အားလုံး ထင္သလို မဟုတ္ပါဘူး…ေစတနာေကာင္း ရင္ ကံေကာင္းတယ္ လို႔ ေအာ္ဟစ္ေျပာခဲ့တဲ့ မင္းရာဇာ

အသက္ မျပည့္ေသးတဲ့ အိမ္အကူအမ်ိဳးသမီးငယ္ အေပၚ အက္ဆစ္နဲ႔ ပက္တာ၊ ဓားနဲ႔ထိုးတာ၊ တူနဲ႔႐ိုက္တာ စတဲ့ ညႇဥ္းပန္း ႏွိပ္စက္မႈ ေတြ လုပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ သ႐ုပ္ေဆာင္ မင္းရာဇာ အပါအဝင္ ၄ ဦး ကို ေမ ၇ ရက္ေန႔ (ဒီေန႔မွာ) ေျမာက္ဥကၠလာပ ၿမိဳ႕နယ္ တရား႐ုံးမွာ ပထမဆုံး အႀကိမ္ ႐ုံးထုတ္ ခဲ့ပါတယ္။

Crd

ဒီေန႔ ႐ုံးခ်ိန္း မွာ သ႐ုပ္ေဆာင္ မင္းရာဇာရဲ႕ ေယာကၡမျဖစ္သူ အၿငိမ္းစား ရဲဝန္ထမ္း ဦးေမာင္ေမာင္ေအး ကို တရား႐ုံးက က်ပ္ ၁၀ သိန္းတန္ အာမခံေလွ်ာက္ထားသူ ၂ ဦး နဲ႔အာမခံေပးခဲ့ၿပီး ဒုတိယေျမာက္ ႐ုံးခ်ိန္းကို ေမလ ၂၁ ရက္ေန႔ကို ျပန္လည္ ခ်ိန္းဆိုထားေၾကာင္း တာဝန္ရွိသူေတြက တဆင့္ သိရပါတယ္။

Crd

သ႐ုပ္ေဆာင္ မင္းရာဇာဟာ အသက္ မျပည့္ေသးတဲ့ အဲဒီ အိမ္အကူ ကို လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈ လုပ္ခဲ့တယ္ ဆိုၿပီး မိန္းကေလး ဘက္က တာေမြ ရဲစခန္းမွာလည္း အမႈဖြင့္ထားပါတယ္။ တရား႐ုံးထုတ္တြင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းရာဇာက “အားလုံး ထင္သလို မဟုတ္ပါဘူး။ ေစတနာေကာင္းရင္ ကံေကာင္းတယ္။ ဖားကိုက္တာကေန က်ားကိုက္တာ က်ားကိုက္တာကေန ေဂၚဇီလာျဖစ္သြား တယ္ဗ်ာ” ဟူေသာ စကားမ်ားကို ေအာ္ဟစ္ေျပာဆိုသြားခဲ့သည္။

Crd

ေ႐ႊေပါက္ကံ ရဲစခန္း မွာေတာ့ တာေမြၿမိဳ႕နယ္ေန ႐ုပ္ရွင္ သ႐ုပ္ေဆာင္ မင္းရာဇာ၊ ဇနီး ျဖစ္သူ မဖူးငုံပြင့္ နဲ႔ ဦးေမာင္ေမာင္ေအးတို႔ကို (ပ) အမွတ္ ၅၀၅၊ ပုဒ္မ ၃၂၄၊ ၃၂၅၊၃၅၄၊ ၁၁၄ တို႔နဲ႔ အမႈဖြင့္အေရးယူထားပါတယ္။ စြပ္စြဲခံထားရတဲ့ မင္းရာဇာ နဲ႔ ဇနီး ျဖစ္သူဟာ ထြက္ေျပး တိမ္းေရွာင္ ဖို႔ လည္း ႀကိဳး စားခဲ့ၿပီး သူတို႔ ၂ ဦးကို မင္းရာဇာရဲ႕ မန္ေနဂ်ာ ျဖစ္သူနဲ႔ အတူ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ထဲမွာ ဒီမိုကေရစီအက်ိဳးျပဳ ကရင့္တပ္မေတာ္ (DKBA) တပ္ဖြဲ႕က ၿပီးခဲ့တဲ့ ဧၿပီ ၉ ရက္ေန႔ ညပိုင္းက ဖမ္းမိခဲ့ပါတယ္။ အဲဒီေနာက္ ျမဝတီၿမိဳ႕မရဲစခန္းကို ျပန္လည္ လႊဲေျပာင္းေပး ခဲ့တာပါ။ crd : khitalin

