ကမ္ဘာမှာ Covid-19 အောင်နိုင်သူ လက်တစ်ဆုပ်စာထဲက စကာင်္ပူက အသက် ( ၁၀၂ ) နှစ် ဖွားဖွား


ကမ္ဘာမှာ ကိုဗစ်အောင်နိုင်သူ လက်တစ်ဆုပ်စာထဲက စကာင်္ပူက အသက် ( ၁၀၂ ) နှစ် ဖွားဖွား



ကမ္ဘာမှာ ကိုဗစ်အောင်နိုင်သူ လက်တစ်ဆုပ်စာထဲက စကာင်္ပူက အသက် ( ၁၀၂ ) နှစ် ဖွားဖွား

Moral of the story




Richard Myo Thant

Unicode

စင်ကာပူမှာ အသက် 102 နှစ်ရှိ Yap Lay Hong ဟာ စင်ကာပူရဲ့ အသက်အကြီးဆုံး Covid-19 ကိုအောင်နိုင်သူဖြစ်လာပါတယ်။ သူမဟာ Lee Ah Mooi ဘိုးဘွားရိပ်သာက အခြား 16 ယောက်နဲ့အတူ ရောဂါပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ Lee Ah Mooi ကနေ အသက် 96 နှစ်တစ်ယောက်ပဲ ဆေးရုံမှာကျန်ပါတော့တယ်။

Yap ဟာ ကမ္ဘာမှာ Covid-19 ကိုအောင်နိုင်သူ အသက်အကြီးဆုံး လက်တစ်ဆုပ်စာထဲမှာ ပါပါတယ် ။ သူမမှာ သားသမီး 5 ယောက်၊ မြေး 11 ယောက်နဲ့ မြစ် 13 ယောက်ရှိပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး Covid-19 ကိုအောင်နိုင်ခဲ့သူကတော့ နယ်သာလန်က Cornelia Ras ဆိုတဲ့ အသက် 107 နှစ် အဖွားအိုပါပဲ။

Moral of the story

သူတို့အသက် 100 ကျော်တွေတောင်မှ Covid-19 ကို အောင်မြင်စွာအနိုင်ယူနိုင်သေးရင် Quarantine ဝင်နေရသူတွေ၊ positive ဖြစ်နေသူတွေ အနေနဲ့ စိတ်ဓာတ်မကျဖို့ အားပေးလိုပါတယ်။ ကိုယ်တိုင် closed contact ဖြစ်ဖူးပြီး “ငါသာ Covid-19 ဖြစ်ခဲ့သော်”ကို တွေးဖူးသူမို့ ကျနော်ရေးပြီး အားပေးတာပါ။

သူတို့နိုင်ငံတွေမှာ သားသမီးမြေးဘယ်လောက်များများ အနီးကပ်မနေရပဲ ဘိုးဘွားရိပ်သာမှာ နေဝင်ချိန်ကို ဖြတ်ကျော်နေရတာကို သံဝေဂရပါ။ ကိုယ့်အတွက်ကိုယ်အရင်လုပ်ကြပါ။ မြန်မာပြည်မှာလည်း ဒါမျိုးကမကြာခင် ဖြစ်လာမှာပါ။ မိသားစုအချိန်ကိုတန်ဖိုးထားကြပါ။

နောက်ဆုံးပြောချင်တာကတော့…. အဲ့ဒီ အသက် ရာကျော်တွေကလည်း အဘွားအိုတွေပိုများနေခြင်းပါပဲ…

Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *