မ်က္ရည္ေတြၾကားထဲက ပစ္ခဲ့ ရတဲ့ က်ည္ဆန္ေတြ ရွိ တယ္

ငို ၿပီး ပစ္ခဲ့ ရတဲ့ က်ည္ဆန္ေတြ ရွိ တယ္

ေနရာ က ေသာင္ရင္းျမစ္ အေနာက္ျခမ္း။ အေဝးကို လွမ္းၾကည့္ရင္ စိမ္းျပာေရာင္ ေတာင္တန္းေတြက လွိုင္းတံပိုးေတြ အလား ၀န္းရံလို့။ အေနာက္ဘက္ဆီက သစ္ေမ်ာေတြ က ေသာင္ရင္းရဲ့ ရင္ကိုခြဲလို့ တအိအိနဲ႔ ဆင္းလာေနတယ္။ အျပာႏုေရာင္ အမိုးေအာက္မွာ တိမ္ျဖဴေတြက ဟိုတစ္ကြက္ ဒီတစ္ကြက္ ။

တစ္ခါတစ္ခါ ရိုးမအတြင္း က ဂ်ီေဟာက္သံက မၾကားတၾကား။ ေသာင္ရင္းျမစ္ေရက ၿငိမ္တစ္ခါ ၾကမ္းတစ္လွည့္နဲ႔ .. သံလြင္ဆီကို စီးဆင္းေနေလရဲ့။ အရာရာ ဟာ အထီးက်န္ျခင္းရဲ့ျပယုဂ္ တစ္ခုအလား တစ္စျပင္ ကဲ့သို့တိတ္ဆိတ္ၿငိမ္သတ္။ ဆက္သြယ္ေရးေျမာင္းထဲက စစ္သားတစ္ေယာက္ ပြတ္ခၽြန္းလို့ေခၚတဲ့ … (လက္ဘက္ေျခာက္ကို အိမ္သာသုံးစကၠဳနဲ႔လိပ္ထားတဲ့) ေဆးလိပ္ကို ပါးခ်ိဳင့္ေအာင္ ဖြာေနတယ္။

သူ႔အတြက္ အထီးက်န္ျခင္းကို တီးမိေခါက္မိ မရွိဘူး ပ်င္းရိျခင္းကိုနားမလည္ဘူး ။ တစ္ခါတစ္ခါ အလြမ္းကလြဲရင္ ဘာမွမပိုင္တဲ့ သူ႔အဖို့ အေဝးကအသံတစ္ခ်ိဳ့ကို နားစြင့္ရင္း ေခၽြးတစ္လုံးလုံးနဲ႔ထိုင္ေနေလရဲ့။ ေၾသာ္….သူေရာက္ေနတဲ့ေနရာက ” ရင္……ဆိုင္…….ကုန္း” ရင္ဆိုင္ကုန္းဆိုတာကေတာ့ မိမိ တပ္နဲ႔ရန္ သူ႔တပ္ ႏွစ္ခုဟာ မ်က္ႏွာခ်င္းဆိုင္ ကုန္းႏွစ္ခု အေပၚမွာစခန္းခ်ထားတာပါ။

ကိုယ့္ဘက္က က်ည္ထိုးသံ သူ ၾကား … သူ႔ဘက္က ေမာင္းတင္သံ ကိုယ္ ၾကား တဲ့ေနရာေပါ့။ စစ္ေရးသတိ အျပည့္ရွိရတဲ့ေနရာျဖစ္ၿပီး တစ္ခ်က္ မွားတာနဲ႔ ဇိဝိန္ေႂကြသြားနိုင္တယ္။ အားလုံးတိတ္ဆိတ္ ၿငိမ္သက္ ေခါင္းေတာင္မေဖာ္ၾကပဲ က်င္းေတြေျမာင္းေတြထဲမွာ အသံတိတ္ေနရတာပါ။

ဘယ္ေလာက္ၾကာေအာင္ေနရလဲဆိုေတာ့ ႏွစ္ခ်ိဳ့ေအာင္ေနရ ပါတယ္။ အရာရာကို တိတ္ဆိတ္ျခင္းကလႊမ္းမိုးလို့ အေဝးကလွမ္းၾကည့္ရင္ စခန္းပ်က္ႀကီးေတြ အလား ေပါ့ဗ်ာ။ ဒီလိုနဲ႔ပဲ ရင္ဆိုင္ကုန္းႏွစ္ခုက တပ္သားေတြ ႏွစ္ခ်ိဳ့ခဲ့ၾကတယ္။ စစ္သားလည္း လူသားေပမို့ထူးဆန္းစြာပဲ မျမင္ဘူးမေတြ႕ဘူးတဲ့ ရန္သူေတြ အခ်င္းခ်င္း သံေယာဇဥ္က တစ္စတစ္စ ေပါ့။