Unicode

အသက် မပြည့်သေးတဲ့ အိမ်အကူအမျိုးသမီးငယ် အပေါ် အက်ဆစ်နဲ့ ပက်တာ၊ ဓားနဲ့ထိုးတာ၊ တူနဲ့ရိုက်တာ စတဲ့ ညှဉ်းပန်း နှိပ်စက်မှု တွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သရုပ်ဆောင် မင်းရာဇာ အပါအဝင် ၄ ဦး ကို မေ ၇ ရက်နေ့ (ဒီနေ့မှာ) မြောက်ဥက္ကလာပ မြို့နယ် တရားရုံးမှာ ပထမဆုံး အကြိမ် ရုံးထုတ် ခဲ့ပါတယ်။

ဒီနေ့ ရုံးချိန်း မှာ သရုပ်ဆောင် မင်းရာဇာရဲ့ ယောက္ခမဖြစ်သူ အငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေး ကို တရားရုံးက ကျပ် ၁၀ သိန်းတန် အာမခံလျှောက်ထားသူ ၂ ဦး နဲ့အာမခံပေးခဲ့ပြီး ဒုတိယမြောက် ရုံးချိန်းကို မေလ ၂၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားကြောင်း တာဝန်ရှိသူတွေက တဆင့် သိရပါတယ်။

သရုပ်ဆောင် မင်းရာဇာဟာ အသက် မပြည့်သေးတဲ့ အဲဒီ အိမ်အကူ ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု လုပ်ခဲ့တယ် ဆိုပြီး မိန်းကလေး ဘက်က တာမွေ ရဲစခန်းမှာလည်း အမှုဖွင့်ထားပါတယ်။ တရားရုံးထုတ်တွင် ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာက “အားလုံး ထင်သလို မဟုတ်ပါဘူး။ စေတနာကောင်းရင် ကံကောင်းတယ်။ ဖားကိုက်တာကနေ ကျားကိုက်တာ ကျားကိုက်တာကနေ ဂေါ်ဇီလာဖြစ်သွား တယ်ဗျာ” ဟူသော စကားများကို အော်ဟစ်ပြောဆိုသွားခဲ့သည်။

ရွှေပေါက်ကံ ရဲစခန်း မှာတော့ တာမွေမြို့နယ်နေ ရုပ်ရှင် သရုပ်ဆောင် မင်းရာဇာ၊ ဇနီး ဖြစ်သူ မဖူးငုံပွင့် နဲ့ ဦးမောင်မောင်အေးတို့ကို (ပ) အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊၃၅၄၊ ၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ စွပ်စွဲခံထားရတဲ့ မင်းရာဇာ နဲ့ ဇနီး ဖြစ်သူဟာ ထွက်ပြေး တိမ်းရှောင် ဖို့ လည်း ကြိုး စားခဲ့ပြီး သူတို့ ၂ ဦးကို မင်းရာဇာရဲ့ မန်နေဂျာ ဖြစ်သူနဲ့ အတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ ညပိုင်းက ဖမ်းမိခဲ့ပါတယ်။ အဲဒီနောက် မြဝတီမြို့မရဲစခန်းကို ပြန်လည် လွှဲပြောင်းပေး ခဲ့တာပါ။ crd : khitalin

Add a Comment

Your email address will not be published. Required fields are marked *