အေမရိကန္နိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕တြင္ COVID-19 ေရာဂါ လကၡဏာျပျပ မျပျပ ေဒသခံအားလံုးကို ကိုရိုနာဗိုင္းရပ္စ္ အခမဲ႔ စစ္ေဆးေပးမည္

အေမရိကန္နိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ နဲ႕ ေလာ့စ္အိန္ဂ်လိစ္ ေကာင္တီ မွာ COVID-19 ေရာဂါ လကၡဏာျပျခင္း မျပျခင္း အေပၚ အဓိကမထားဘဲ ေဒသခံ အားလုံးကို ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးမႈ မ်ား အခမဲ့ လုပ္ေဆာင္ေပးသြား မွာ ျဖစ္ ပါ တယ္ ။

ေလာ့စ္အိန္ဂ်လိစ္ ေကာင္တီ မွာ တစ္ရက္ အတြင္း COVID-19 အတည္ျပဳလူနာ အျမင့္ဆုံးႏႈန္းျဖင့္ တိုးလာခဲ့ၿပီးေနာက္ နာရီပိုင္း အၾကာ မွာ ၿမိဳ႕ေတာ္ဝန္ Eric Garcetti က ေဒသခံအားလုံး ကို အခမဲ့ ဗိုင္းရပ္စ္စစ္ေဆးမႈ အစီအစဥ္ကို ထုတ္ျပန္ေၾကညာခဲ့တာလည္း ျဖစ္ပါတယ္ ။

ၿမိဳ႕ေတာ္ဝန္ Eric Garcetti

လက္ ရွိ အခ်ိန္ အထိေတာ့ ေလာ့စ္အိန္ဂ်လိစ္မွာ စစ္ေဆးမႈကိရိယာ မလုံေလာက္မႈေၾကာင့္ မျဖစ္မေန စစ္ဆးရမယ့္ ဝန္ထမ္းမ်ားနဲ႕ ေရာဂါလကၡဏရွိသူမ်ားကိုသာ ဗိုင္းရပ္စ္စစ္ေ ပးခဲ့ ပါ တယ္။ ထိုအေတာ အတြင္း ကယ္လီဖိုးနီးယားျပည္နယ္ Orange County ရွိ ကမ္းေျခအားလုံး ကို ပိတ္ထားရန္ ျပည္နယ္အစိုးရက အမိန႔္ထုတ္လိုက္ေၾကာင္းလည္း သိရ ပါတယ္။

အေမရိကန္နိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕တြင္ COVID-19 ေရာဂါ လကၡဏာျပျပ မျပျပ ေဒသခံအားလံုးကို ကိုရိုနာဗိုင္းရပ္စ္ အခမဲ႔ စစ္ေဆးေပးမည္

ကယ္လီဖိုးနီးယားဟာ အေမရိကန္ မွာ လူဦးေရ အထူထပ္ဆုံး ျပည္နယ္ျဖစ္ၿပီး ကမ္းေျခအခ်ိဳ႕ကို ရက္သတၱပတ္ၾကာ ပိတ္ထားခဲ့ေပမဲ့ အျခား ကမ္းေျခေတြကိုေတာ့ လူမ်ား ခပ္ခြာခြာေနၾကရမယ့္ စည္းမ်ဥ္းစည္းကမ္းမ်ား နဲ႕အတူ ဆက္လက္ ဖြင့္ထားခဲ့ ပါတယ္။ Orange County ဆက္လက္ဖြင့္ထားတဲ့ ကမ္းေျခေတြ မွာ သီတင္းပတ္ကုန္ ရက္မ်ား အတြင္း လူအမ်ားအျပား လာေရာက္ခဲ့တာ ေတြ႕ရပါတယ္။

အေမရိကန္နိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕တြင္ COVID-19 ေရာဂါ လကၡဏာျပျပ မျပျပ ေဒသခံအားလံုးကို ကိုရိုနာဗိုင္းရပ္စ္ အခမဲ႔ စစ္ေဆးေပးမည္

ထိုအေျခအေနမွာ ကမ္းေျခကိုလာေရာက္ၿပီး ေနပူစာလႈံၾကသူအခ်ိဳ႕က COVID-19 တိုက္ဖ်က္ေရး စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္မႈေတြရွိလာခဲ့ရာ ေလာ့စ္အိန္ဂ်လိစ္ေတာင္ဘက္ရွိ Orangee Count မွ ကမ္းေျခမ်ားကို ပိတ္ထားရန္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Gavin Newsom က အမိန႔္ထုတ္ခဲ့တာ ျဖစ္ပါတယ္။

ကမ္းေျခကိုလာေရာက္ၿပီး ေနပူစာလႈံၾကသူမ်ား

ကယ္လီဖိုးနီးယားျပည္နယ္တစ္ခုလုံးမွာ COVID-19 ကူးစက္မႈေတြရဲ႕ ထက္ဝက္နီးပါးကို ေလာ့စ္အိန္ဂ်လိစ္ေကာင္တီမွာ ေတြ႕ရွိထားရပါတယ္။ ေလာ့စ္အိန္ဂ်လိစ္ေကာင္တီမွာ လက္ရွိအခ်ိန္အထိ ကူးစက္ခံရသူ ၄၈,၀၀၀ ေက်ာ္နဲ႕ ေသဆုံးသူ ၁,၉၀၀ ရွိခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္နိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕တြင္ COVID-19 ေရာဂါ လကၡဏာျပျပ မျပျပ ေဒသခံအားလံုးကို ကိုရိုနာဗိုင္းရပ္စ္ အခမဲ႔ စစ္ေဆးေပးမည္