“ေဂါင္ ေဂါင္ ေဂါင္” (ဟန္းေကာကို ဒုတ္ႏွင့္ေခါက္သံ) “ဟိုဘက္ ကေယာက္ဖေတြေရ ဘာခ်က္လဲေဟ့” ဆက္သြယ္ေရးေျမာင္းထဲ ကျပန္ေျဖတယ္…. “၀က္သား” “ဟဟ မၿဖိးနဲ႔ေဟ့ေကာင္ေတြ မင္းတို့ဘက္က ငါးပိဖုတ္နံ့ဒီကေတာင္ရတယ္။” “ေအာင္မာ မင္းတို့ဘက္က ငွက္ေပ်ာအူ ျပဳတ္နံ့ကေရာ မနက္ကတည္း ကရေနတာ။”

“ဟင္းစားလဲမလား ” “လုပ္လိုက္ေလ ေသနတ္ မယူေၾကး … ကုန္းႏွစ္ခုၾကားက ေခ်ာင္းေျခာက္ မွာ လဲမယ္။” ဒီလိုနဲ သူတို့ေတြ ရင္းႏွီးလာခဲ့ၾကတယ္။ ဟင္းစားေတြ လဲ စားၾကတယ္။ ကုန္းႏွစ္ခုၾကားက ေခ်ာင္းေျခာက္က ျခင္းကြင္းျဖစ္ေနၿပီ။ ညေနဆို တပ္ႏွစ္ခုခ်ိန္းၿပီးျခင္းခတ္တယ္။ ေၾကးကေတာ့မမ်ားပါဘူး ကုန္းပိုးစီးေၾကး။

ငပိ တစ္ပိသာေၾကး။ စသည္ျဖစ္ေပါ့။ စစ္ေရးသတိကေတာ့ ႏွစ္ဘက္လုံးရွိၾကပါတယ္။ အစပိုင္းေတာ့ ေသနတ္ေတြ ဖြက္ယူလာခဲ့ၾကတယ္။ ေနာက္ေတာ့လည္း မယူၾကေတာ့ဘူး။ ဒီလိုနဲ႔ႏွစ္ခ်ိဳ့ လာခဲ့ၾကတယ္။ တစ္ေန႔ အမိန္႔တစ္ခုေၾကာင့္။ သို့မဟုတ္ အေျခေနတစ္ခုေၾကာင့္ … သူတို့ေတြ တိုက္ခဲ့ ၾကတယ္။

နိုင္ တဲ့ဘက္ နိုင္မယ္ ….. ရွုံးတဲ့ ဘက္ ရွုံး မယ္။ စစ္မွာ အရွုံး အနိုင္မရွိ ေသသူနဲ႔ရွင္သူပဲ ရွိသည္ေလ။ က်ေတာ္ ၾကားဘူးသေလာက္ …. တစ္ခ်ိဳ့က ငိုၿပီး ပစ္တယ္လို့ၾကားဘူးတယ္။ “စိတ္မေကာင္းပါဘူးေယာက္ဖတို့ရာ …. မင္းတို့ေျပးပါေတာ့ “လို့ နိုင္တဲ့ဘက္က ေအာ္ ပစ္ တယ္။ ၿငိမ္းခ်မ္းေရး…… က်ေတာ္တို့သိပ္လိုခ်င္တယ္ဗ်ာ။

အဲဒီလိုခံစားမွုမ်ိဳးေတြ က ခံရခက္လွတယ္။ ဒါေတြကို ၿငိမ္းခ်မ္းေရးလို့တတြင္တြင္ ေအာ္ျပေနတဲ့ ေမ်ာက္ျပဆန္ေတာင္းေတြအဖို့ နားလည္မွာမဟုတ္ပါဘူး။ ၾကဳံဘူးမွာ လဲမဟုတ္ၾကဘူး ။ အဲဒီ အဲဒီ စစ္ေျမျပင္ က ႏွစ္ဘက္ စစ္ သားေတြ အသိဆုံးေနလိမ့္မယ္။ ဘယ္စစ္သားမဆို စစ္မတိုက္ခ်င္ၾကပါဘူး။

