နာရီ ( ၆၀ ) အတြင္း မုန္တိုင္း ( AMPHAN ) ဘဂၤလားပင္လယ္ေအာ္ မွ ျမန္မာ့ကမ္း႐ိုးတန္းသို႔ ေ႐ြ႕လ်ားႏိုင္ေၾကာင္း မိုးဇလ ထုတ္ျပန္

မ ၾကာ မီ ဘဂၤလားပင္လယ္ေအာ္ တြင္ ေလဖိအားနည္းမွ တဆင့္ျဖစ္ေပၚမည့္ Amphan မုန္တိုင္းသည္ ဧရာဝတီ ကမ္း႐ိုးတန္းအနီးသို ႔ ေမလ ၅ရက္ႏွင့္ ၆ ရက္ခန ႔္တြင္ စတင္ ခ်ဥ္းကပ္လာ ၿပီး ေမလ ၇ ရက္ႏွင့္ ၈ ရက္ခန႔္ တြင္ ရခိုင္ကမ္း ႐ိုးတန္း သို႔ တစ္နာရီ မိုင္ ၇၀ ခန႔္ ျဖင့္ ျဖတ္ ေက်ာ္ႏိုင္ေၾကာင္း မုန္ တိုင္းခန႔္မွန္းေရး ကြန္ပ်ဴတာေမာ္ ဒယ္မ်ားကေဖာ္ျပေန သည္ ။

‘ ဧရာဝတီကို ဝင္ရင္ေစာ မယ္ ။ ရခိုင္ကို ဝင္ရင္ အနည္းငယ္ ေနာက္က်မယ္ ’’ဟု ေဒါက္တာ ေက်ာ္မိုးဦး က ရွင္းျပ သည္ ။ မုန္တိုင္းသတိေပး ခ်က္မ်ား ကို မိုးေလဝသႏွင့္ဇလေဗဒၫႊန္ ၾကားမႈဦးစီးဌာနမွရရွိေနၿပီး ႀကိဳ တင္ကာကြယ္ေရး စတင္ေဆာင္ ႐ြက္ေနေၾကာင္း ဧရာဝတီတိုင္း ေဒသႀကီး ႏွင့္ ရခိုင္ျပည္နယ္ အစိုး ရအဖြဲ႕ တာဝန္ရွိသူ မ်ားက ေျပာ ၾကား ထားသည္။

နာရီ ( ၆၀ ) အတြင္း မုန္တိုင္း ( AMPHAN ) ဘဂၤလားပင္လယ္ေအာ္ မွ ျမန္မာ့ကမ္း႐ိုးတန္းသို႔ ေ႐ြ႕လ်ားႏိုင္ေၾကာင္း မိုးဇလ ထုတ္ျပန္

လက္ရွိ ရာသီဥတု အေျခအ ေန ကို မိုးေလဝသႏွင့္ဇလေဗဒ ၫႊန္ၾကားမႈဦးစီး ဌာနက ဧၿပီ ၃၀ ရက္ ညေန တြင္ ထုတ္ျပန္ ထားရာ ရန္ကုန္ႏွင့္ ေနျပည္ေတာ္ အပါအ ဝင္ ေဒသအမ်ား အျပားတြင္ ေန ရာကြက္ ၍ မိုး႐ြာႏိုင္ ေၾကာင္း သတိ ေပးထားသည္။ ရန္ကုန္ၿမိဳ႕တြင္ ဧၿပီ ၃၀ရက္ ညေန က ေနရာကြက္ ၍ မိုးေကာင္း ခဲ့ၿပီး ေနရာအခ်ိဳ႕ တြင္ မိုးႀကိဳးပစ္ခဲ့ သည္။

စစ္ကိုင္းတိုင္းတြင္လည္း ဧၿပီ ၃၀ရက္ ေန႔လယ္ က ေနရာ ကြက္မိုးႀကီးၿပီး ေလျပင္းက်ခဲ့ရာ ဟုမၼလင္း၊ ေမာ္လိုက္ႏွင့္ ေဖာင္း ျပင္ၿမိဳ႕တြင္ ေနအိမ္အခ်ိဳ႕ ပ်က္စီး ခဲ့သည္။ ကနီၿမိဳ႕တြင္ ေခ်ာင္းကူး တံတားတစ္စင္း က်ိဳးက်ၿပီး ကား တစ္စီးပ်က္စီးခဲ့သည္ ။

