တော်ရုံတိုင်းပြည်မချရဲတဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာပြည်ရဲ့ ကိုဗစ်စစ်ပွဲ

တသိန်းနော် …တသိန်း ….

ပြန်ဝင် လာမယ့် သူတွေ တသိန်း လောက် ရှိတယ် လို့ အမေ ပြောသွားတာပါ ။ ဒါဟာ ကမ္ဘာမီးလောင် သားတောင် ချနင်း ၊ ကိုဗစ် နဲ့ စစ်ဖြစ်နေတဲ့ ကာလ မှာတော်ရုံ တိုင်းပြည် မချရဲ တဲ့ ဆုံးဖြတ် ချက် ပါ ပဲ ။

ဒါ မိဘ မေတ္တာပါ ။ တချိန်မှာ ကျနော် တို့ နိုင်ငံဟာ ကောင်းကောင်း ဆိုးဆိုး ကိုယ့် နိုင်ငံသား ကို မပစ်ထားဘူး ဆို တာ သက်သေပြ နိုင်မယ့် သမိုင်းပါ ။

ဒါဆို ကျနော်တို့ ပြည်သူတွေ ဖက်က ဘာတွေ ပြင်ထားသင့်သလဲ ။ အမေ့ ဗီဒီယို ကွန်ဖရင့် အပြီးမှာ ပဲယူကေ က ကျနော့် ညီငယ် ဆရာဝန်လေး က ဖုန်းဆက်လာပါတယ် ။သူက အဲ့ဒီမှာ တာဝန်ခံ အဆင့် ပါ ။ကျနော် အရမ်းစိုးရိမ်တယ် အကိုတဲ့ ။အမေ့ ကို လည်း ကိုယ်ချင်းစာတယ်။ ပစ်မထား လို့ ဝမ်းသာမိတယ် ။

တော်ရုံတိုင်းပြည်မချရဲတဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာပြည်ရဲ့ ကိုဗစ်စစ်ပွဲ

သူ ကိုယ်တိုင် လည်း ကိုဗစ် ဖြစ်ပြီးပြီ ။အခုထိ မသက်သာသေးပါဘူး ။ထပ်ကျော့ မယ့် လက္ခဏာတွေ ပြနေတယ် ။ အရမ်း နှုံး နေတယ် ။ အလုပ်ကတော့ နားလိုက် ဆင်းလိုက် လုပ်နေရဆဲ ပါပဲ ။တရက် တရက် တိမ်းပါးသွားတဲ့ လူနာရှင် မိသားစု တွေ အဖေ အမေ တွေ က်ုစိတ်မကောင်း ပါဘူး ပြောရတာ မရပ်မနားပါပဲတဲ့ ။ အရမ်းလည်း စိတ်မကောင်း
ဖြစ်ရပါတယ်တဲ့ ။

ဒါတောင် သူ့ ဆေးရုံက ICU မှာ လူနာကုတင် ငါးရာ ရှိတာပါ တဲ့ ။ ယူကေက NHS ဆရာဝန် တစ်ရာ့ ငါးဆယ်ကျော် ကျဆုံး သွားတဲ့ က်ုဗစ် စစ် ကိုသူတို့ အနိုင် တိုက်နေဆဲ ပါတဲ့ ။ကိုဗစ် ဟာ ဓန အင်အားတခု တည်းနဲ့အနိုင် မတိုက်နိုင်ပါဘူး ။ လူတွေ ရဲ့အသိတွေ အင်အားတွေ အများကြီးလိုပါတယ် ။ကျနော် တို့ ပေါ့လို့ မရပါဘူး ။ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေ ကို တိတိကျကျလိုက်နာဖို့ လိုပါတယ် ။

ပြန်လာသူ များလည်း Q ကို စနစ်တကျဝင်ဖို့ လိုသလို ဒီက လူတွေ လည်း ထိတွေ့မှု အနည်းဆုံး ဖြစ်အောင် အပြင်မထွက်ဖို့၊ အိမ်မှာ နေဖို့ အရမ်း အရေးကြီးလာပါပြီ ။ကျနော် တို့ မျှော်လင့် ချက်ဟာ အိန္ဒိယက ထုတ်မယ့် ကာကွယ်ဆေး ပါပဲ ။လက်ဦးမှု အရ ယူပြီး ဝယ်နိုင်ဖို့ လ်ုပါတယ် ။ လမ်းကြောင်း လည်း ရှိတယ် ။အရင်ထဲက ဆေးဈေးကွက် ဟာ အိန္ဒိယကို မှီနေတာမို့ အဆင်ပြေ မယ်လို့မျှော်လင့် မိပါတယ် ။

ဟရေး တို့ ပြည်ဟာ စီလုပ် လို မညစ်တတ် ၊ မယုတ်မာ တတ်ဘူး လို့ ထင်ကြောင်း ပါ ။

Zarni Zeya

Add a Comment

Your email address will not be published. Required fields are marked *