အဓိကတာ၀န္က စစ္တိုက္ရန္ဆိုေပမယ့္ ဘယ္သူမဆို ကိုယ့္တပ္မွာကို တပ္တည္ေဆာက္ေရးလုပ္ၿပီး ေအးေအးခ်မ္းခ်မ္း မိသားစုနဲ႔ေနခ်င္ၾကသူခ်ည္းပဲ။ ခင္ဗ်ား တို့က အက်ီ အၤျပာေတြ၀တ္ၿပီး ၿငိမ္းခ်မ္းေရးအတြက္ လမ္းေလၽွာက္ျပတယ္။ က်ဳပ္တို့က အက်ီ ၤီအစ္ိမ္းေတြ၀တ္ၿပီး ၿငိမ္းခ်မ္းေရး ေအာက္မွာ အံႀကိတ္ခဲ့ ရတယ္။ စစ္သားဟာ စစ္မတိုက္ခ်င္ဘူး။ ဘာလို့လဲဆိုေတာ့ စစ္ရဲ့ဆိုးက်ိဳးေတြ ေသြးထြက္သံယိုေတြ နာက်ည္းမွုေတြ ငိုေကၽြးမွုေတြ … နာမည္မတပ္နိုင္တဲ့ ခံစားမွု မ်ိဳးေတြကို စစ္သားပဲ တိုက္ရိုက္ထိေတြ႕ရတာ။

ကၽြန္ေတာ္ အေပၚမွာေရးတဲ့ အေၾကာင္းအရာေလးက ကိုယ္ေတြ႕မဟုတ္ပါဘူး။ ကၽြန္ေတာ့္ အေဖေျပာျပတဲ့ … သူတို့တုန္းက ဟိုး ကရင္ျပည္နယ္ဘက္က အေၾကာင္းေလးပါ။ အခုေတာ့ သူတို့ေတြ ၿငိမ္းခ်မ္းေရး ရၾကၿပီ။ အမိုးအိမ္မွာထမင္းစားရင္ ဖထီးက M 16 နဲ႔မပစ္ေတာ့ဘူး။ သူတို့ေတြရဲ့ဟိုးတုန္းက စခန္းကုန္းႏွစ္ခုၾကားက ပုန္းရွိုး ကြယ္ရွိုး ခတ္ခဲ့ၾကတဲ့ ကုန္းပိုးစီးေၾကး ျခင္းခတ္ ပြဲဟာ အခုေတာ့ ၿမိဳင္ႀကီးငူေဒသမွာ က်င္းပေနၿပီ။

ေယာက္ဖေတြ လက္ဘက္ရည္ဆိုင္ တူတူ ထိုင္ေနၾကၿပီ။ ဇြဲကပင္ေတာင္ေပၚကို တူတူ တက္ၾကၿပီ။ ၿငိမ္းခ်မ္းေရး အဓြန္႔ရွည္ ပါေစ။ စစ္ဆိုတာကို နားလည္နိုင္ပါေစ။

ေလးစားစြာျဖင့္ ခရစ္ဒက္ -ပြႀကီး(¥)

Unicode

ငို ပြီး ပစ်ခဲ့ ရတဲ့ ကျည်ဆန်တွေ ရှိ တယ်

နေရာ က သောင်ရင်းမြစ် အနောက်ခြမ်း။ အဝေးကို လှမ်းကြည့်ရင် စိမ်းပြာရောင် တောင်တန်းတွေက လှိုင်းတံပိုးတွေ အလား ဝန်းရံလို့။ အနောက်ဘက်ဆီက သစ်မျောတွေ က သောင်ရင်းရဲ့ ရင်ကိုခွဲလို့ တအိအိနဲ့ ဆင်းလာနေတယ်။ အပြာနုရောင် အမိုးအောက်မှာ တိမ်ဖြူတွေက ဟိုတစ်ကွက် ဒီတစ်ကွက် ။

တစ်ခါတစ်ခါ ရိုးမအတွင်း က ဂျီဟောက်သံက မကြားတကြား။ သောင်ရင်းမြစ်ရေက ငြိမ်တစ်ခါ ကြမ်းတစ်လှည့်နဲ့ .. သံလွင်ဆီကို စီးဆင်းနေလေရဲ့။ အရာရာ ဟာ အထီးကျန်ခြင်းရဲ့ပြယုဂ် တစ်ခုအလား တစ်စပြင် ကဲ့သို့တိတ်ဆိတ်ငြိမ်သတ်။ ဆက်သွယ်ရေးမြောင်းထဲက စစ်သားတစ်ယောက် ပွတ်ချွန်းလို့ခေါ်တဲ့ … (လက်ဘက်ခြောက်ကို အိမ်သာသုံးစက္ကုနဲ့လိပ်ထားတဲ့) ဆေးလိပ်ကို ပါးချိုင့်အောင် ဖွာနေတယ်။

