ေမလ ( ၁ ) ရက္ေန႔ Covid-19 နဲ႕ ပတ္သက္ျပီး ျပည္သူေတြအတြက္ နိုင္ငံေတာ္အတိုင္ပင္ခံ ေရးသားထားေသာစာ

ေမလ (၁) ရက္ေန႕ ေရာက္လာ ပါၿပီ ။ Covid-19 နဲ႕ ပတ္သက္ တဲ့ က်န္းမာေရး၊ စီးပြါးေရး အစီအစဥ္ေတြ ပထမဆုံး ခ်မွတ္ ခဲ့တဲ့ အခ်ိန္ ကစၿပီးတြက္ရင္ (၅) လထဲ ဝင္လာပါၿပီ။ ယခု ထိေတာ့ ကြၽန္မတို႔ Covid-19 ေရာဂါကို ထိန္းထား နိုင္တယ္ လို႔ ဆိုရ ပါ မယ္ ။

ေရာဂါ ကူးစက္သူေပါင္း ၁၅၁ ၊ ဆုံးပါးသြားသူ ၆ ဦး၊ ေပ်ာက္ကင္းသူ ၂၈ ဦး ။ အျခားနိုင္ငံမ်ားနဲ႕ ႏွိုင္းယွဥ္ၾကည့္ရင္ အေျခအေန အသက္သာဆုံး ထဲမွာ ပါတယ္လို႔ ေျပာနိုင္ ပါတယ္။ ဒါဟာ သက္ဆိုင္ရာဌာနေတြ အားလုံးရဲ႕ ႀကိဳးပမ္းမႈ နဲ႕ အဓိကျဖစ္တဲ့ ျပည္သူ ေတြ ရဲ႕ ပူးေပါင္းပါဝင္မႈေၾကာင့္ ျဖစ္ပါ တယ္ ။

ေမလ ( ၁ ) ရက္ေန႔ Covid-19 နဲ႕ ပတ္သက္ျပီး ျပည္သူေတြအတြက္ နိုင္ငံေတာ္အတိုင္ပင္ခံ ေရးသားထားေသာစာ

ေရွ႕မွာဆက္ၿပီး ႀကိဳးပမ္းၾကရ ပါအုန္းမယ္ ။ သိန္းဂဏန္းထိ မ်ားနိုင္တဲ့ ျပည္ေတာ္ျပန္ေတြ အတြက္က်န္းမာေရး ေစာင့္ေရွာက္မႈအစီအစဥ္ေတြ၊ မုတ္သုံနဲ႕အတူ ျဖစ္ေလ့ရွိတဲ့ တုပ္ေကြး ၊ေသြးလြန္တုပ္ေကြး အႏၲရာယ္ ကာကြယ္ေရးေတြ၊ အျခား ျမားေျမာင္လွတဲ့ ဤလူ႕ေဘာင္ ကိစၥေတြ၊ ဤနိုင္ငံ ကိစၥေတြ ဒါေတြ အားလုံးကို ေက်ာ္ျဖတ္ၾကရ ပါမယ္ ။

ဖတ္လိုက္ရတာ နဲ႕ ေမာသြားလား။ မေမာပါနဲ႕။ အင္မတန္ခက္ခဲ ရႈပ္ေထြးတယ္ ထင္ရတဲ့ ကိစၥဟာ တကယ္ေတာ့ ရိုးရိုးရွင္းရွင္းေလး ပါပဲ။ ကြၽန္မတို႔ေတြ တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္း ကိုယ္လုပ္သင့္ လုပ္ထိုက္တာကို မွန္မွန္ကန္ကန္ လုပ္သြားဖို႔ပါပဲ။

ေဖေဖ ဘုန္းႀကီးေက်ာင္းသားေလး ေလသံေလး နဲ႕ မိန႔္ခြန္း တစ္ခုကို နိဂုံး ခ်ဳပ္သလို – အပၸမာေဒန သမၸာေဒထ

(မေမ့ေသာ သတိျဖင့္ ၿပီးစီးျပည့္စုံ လုံၿခဳံေအာင္ ေစာင့္ထိန္းၾကပါေလ)

Source – Aung San Suu Kyi

Unicode

မေလ (၁) ရက်နေ့ ရောက်လာ ပါပြီ ။ Covid-19 နဲ့ ပတ်သက် တဲ့ ကျန်းမာရေး၊ စီးပွါးရေး အစီအစဉ်တွေ ပထမဆုံး ချမှတ် ခဲ့တဲ့ အချိန် ကစပြီးတွက်ရင် (၅) လထဲ ဝင်လာပါပြီ။ ယခု ထိတော့ ကျွန်မတို့ Covid-19 ရောဂါကို ထိန်းထား နိုင်တယ် လို့ ဆိုရ ပါ မယ် ။

ရောဂါ ကူးစက်သူပေါင်း ၁၅၁ ၊ ဆုံးပါးသွားသူ ၆ ဦး၊ ပျောက်ကင်းသူ ၂၈ ဦး ။ အခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ကြည့်ရင် အခြေအနေ အသက်သာဆုံး ထဲမှာ ပါတယ်လို့ ပြောနိုင် ပါတယ်။ ဒါဟာ သက်ဆိုင်ရာဌာနတွေ အားလုံးရဲ့ ကြိုးပမ်းမှု နဲ့ အဓိကဖြစ်တဲ့ ပြည်သူ တွေ ရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်ပါ တယ် ။

ရှေ့မှာဆက်ပြီး ကြိုးပမ်းကြရ ပါအုန်းမယ် ။ သိန်းဂဏန်းထိ များနိုင်တဲ့ ပြည်တော်ပြန်တွေ အတွက်ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်တွေ၊ မုတ်သုံနဲ့အတူ ဖြစ်လေ့ရှိတဲ့ တုပ်ကွေး ၊သွေးလွန်တုပ်ကွေး အန္တရာယ် ကာကွယ်ရေးတွေ၊ အခြား မြားမြောင်လှတဲ့ ဤလူ့ဘောင် ကိစ္စတွေ၊ ဤနိုင်ငံ ကိစ္စတွေ ဒါတွေ အားလုံးကို ကျော်ဖြတ်ကြရ ပါမယ် ။

ဖတ်လိုက်ရတာ နဲ့ မောသွားလား။ မမောပါနဲ့။ အင်မတန်ခက်ခဲ ရှုပ်ထွေးတယ် ထင်ရတဲ့ ကိစ္စဟာ တကယ်တော့ ရိုးရိုးရှင်းရှင်းလေး ပါပဲ။ ကျွန်မတို့တွေ တစ်ယောက်ချင်း တစ်ယောက်ချင်း ကိုယ်လုပ်သင့် လုပ်ထိုက်တာကို မှန်မှန်ကန်ကန် လုပ်သွားဖို့ပါပဲ။

ဖေဖေ ဘုန်းကြီးကျောင်းသားလေး လေသံလေး နဲ့ မိန့်ခွန်း တစ်ခုကို နိဂုံး ချုပ်သလို – အပ္ပမာဒေန သမ္ပာဒေထ

(မမေ့သော သတိဖြင့် ပြီးစီးပြည့်စုံ လုံခြုံအောင် စောင့်ထိန်းကြပါလေ)

Source – Aung San Suu Kyi

Add a Comment

Your email address will not be published. Required fields are marked *