ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ကို အိန္ဒိယနိုင်ငံထုတ်နိုင်ခဲ့ပါက မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံအတွက် အလွန်အကျိုးဖြစ်မည်ဟု အတိုင်ပင်ခံပြော



ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ကို အိန္ဒိယနိုင်ငံထုတ်နိုင်ခဲ့ပါက မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံအတွက် အလွန်အကျိုးဖြစ်မည်ဟု အတိုင်ပင်ခံပြော




Unicode

COVID-19 ကာကွယ်ဆေး ကို အိန္ဒိယနိုင်ငံက ထုတ်လုပ်နိုင်ခဲ့ပါက မြန်မာနိုင်ငံ အတွက် လွန်စွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောသည် ။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် COVID-19 ရောဂါရှာဖွေခြင်းတာဝန်ခံ၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ခံ၊ ကုသခြင်းဆိုင်ရာ တာဝန်ခံ များနှင့် ဧပြီလ ၃၀ ရက်က COVID-19 ရောဂါ အတွက် အပြန်အလှန်ဆွေးနွေးခြင်း ၌ အောက်ပါ အတိုင်းပြောကြား ခဲ့သည် ။

“ ကျွန်မတို့မြန်မာနိုင်ငံလို သိပ်ပြီးတော့ ငွေရေးကြေးရေး မကြွယ်ဝတဲ့နိုင်ငံတွေအတွက် ဆိုရင် အိန္ဒိယဘက်ကနေများများမှန်မှန်ကန်ကန်နဲ့ပေါပေါ ထုတ်နိုင်ခဲ့မယ်ဆိုရင် အများကြီး အထောက်အကူ ဖြစ်တာပေါ့။ HIV တုန်းကလည်းအိန္ဒိယဘက်ေ နဈေး သက်သက်သာသာ နဲ့ ထုတ်လုပ်တဲ့ အခါကျတော့ သိပ်မချမ်းသာတဲ့ နိုင်ငံတွေအတွက် အကျိုးဖြစ်တာပေါ့ ဒါကတော့ အဖြေမြန်မြန်ထွက် ပါစေလို့ ဆုတောင်းရပါတယ် ” ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

လက်ရှိ တွင် COVID-19 နှင့် ပတ်သက် ၍ ကာကွယ်ရေး၊ ကုသဆေးများ မထွက်ရှိသေးသော်လည်း ဆေးရှာဖွေနေကြကြောင်းလည်း ၎င်း ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ မှာ Covid-19 ရောဂါ ကူးစက်ခံရသူ ၁၅၀ ဦး သေဆုံးသူ ၆ ဦး ပြန်လည်ကောင်းမွန်လာသူ ၁၆ ဦး အထိရှိနေပြီဖြစ်သည် ။

Add a Comment

Your email address will not be published. Required fields are marked *