သူ့အတွက် အထီးကျန်ခြင်းကို တီးမိခေါက်မိ မရှိဘူး ပျင်းရိခြင်းကိုနားမလည်ဘူး ။ တစ်ခါတစ်ခါ အလွမ်းကလွဲရင် ဘာမှမပိုင်တဲ့ သူ့အဖို့ အဝေးကအသံတစ်ချို့ကို နားစွင့်ရင်း ချွေးတစ်လုံးလုံးနဲ့ထိုင်နေလေရဲ့။ သြော်….သူရောက်နေတဲ့နေရာက ” ရင်……ဆိုင်…….ကုန်း” ရင်ဆိုင်ကုန်းဆိုတာကတော့ မိမိ တပ်နဲ့ရန် သူ့တပ် နှစ်ခုဟာ မျက်နှာချင်းဆိုင် ကုန်းနှစ်ခု အပေါ်မှာစခန်းချထားတာပါ။

ကိုယ့်ဘက်က ကျည်ထိုးသံ သူ ကြား … သူ့ဘက်က မောင်းတင်သံ ကိုယ် ကြား တဲ့နေရာပေါ့။ စစ်ရေးသတိ အပြည့်ရှိရတဲ့နေရာဖြစ်ပြီး တစ်ချက် မှားတာနဲ့ ဇိဝိန်ကြွေသွားနိုင်တယ်။ အားလုံးတိတ်ဆိတ် ငြိမ်သက် ခေါင်းတောင်မဖော်ကြပဲ ကျင်းတွေမြောင်းတွေထဲမှာ အသံတိတ်နေရတာပါ။

ဘယ်လောက်ကြာအောင်နေရလဲဆိုတော့ နှစ်ချို့အောင်နေရ ပါတယ်။ အရာရာကို တိတ်ဆိတ်ခြင်းကလွှမ်းမိုးလို့ အဝေးကလှမ်းကြည့်ရင် စခန်းပျက်ကြီးတွေ အလား ပေါ့ဗျာ။ ဒီလိုနဲ့ပဲ ရင်ဆိုင်ကုန်းနှစ်ခုက တပ်သားတွေ နှစ်ချို့ခဲ့ကြတယ်။ စစ်သားလည်း လူသားပေမို့ထူးဆန်းစွာပဲ မမြင်ဘူးမတွေ့ဘူးတဲ့ ရန်သူတွေ အချင်းချင်း သံယောဇဉ်က တစ်စတစ်စ ပေါ့။

“ဂေါင် ဂေါင် ဂေါင်” (ဟန်းကောကို ဒုတ်နှင့်ခေါက်သံ) “ဟိုဘက် ကယောက်ဖတွေရေ ဘာချက်လဲဟေ့” ဆက်သွယ်ရေးမြောင်းထဲ ကပြန်ဖြေတယ်…. “ဝက်သား” “ဟဟ မဖြိးနဲ့ဟေ့ကောင်တွေ မင်းတို့ဘက်က ငါးပိဖုတ်နံ့ဒီကတောင်ရတယ်။” “အောင်မာ မင်းတို့ဘက်က ငှက်ပျောအူ ပြုတ်နံ့ကရော မနက်ကတည်း ကရနေတာ။”

“ဟင်းစားလဲမလား ” “လုပ်လိုက်လေ သေနတ် မယူကြေး … ကုန်းနှစ်ခုကြားက ချောင်းခြောက် မှာ လဲမယ်။” ဒီလိုနဲ သူတို့တွေ ရင်းနှီးလာခဲ့ကြတယ်။ ဟင်းစားတွေ လဲ စားကြတယ်။ ကုန်းနှစ်ခုကြားက ချောင်းခြောက်က ခြင်းကွင်းဖြစ်နေပြီ။ ညနေဆို တပ်နှစ်ခုချိန်းပြီးခြင်းခတ်တယ်။ ကြေးကတော့မများပါဘူး ကုန်းပိုးစီးကြေး။

ငပိ တစ်ပိသာကြေး။ စသည်ဖြစ်ပေါ့။ စစ်ရေးသတိကတော့ နှစ်ဘက်လုံးရှိကြပါတယ်။ အစပိုင်းတော့ သေနတ်တွေ ဖွက်ယူလာခဲ့ကြတယ်။ နောက်တော့လည်း မယူကြတော့ဘူး။ ဒီလိုနဲ့နှစ်ချို့ လာခဲ့ကြတယ်။ တစ်နေ့ အမိန့်တစ်ခုကြောင့်။ သို့မဟုတ် အခြေနေတစ်ခုကြောင့် … သူတို့တွေ တိုက်ခဲ့ ကြတယ်။

