LOCKDOWN ေျဖေလွ်ာ့ေပး လုိက္ျခင္းနဲ႔ အတူ ကုိရုိနာ ဗုိင္းရပ္စ္ ကုိ အရံႈးေပးလုိက္ရတဲ့ အိႏိၵယႏုိင္ငံ

အိႏၵိယႏုိင္ငံ ၏ ေအာင္ျမင္ခဲ့သည့္ အဓိက အေၾကာင္းအရင္းသည္ ေလာ့ေဒါင္း အား လိုက္နာရန္ အျပင္းအထန္ တင္းက်ပ္ခဲ့လို႔ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ၿပီးခဲ့သည့္ ရက္အနည္းငယ္မွစ၍ တင္းက်ပ္မႈမ်ား ျပန္ေျဖေလ်ာ့ေပးခဲ့ရာ လမ္းေပၚလူေတြ ျပန္ေရာက္လာခဲ့ပါတယ္။ ယခုအခါေတာ့ ဗိုင္းရပ္စ္သည္ အညႇာအတာ ကင္းမဲ့စြာ လူမ်ား အၾကား ထိုးေဖါက္ဝင္ေရာက္သြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ဧၿပီလလလယ္ေလာက္တြင္ ေန႔စဥ္ ေသဆုံးမႈ ႏႈန္းသည္ ဒါဇင္ အနည္းငယ္ေလာက္ကေန အခု တရာေက်ာ္အထိ ထိုးတက္သြားခဲ့ပါတယ္။ အိႏၵိယ သည္ ေရာဂါကူးစက္ခံရသူ ေပါင္း ၅၀,၀၀၀ ပတ္ဝန္းက်င္ ရွိေနပါတယ္။ မေန႔က တရက္တည္း စုစုေပါင္း ကူးစက္ခံရသူ ၂,၉၄၀ ရွိလာၿပီး ဒါဟာ ႐ုရွား၊ အေမရိကန္၊ ၿဗိတိန္၊ စပိန္ ၿပီးရင္ ပၪၥမေျမာက္ အမ်ား ဆုံး ႏိုင္ငံ ျဖစ္လာပါတယ္။ ေသဆုံးသူ ၁,၇၆၈ ဦး ရွိေနပါတယ္။

Delhi – The Beauty of the Chaos

နယူးေဒလီရွိ အလုပ္သမား လူတန္းစားမ်ား ေနထိုင္ရာ ရပ္ကြက္မ်ားသည္ ယခင္က လူသြားလူလာ ကင္းမဲ့ေနခဲ့ရာမွ ယခုအခါ လူမ်ား၊ ဆိုကၠားမ်ား၊ဆိုင္ကယ္မ်ားနဲ႔ ရႈပ္ယွက္ခတ္လာတာ ေတြ႕ရပါတယ္။ အမ်ားစုက ႏွာေခါင္းစည္း တပ္ထားၾကေပမယ့္ ေမးေအာက္ ႏွင့္ ေခါင္းေပၚေတြ ခ်ိတ္လာၾကတာ မ်ားပါတယ္။

အရက္ဆိုင္မ်ားရဲ႕ အခြန္ေငြသည္ အိႏၵိယ အစိုးရရဲ႕ ဘ႑ာတိုက္ကို အဓိက ျဖည့္တင္းေပးရာလည္း ျဖစ္သျဖင့္ အစိုးရမွ ထိပ္ဆုံးကေန ျပန္ဖြင့္ခြင့္ေပးခဲ့ရာ လူခ်င္း ခြာဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့တဲ့ အျပင္ တန္းစီတိုးေဝွ႔ ဝယ္ယူသူမ်ားနဲ႔ ထိန္းမႏိုင္ သိမ္းမရ ျဖစ္လာသျဖင့္ ရဲ မ်ား က ႐ိုက္ေမာင္းပုတ္ေမာင္းနဲ႔ ထိန္းသိမ္း ေပးရတဲ့ အဆင့္အထိ ႐ုတ္႐ုတ္သဲသဲ ျဖစ္ကုန္ပါတယ္။ ေခြၽးေတြ စိုေနတဲ့ လက္မ်ားနဲ႔ ေငြစကၠဴေတြ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားရင္း လဲၿပိဳမသြားေအာင္ ေရွ႕လူရဲ႕ ေက်ာကို လက္နဲ႔ ေထာက္ၿပီး တန္းစီတိုးေနၾကတာလည္း ေဒလီ ၿမိဳ႕ ေနရာအႏွံ႔မွာ ေတြ႕ေနရပါတယ္။