နာရီ ( ၆၀ ) အတြင္း မုန္တိုင္း ( AMPHAN ) ဘဂၤလားပင္လယ္ေအာ္ မွ ျမန္မာ့ကမ္း႐ိုးတန္းသို႔ ေ႐ြ႕လ်ားႏိုင္ေၾကာင္း မိုးဇလ ထုတ္ျပန္

ဧၿပီ ၃၀ရက္ တိုင္းတာခ်က္ အရ ကပၸလီ ပင္လယ္ျပင္ေတာင္ ပိုင္းႏွင့္ ဘဂၤလား ပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတြင္ ယေန႔ (ေမလ ၁ရက္) မွ၍ ေလဖိအား နည္းရပ္ဝန္း တစ္ခု ျဖစ္ေပၚႏိုင္ၿပီး ေမလ ၃ရက္ခန႔္ တြင္ မုန္တိုင္းငယ္ ျဖစ္လာႏိုင္ေၾကာင္း ၊ ထို႔ေနာက္ ျမန္မာ့ကမ္း႐ိုးတန္း ဘက္သို႔ ဦး တည္ေ႐ြ႕လ်ားလာႏိုင္ေၾကာင္း သတိေပးထားသည္။

‘‘ကြန္ပ်ဴတာ ေမာ္ဒယ္အား လုံးလိုလိုက ျမန္မာ့ကမ္း႐ိုးတန္း ဘက္ကိုဝင္မယ္လို႔ ျပေနတယ္။ ဝင္မယ့္လမ္းေၾကာင္းက ရခိုင္ ကမ္း႐ိုးတန္း ဘက္ကို ၈၀ ရာခိုင္ ႏႈန္း ဧရာဝတီ ကမ္း႐ိုးတန္း ဘက္ ကို ၁၀ ရာခိုင္ႏႈန္းေလာက္ ျပေနပါ တယ္’’ဟု မိုးေလဝသႏွင့္ ဇလ ေဗဒၫႊန္ၾကားမႈ ဦးစီးဌာန ၫႊန္ ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္ မိုးဦးက‌ေျပာသည္ ။

အထက္ပါ မုန္တိုင္း သည္ ေမလ ၃ရက္မွစ၍ အမည္တပ္ မုန္တိုင္း အဆင့္ ေရာက္လာမည္ ျဖစ္ၿပီး Amphan မုန္တိုင္းဟု အ မည္တြင္မည္ ျဖစ္သည္ ။ မုန္တိုင္း ဦးတည္မည့္ ေနရာ အတိအက် ႏွင့္ ေလတိုက္ႏႈန္း ကို လတ္တေလာ မေျပာ ႏိုင္ေသး ေသာ္လည္း ဧရာဝတီႏွင့္ ရခိုင္ ကမ္း ႐ိုးတန္းေန ေဒသခံမ်ားသည္ ေမလ ၃ရက္မွစ ၍ သတိျပဳေန ထိုင္ရန္ ေဒါက္တာေက်ာ္မိုးဦး က သတိေပးသည္ ။

REF: မိုး/ဇလ

Unicode

မ ကြာ မီ ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းမှ တဆင့်ဖြစ်ပေါ်မည့် Amphan မုန်တိုင်းသည် ဧရာဝတီ ကမ်းရိုးတန်းအနီးသို့ မေလ ၅ရက်နှင့် ၆ ရက်ခန့်တွင် စတင် ချဉ်းကပ်လာ ပြီး မေလ ၇ ရက်နှင့် ၈ ရက်ခန့် တွင် ရခိုင်ကမ်း ရိုးတန်း သို့ တစ်နာရီ မိုင် ၇၀ ခန့် ဖြင့် ဖြတ် ကျော်နိုင်ကြောင်း မုန် တိုင်းခန့်မှန်းရေး ကွန်ပျူတာမော် ဒယ်များကဖော်ပြနေ သည် ။

