









Source : BBC

Unicode

မတ်လ ၂၄ရက်နေ့ကက ပထမဆုံး အကြိမ် ပြန်ဖွင့်ပြီးနောက် နာရီပိုင်းအကြာမှာပဲ အိန္ဒိယမြို့တော် ဒေလီက ရဲတပ်ဖွဲ့က မြို့ရဲ့ နေရာအတော် များများက အရက် စတိုးဆိုင်တွေကို ပိတ်ပစ်ခဲ့ ပါတယ် ။ အိန္ဒိယက စည်းကမ်းချက် အသစ်တွေ ထုတ်ပြန်လိုက်ရာမှာ တနင်္လာနေ့က စတင်အသက်ဝင်လာခဲ့ပြီး သီးခြားဆိုင်တချို့နဲ့ ရုံးတချို့ကို ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။

ပြန်ဖွင့်လာ သည့် အိန္ဒိယ အရက်ဆိုင်များ တွင် အရက်သမားများ မနက်အစောကြီး ထပြီး တန်းစီ ဝယ်ယူနေ

အရက် အခွန်ဟာ အဓိကကျတဲ့ ဝင်ငွေအရင်းမြစ်ဖြစ်တာမို့ ပြည်နယ် အတော်များများက အရက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပြုဖို့ တွန်းအားပေးနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရက် စတိုးဆိုင်တွေရှေ့မှာ မြွေလိမ်မြွေကောက် သဖွယ် တန်းစီတိုးဝှေ့နေ တဲ့ လူအုပ်ကြီးတွေပုံ က အင်တာနက်ပေါ် တက်လာ ပါတယ်။

ပြန်ဖွင့်လာ သည့် အိန္ဒိယ အရက်ဆိုင်များ တွင် အရက်သမားများ မနက်အစောကြီး ထပြီး တန်းစီ ဝယ်ယူနေ

ဒါတောင် အရက်ဝယ်သူတွေ ကို တစ်ယောက်နဲ့တစ်ယောက် ၆ပေအကွာ တန်းစီပြီး ဆိုင်အတွင်းကိုလည်း တစ်ကြိမ်မှာ ၅ယောက်ပဲ ဝင်ဖို့ ကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။ ဒေလီဟာ အရက် စတိုးဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးတဲ့ ပြည်နယ်သုံးလေးခုထဲမှာ ပါဝင်ပေမယ့်လည်း နိုင်ငံရဲ့ အခြားနေရာတွေကပါ အလားတူမြင်ကွင်းတွေကို သတင်းပို့လာကြတယ်လို့ ဆိုပါတယ်။

ပြန်ဖွင့်လာ သည့် အိန္ဒိယ အရက်ဆိုင်များ တွင် အရက်သမားများ မနက်အစောကြီး ထပြီး တန်းစီ ဝယ်ယူနေ

တောင်ပိုင်း ကာနာတာကာပြည်နယ် မှာတော့ မနက် အစောကြီး က ထပြီး အရက်ဆိုင်တွေမှာ တန်းစီနေကြတယ်လို့ ဆိုပါတယ်။ အစောပိုင်းကပဲ ဒေလီဝန်ကြီးချုပ် အာဝင် ကတ်ရီဝါက အခုအချိန်ဟာ မြို့တော်မှာ တင်းကျပ်ကန့်သတ်မှုတွေ ဖြေလျော့ပေးရမယ့် အချိန်ဖြစ်ကြောင်းနဲ့ မြို့ကြီးဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ နေထိုင်တတ်လာရတော့မယ့်အချိန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြန်ဖွင့်လာ သည့် အိန္ဒိယ အရက်ဆိုင်များ တွင် အရက်သမားများ မနက်အစောကြီး ထပြီး တန်းစီ ဝယ်ယူနေ

ပိတ်သိမ်းမှုတွေကြောင့် စီးပွားရေး သိသိသာသာ ဆုတ်ယုတ်သွား တာကြောင့်လည်း တင်းကျပ်မှုတွေကို တစ်စိတ်တစ်ပိုင်း ဖြေလျော့ပေးဖို့ ဖိအားတွေ ပိုလာရတယ်လို့ ဆိုပါတယ်။ တကယ်တမ်း ခပ်ခွာခွာနေကြဖို့က အခုအချိန်အထိ အခက်အခဲရှိနေသေးတယ်လို့ ဆို ပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : BBC

Add a Comment

Your email address will not be published. Required fields are marked *