နိုင် တဲ့ဘက် နိုင်မယ် ….. ရှုံးတဲ့ ဘက် ရှုံး မယ်။ စစ်မှာ အရှုံး အနိုင်မရှိ သေသူနဲ့ရှင်သူပဲ ရှိသည်လေ။ ကျတော် ကြားဘူးသလောက် …. တစ်ချို့က ငိုပြီး ပစ်တယ်လို့ကြားဘူးတယ်။ “စိတ်မကောင်းပါဘူးယောက်ဖတို့ရာ …. မင်းတို့ပြေးပါတော့ “လို့ နိုင်တဲ့ဘက်က အော် ပစ် တယ်။ ငြိမ်းချမ်းရေး…… ကျတော်တို့သိပ်လိုချင်တယ်ဗျာ။

အဲဒီလိုခံစားမှုမျိုးတွေ က ခံရခက်လှတယ်။ ဒါတွေကို ငြိမ်းချမ်းရေးလို့တတွင်တွင် အော်ပြနေတဲ့ မျောက်ပြဆန်တောင်းတွေအဖို့ နားလည်မှာမဟုတ်ပါဘူး။ ကြုံဘူးမှာ လဲမဟုတ်ကြဘူး ။ အဲဒီ အဲဒီ စစ်မြေပြင် က နှစ်ဘက် စစ် သားတွေ အသိဆုံးနေလိမ့်မယ်။ ဘယ်စစ်သားမဆို စစ်မတိုက်ချင်ကြပါဘူး။

အဓိကတာဝန်က စစ်တိုက်ရန်ဆိုပေမယ့် ဘယ်သူမဆို ကိုယ့်တပ်မှာကို တပ်တည်ဆောက်ရေးလုပ်ပြီး အေးအေးချမ်းချမ်း မိသားစုနဲ့နေချင်ကြသူချည်းပဲ။ ခင်ဗျား တို့က အကျီ င်္အပြာတွေဝတ်ပြီး ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ပြတယ်။ ကျုပ်တို့က အကျီ ၤီအစိမ်းတွေဝတ်ပြီး ငြိမ်းချမ်းရေး အောက်မှာ အံကြိတ်ခဲ့ ရတယ်။ စစ်သားဟာ စစ်မတိုက်ချင်ဘူး။ ဘာလို့လဲဆိုတော့ စစ်ရဲ့ဆိုးကျိုးတွေ သွေးထွက်သံယိုတွေ နာကျည်းမှုတွေ ငိုကျွေးမှုတွေ … နာမည်မတပ်နိုင်တဲ့ ခံစားမှု မျိုးတွေကို စစ်သားပဲ တိုက်ရိုက်ထိတွေ့ရတာ။

ကျွန်တော် အပေါ်မှာရေးတဲ့ အကြောင်းအရာလေးက ကိုယ်တွေ့မဟုတ်ပါဘူး။ ကျွန်တော့် အဖေပြောပြတဲ့ … သူတို့တုန်းက ဟိုး ကရင်ပြည်နယ်ဘက်က အကြောင်းလေးပါ။ အခုတော့ သူတို့တွေ ငြိမ်းချမ်းရေး ရကြပြီ။ အမိုးအိမ်မှာထမင်းစားရင် ဖထီးက M 16 နဲ့မပစ်တော့ဘူး။ သူတို့တွေရဲ့ဟိုးတုန်းက စခန်းကုန်းနှစ်ခုကြားက ပုန်းရှိုး ကွယ်ရှိုး ခတ်ခဲ့ကြတဲ့ ကုန်းပိုးစီးကြေး ခြင်းခတ် ပွဲဟာ အခုတော့ မြိုင်ကြီးငူဒေသမှာ ကျင်းပနေပြီ။

ယောက်ဖတွေ လက်ဘက်ရည်ဆိုင် တူတူ ထိုင်နေကြပြီ။ ဇွဲကပင်တောင်ပေါ်ကို တူတူ တက်ကြပြီ။ ငြိမ်းချမ်းရေး အဓွန့်ရှည် ပါစေ။ စစ်ဆိုတာကို နားလည်နိုင်ပါစေ။

လေးစားစွာဖြင့် ခရစ်ဒက် -ပွကြီး(¥)

Add a Comment

Your email address will not be published. Required fields are marked *