတာ္မ်ားမ်ားက အိႏၵိယေဆးဝါးသုေတသနေကာင္စီ ICMR အား တြန္းအားေပးခဲ့ပါတယ္။

ဒါေပမယ့္ ICMR ဟာ အေစာပိုင္းမွာ တြန႔္ဆုတ္ေနေပမယ့္ ေနာက္ပိုင္းမွာ တ႐ုတ္ကုမၸဏီႏွစ္ခုက ထုတ္လုပ္တဲ့ အဲဒီ စမ္းသပ္ကိရိယာေတြ တင္သြင္းတာကို ပယ္ဖ်က္ဖို႔ ဆုံးျဖတ္လိုက္တာပဲ ျဖစ္ပါတယ္။

Rf; BBC

Unicode

တရုတ်နိုင်ငံ မှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ် အမြန်စမ်းသပ်ကိရိယာများတွေမှာ အပြစ်အနာအဆာ တွေ့တာကြောင့် အိန္ဒိယနိုင်ငံဟာ အဲဒီ စမ်းသပ်ကိရိယာ သန်းဝက်ခန့် ဝယ်ယူတင် သွင်းမှု ကို ပယ်ဖျက်လိုက် ပါတယ် ။ တရုတ် စမ်းသပ်ကိရိယာတွေကို ပြည်နယ်အချို့မှာ အသုံးပြုနေတာကိုလည်း ပြန်လည်သိမ်းယူခဲ့ပါတယ်။

အဲဒီ စမ်းသပ်ကိရိယာတွေဟာ စစ်ဆေးချက် ရလဒ်ကို မိနစ် ၃၀ အတွင်း ထုတ်ပေးပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဖွယ်ရှိသောသူရဲ့ သွေးတွင်း ပဋိပစ္စည်းကို ထောက်လှမ်းတာ ဖြစ်ပါတယ်။ ဒီ ကိရိယာတွေနဲ့ အထူးပြုဒေသတွေမှာ ကူးစက်မှု အတိုင်းအတာကို တာဝန်ရှိသူတွေ လျင်လျင်မြန်မြန် နားလည်သိရှိနိုင်မှာ ဖြစ်ပါတယ်။

တရုတ်ရဲ့ စမ်းသပ်ကိရိယာတွေမှာ အပြစ်အနာအဆာတွေ ရှိနေတယ်ဆိုတဲ့ အိန္ဒိယဖက်က ပြောဆိုချက်ကို တရုတ်က ပယ်ချပါတယ်။ “တရုတ်နိုင်ငံကနေ တင်ပို့တဲ့ ဆေးဝါးဆိုင်ရာ ထုတ်ကုန်တွေဟာ အရည်အသွေးကို ဦးစားပေးတာ ဖြစ်ပါတယ်။ တရုတ် ထုတ်ကုန်တွေကို အပြစ်အနာဆာ ရှိတယ်ဆိုပြီး တံဆိပ်ကပ်တာဟာ မျှတမှု မရှိဘဲ တာဝန်မဲ့တာပဲ ဖြစ်တယ်။”လို့ တရုတ်သံရုံး ပြောခွင့်ရသူ ကျိရောင်က အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အမြန်စမ်းသပ်ကိရိယာတွေက ကိုရိုနာဗိုင်းရပ်စ်ကို မထောက်လှမ်းနိုင်ဘဲ ရောဂါဖော်ထုတ်ရာမှာ အဲဒီ ကိရိယာတွေကို အသုံးပြုနေတာအပေါ် သိပ္ပံပညာရှင်တွေက စိုးရိမ်မှုတွေ မြင့်မားလျက် ရှိနေပါတယ်။ အိန္ဒိယမှာ စမ်းသပ်ကိရိယာ လုံလုံလောက်လောက် မရှိတဲ့ ပူပန်နေရတဲ့ကြားမှာ တရုတ်ရဲ့ အဲဒီ အမြန်စမ်းသပ်ကိရိယာတွေကို သုံးခွင့်ပြုရန်ဖို့ ပြည်နယ်တော်တော်များများက အိန္ဒိယဆေးဝါးသုတေသနကောင်စီ ICMR အား တွန်းအားပေးခဲ့ပါတယ်။

ဒါပေမယ့် ICMR ဟာ အစောပိုင်းမှာ တွန့်ဆုတ်နေပေမယ့် နောက်ပိုင်းမှာ တရုတ်ကုမ္ပဏီနှစ်ခုက ထုတ်လုပ်တဲ့ အဲဒီ စမ်းသပ်ကိရိယာတွေ တင်သွင်းတာကို ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။

Rf; BBC

Add a Comment

Your email address will not be published. Required fields are marked *