










09-4 555 000 10(K Pay)
09-4 555 000 14


U Wai Lu Kyaw Swar
12/ သကတ ( နိုင် ) 016 550
Account No:
078 101 999 356 309 01

Unicode

စအိုဝနားမှာ အနာကြီးဖြစ်နေ တဲ့ သမီးလေးဆီ သွားတွေ့ခဲ့တယ် အနားမကပ်ခဲ့ဘူး သူ့အနာလေး ကို လှန်ပြတော့ လက်ကလေးနဲ့စကတ်ကို ဆွဲဆွဲဖုံးရှာတာ စိတ်မကောင်းလိုက်တာ သမီးလေးရေ ….

အစားလည်း မဝင်လို့ အား အရမ်းနည်းနေတော့ အနာကိုခွဲစိတ် ဖို့ မလုပ်နိုင်သေးဘူးပေါ့… အခုသွေး သွင်းထားတာ ပါ…။ ဒီအနာရဲ့ဖြစ်စဉ်ကတော့ ရှေးရိုးစွဲ ပလောင်တိုင်းရင်းသား.တို့ရဲ့ အယူအဆ တစ်ခုကြောင့်ပေါ့..

ရှေးရိုးစွဲ အယူအဆ တစ်ခုကြောင့် ရှမ်းပြည်ပလောင်ရွာလေးထဲက သနားစရာ သမီးလေး ရဲ့ အဖြစ်

ရှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ်ထဲက တောအရမ်းကျတဲ့ ပလောင်ရွာလေးမှာ သမီးလေးကိုမွေးတော့ တင်ပါးမှာ အသားပိုလို အဖုလေး ပါလာတယ်။ အဲ့ဒီလိုမျိုး မွေးရာပါ ပါလာရင် နမိတ် မကောင်းဘူး ဆိုပြီး အသားပို အဖုလေးကို ဆံပင်နဲ့ချည်ပြီး ဖြတ်ပစ်လိုက်ကြတယ် မသိခြင်း ရှေးရိုးစွဲခြင်းရဲ့နောက်ဆက်တွဲပြသနာကတော့ သမီးလေးမှာ ပိုးဝင်ပြီးခုလို အနာအကြီးကြီးဖြစ် လာတာပါပဲ…

ရှေးရိုးစွဲ အယူအဆ တစ်ခုကြောင့် ရှမ်းပြည်ပလောင်ရွာလေးထဲက သနားစရာ သမီးလေး ရဲ့ အဖြစ်

တောင်ကြီးဆေးရုံကြီး မှာ ပြတော့ ခွဲစိတ်ရမယ်ဆိုတာနဲ့ဆေးရုံစရိတ် မတတ်နိုင်လို့ မိဘတွေက ရွာပြန်ခေါ်လာကြတယ် ရွာစာသင်ကျောင်းမှာ တာဝန်ကျနေတဲ့ ပလောင်တိုင်းရင်းသူ ဆရာမလေးတ စ်ယောက် က မြင်တွေ့ပြီး မန္တလေးဆေးရုံကြီးကို သူ ကိုယ်တိုင် ဦးဆောင်ပြီး ခေါ်လာပေးတာပါ။

လမ်းခရီး စရိတ်မရှိကြလို့ ကျန်းမာရေးဆရာမဆီက ငွေတစ်သိန်း ချေးပြီးလာကြတာ ဟိုပေးဒီပေးနဲ့ ကုန်သလောက်ဖြစ်နေပြီ သမီးရယ် သူ့အမေရယ် သူ့ဦးလေးရယ် ဆရာမရယ် လူကြီးသုံးယောက် စားစရိတ်က အရင်ကုန်နေရတာမို့ ခွဲစိတ် ကုသကုန် ကျစရိတ် အပြင်စားစရိတ်ပါ ထည့်တွက် လှူဒါန်းပေးမှအဆင်ပြေကြရှာမှာပါ။

ရှေးရိုးစွဲ အယူအဆ တစ်ခုကြောင့် ရှမ်းပြည်ပလောင်ရွာလေးထဲက သနားစရာ သမီးလေး ရဲ့ အဖြစ်

အလှူရှင်များ ဆက်ပြီး ဝိုင်းကူပေးကြပါအုံးနော် ။….ကလေးခွဲစိတ်ရမယ့်နေ့ သိရရင် ထပ်ပြောပါ့မယ်…

6.5.20 မနက်ဖြန်ကျရင် ကလေး အတွက် လိုအပ်တာလေးတွေဝယ်ပေးရင်း သွားတွေ့ပါအုံးမယ်နော် …..

ဝေဠုကျော်ဖောင်ဒေးရှင်း
09-4 555 000 10(K Pay)
09-4 555 000 14
09-77 60 89 484 (Wave Money account)

ဘဏ်မှ ထည့်ဝင်လှုဒါန်းလိုသူများအတွက်

U Wai Lu Kyaw Swar
12/ သကတ ( နိုင် ) 016 550
ကမ္ဘောဇ ဘဏ် (သုဝဏ္ဏဘဏ်ခွဲ – 1)
Account No:
078 101 999 356 309 01
(မြန်မာကျပ်ငွေဖြင့်သာ)

Add a Comment

Your email address will not be published. Required fields are marked *