ကမာၻတစ္ဝွမ္းမွာ COVID-19 ကူးစက္မႈနဲ႕ ေသဆုံးမႈေတြအနက္ အေမရိကန္က အမ်ားဆုံးလည္း ျဖစ္ေနပါတယ္။ ယေန႕ (ေမ ၁ ရက္) မနက္ပိုင္းအထိ အေမရိကန္မွာ ကူးစက္ခံရသူ တစ္သန္းေက်ာ္ (၁,၀၉၅,၀၁၉ ဦး) နဲ႕ ေသဆုံးသူ ၆၃,၈၅၆ ဦးအထိ ျမင့္တက္ခဲ့ၿပီး ျပန္လည္သက္သာသူ ၁၅၂,၃၂၄ ဦး ရွိခဲ့ပါတယ္။

Source: NPR, LA Times, BBC

Unicode

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ နဲ့ လော့စ်အိန်ဂျလိစ် ကောင်တီ မှာ COVID-19 ရောဂါ လက္ခဏာပြခြင်း မပြခြင်း အပေါ် အဓိကမထားဘဲ ဒေသခံ အားလုံးကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ အခမဲ့ လုပ်ဆောင်ပေးသွား မှာ ဖြစ် ပါ တယ် ။

လော့စ်အိန်ဂျလိစ် ကောင်တီ မှာ တစ်ရက် အတွင်း COVID-19 အတည်ပြုလူနာ အမြင့်ဆုံးနှုန်းဖြင့် တိုးလာခဲ့ပြီးနောက် နာရီပိုင်း အကြာ မှာ မြို့တော်ဝန် Eric Garcetti က ဒေသခံအားလုံး ကို အခမဲ့ ဗိုင်းရပ်စ်စစ်ဆေးမှု အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့တာလည်း ဖြစ်ပါတယ် ။

လက်ရှိအချိန် အထိတော့ လော့စ်အိန်ဂျလိစ်မှာ စစ်ဆေးမှုကိရိယာ မလုံလောက်မှုကြောင့် မဖြစ်မနေ စစ်ဆးရမယ့် ဝန်ထမ်းများနဲ့ ရောဂါလက္ခဏရှိသူများကိုသာ ဗိုင်းရပ်စ်စစ်ပေးခဲ့ပါတယ်။ ထိုအတောအတွင်း ကယ်လီဖိုးနီးယားပြည်နယ် Orange County ရှိ ကမ်းခြေအားလုံးကို ပိတ်ထားရန် ပြည်နယ်အစိုးရက အမိန့်ထုတ်လိုက်ကြောင်းလည်း သိရပါတယ်။

ကယ်လီဖိုးနီးယားဟာ အမေရိကန်မှာ လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး ကမ်းခြေအချို့ကို ရက်သတ္တပတ်ကြာ ပိတ်ထားခဲ့ပေမဲ့ အခြား ကမ်းခြေတွေကိုတော့ လူများ ခပ်ခွာခွာနေကြရမယ့် စည်းမျဉ်းစည်းကမ်းများနဲ့အတူ ဆက်လက် ဖွင့်ထားခဲ့ပါတယ်။ Orange County ဆက်လက်ဖွင့်ထားတဲ့ ကမ်းခြေတွေမှာ သီတင်းပတ်ကုန် ရက်များအတွင်း လူအများအပြား လာရောက်ခဲ့တာ တွေ့ရပါတယ်။

ထိုအခြေအနေမှာ ကမ်းခြေကိုလာရောက်ပြီး နေပူစာလှုံကြသူအချို့က COVID-19 တိုက်ဖျက်ရေး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှုတွေရှိလာခဲ့ရာ လော့စ်အိန်ဂျလိစ်တောင်ဘက်ရှိ Orangee Count မှ ကမ်းခြေများကို ပိတ်ထားရန် ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးမှာ COVID-19 ကူးစက်မှုတွေရဲ့ ထက်ဝက်နီးပါးကို လော့စ်အိန်ဂျလိစ်ကောင်တီမှာ တွေ့ရှိထားရပါတယ်။ လော့စ်အိန်ဂျလိစ်ကောင်တီမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၉၀၀ ရှိခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေအနက် အမေရိကန်က အများဆုံးလည်း ဖြစ်နေပါတယ်။ ယနေ့ (မေ ၁ ရက်) မနက်ပိုင်းအထိ အမေရိကန်မှာ ကူးစက်ခံရသူ တစ်သန်းကျော် (၁,၀၉၅,၀၁၉ ဦး) နဲ့ သေဆုံးသူ ၆၃,၈၅၆ ဦးအထိ မြင့်တက်ခဲ့ပြီး ပြန်လည်သက်သာသူ ၁၅၂,၃၂၄ ဦး ရှိခဲ့ပါတယ်။

Source: NPR, LA Times, BBC

Add a Comment

Your email address will not be published. Required fields are marked *