‘ ဧရာဝတီကို ဝင်ရင်စော မယ် ။ ရခိုင်ကို ဝင်ရင် အနည်းငယ် နောက်ကျမယ် ’’ဟု ဒေါက်တာ ကျော်မိုးဦး က ရှင်းပြ သည် ။ မုန်တိုင်းသတိပေး ချက်များ ကို မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှရရှိနေပြီး ကြို တင်ကာကွယ်ရေး စတင်ဆောင် ရွက်နေကြောင်း ဧရာဝတီတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ် အစိုး ရအဖွဲ့ တာဝန်ရှိသူ များက ပြော ကြား ထားသည်။

လက်ရှိ ရာသီဥတု အခြေအ နေ ကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက ဧပြီ ၃၀ ရက် ညနေ တွင် ထုတ်ပြန် ထားရာ ရန်ကုန်နှင့် နေပြည်တော် အပါအ ဝင် ဒေသအများ အပြားတွင် နေ ရာကွက် ၍ မိုးရွာနိုင် ကြောင်း သတိ ပေးထားသည်။ ရန်ကုန်မြို့တွင် ဧပြီ ၃၀ရက် ညနေ က နေရာကွက် ၍ မိုးကောင်း ခဲ့ပြီး နေရာအချို့ တွင် မိုးကြိုးပစ်ခဲ့ သည်။

စစ်ကိုင်းတိုင်းတွင်လည်း ဧပြီ ၃၀ရက် နေ့လယ် က နေရာ ကွက်မိုးကြီးပြီး လေပြင်းကျခဲ့ရာ ဟုမ္မလင်း၊ မော်လိုက်နှင့် ဖောင်း ပြင်မြို့တွင် နေအိမ်အချို့ ပျက်စီး ခဲ့သည်။ ကနီမြို့တွင် ချောင်းကူး တံတားတစ်စင်း ကျိုးကျပြီး ကား တစ်စီးပျက်စီးခဲ့သည် ။

ဧပြီ ၃၀ရက် တိုင်းတာချက် အရ ကပ္ပလီ ပင်လယ်ပြင်တောင် ပိုင်းနှင့် ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ယနေ့ (မေလ ၁ရက်) မှ၍ လေဖိအား နည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်ပြီး မေလ ၃ရက်ခန့် တွင် မုန်တိုင်းငယ် ဖြစ်လာနိုင်ကြောင်း ၊ ထို့နောက် မြန်မာ့ကမ်းရိုးတန်း ဘက်သို့ ဦး တည်ရွေ့လျားလာနိုင်ကြောင်း သတိပေးထားသည်။

‘‘ကွန်ပျူတာ မော်ဒယ်အား လုံးလိုလိုက မြန်မာ့ကမ်းရိုးတန်း ဘက်ကိုဝင်မယ်လို့ ပြနေတယ်။ ဝင်မယ့်လမ်းကြောင်းက ရခိုင် ကမ်းရိုးတန်း ဘက်ကို ၈၀ ရာခိုင် နှုန်း ဧရာဝတီ ကမ်းရိုးတန်း ဘက် ကို ၁၀ ရာခိုင်နှုန်းလောက် ပြနေပါ တယ်’’ဟု မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါက်တာကျော် မိုးဦးက‌ပြောသည် ။

အထက်ပါ မုန်တိုင်း သည် မေလ ၃ရက်မှစ၍ အမည်တပ် မုန်တိုင်း အဆင့် ရောက်လာမည် ဖြစ်ပြီး Amphan မုန်တိုင်းဟု အ မည်တွင်မည် ဖြစ်သည် ။ မုန်တိုင်း ဦးတည်မည့် နေရာ အတိအကျ နှင့် လေတိုက်နှုန်း ကို လတ်တလော မပြော နိုင်သေး သော်လည်း ဧရာဝတီနှင့် ရခိုင် ကမ်း ရိုးတန်းနေ ဒေသခံများသည် မေလ ၃ရက်မှစ ၍ သတိပြုနေ ထိုင်ရန် ဒေါက်တာကျော်မိုးဦး က သတိပေးသည် ။

REF: မိုး/ဇလ

Add a Comment

Your email address will not be published. Required fields are marked *