ေဒလီ ရဲ႕ အပူခ်ိန္သည္ ၁၀၄ (ဖာရင္ဟိုက္) အထိ တက္လာတာေၾကာင့္ အခန္းတခုထဲမွာ ရွစ္ေယာက္ေလာက္ စုၿပဳံေနရတဲ့ မိသားစုေတြ လမ္းေပၚ ထြက္လာၿပီး အခ်င္းခ်င္း စု႐ုံး အတင္းတုတ္ၾကျပန္ပါတယ္။ အရင္ကလို လူခ်င္းကပ္ေနရင္ တုတ္နဲ႔ ႐ြယ္ကာ ျပန္ေမာင္းသြင္းတဲ့ ရဲေတြကိုလည္း မေတြ႕ရေတာ့ပါဘူး။

အဓိက ကူးစက္ခံေနရတဲ့ ၿမိဳ႕ႀကီး ႏွစ္ၿမိဳ႕မွာ လူဦးေရ သန္း ႏွစ္ဆယ္ေလာက္ေနထိုင္ၾကတဲ့ နယူးေဒလီ နဲ႔ မမ္ဘိုင္း (ဘုံေဘ) တို႔ ျဖစ္ပါတယ္။

Delhi – The Beauty of the Chaos

မမ္ဘိုင္းရွိ ဒါရာဗီ က်ဴးေက်ာ္ ရပ္ကြက္ႀကီး တခုသည္ အက်ယ္အဝန္းအားျဖင့္ တစ္စတုရန္းမိုင္ေလာက္သာ ရွိေပမယ့္ လူတသန္းေလာက္ စုၿပဳံေနၾကၿပီး လမ္းႀကိဳလမ္းၾကားမ်ားနဲ႔ ျပည့္ႏွက္ေနပါတယ္။ ထိုရပ္ကြက္ႀကီး အတြင္း ကူးစက္ခံရသူ ၆၀၀ ေက်ာ္ ရွိေနေသာ္လည္း အိမ္သာ တလုံး ကိုပင္ လူ ဒါဇင္ေပါင္းမ်ားစြာ ဝိုင္းသုံးေနရသူမ်ား အဖို႔ လူခ်င္းခြာေနရန္ဆိုသည္က အဘယ္သို႔ ျဖစ္ႏိုင္ေပမည္နည္း။

မမ္ဘိုင္း တၿမိဳ႕လုံးက ဒါရာဗီ ရပ္ကြက္ႀကီးကို စိုးရိမ္တႀကီး ေစာင့္ၾကည့္ေနၾကပါတယ္။ က်န္းမာေရး အာဏာပိုင္မ်ားမွာ ျဖစ္လာရင္ သူတို႔အဖို႔ လုံေလာက္တဲ့ အရင္းအျမစ္ေတြ ရွိမေနတဲ့ အျဖစ္ အတြက္ ေသာကပြားလာၾကပါတယ္။ အိႏၵိယ ႏိုင္ငံသား အေတာ္မ်ားမ်ားကလည္း ဗိုင္းရပ္စ္ ကူးစက္ခံရပါက အစိုးရရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈသည္ သူတို႔၏ အသက္ကို ကယ္တင္ႏိုင္မွာ မဟုတ္ဘူး ဆိုတဲ့ ယုံၾကည္ခ်က္ တခုတည္းနဲ႔ပဲ ခ်မွတ္ထားေသာ စည္းကမ္းေတြကို လိုက္နာၾကတာ ေတြ႕ရပါတယ္။

သို႔ေသာ္ ႏိုင္ငံသား အမ်ားစုသည္ လက္လႈပ္မွ ပါးစပ္လႈပ္ႏိုင္ေသာ လူမ်ားသာ ျဖစ္ေနသည့္ၾကားမွ ၿပီးခဲ့သည့္ လမ်ားအတြင္း သန္းေပါင္းမ်ားစြာ အလုပ္လက္မဲ့ ျဖစ္ကုန္ၾကရပါတယ္။ ဒီအတြက္ အေဝးေျပး လမ္းမေတြေပၚမွာ ဝမ္းတထြာကို ျဖည့္တင္းေပးႏိုင္ေကာင္းရဲ႕ ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ၎တို႔၏ ဇာတိရပ္႐ြာျပန္ေနၾကတဲ့ လူတန္းႀကီးမ်ားနဲ႔ ေနစဥ္လို ျပည့္ႏွက္ေနပါတယ္။

အခ်ိဳ႕ကလည္း ၿမိဳ႕ႀကီးေတြမွာ ခိုကပ္ေနၿပီး အစိုးရရဲ႕ မဝတဝ ေကြၽးေမြးထားတာကို ကပ္ရပ္ စားေသာက္ရင္း အသက္ဆက္ေနၾကပါတယ္။ ဒီအေနအထားကို ျပည္နယ္ အစိုးရေတြက ၾကာရွည္ မခံႏိုင္ေတာ့တာ မို႔ လုပ္ငန္းမ်ား ျပန္လည္ ဖြင့္ခြင့္ ေပးလာခဲ့ၾကရပါတယ္။

ႏိုင္ငံသားမ်ားကေတာ့ ကူးစက္မႈ ႏႈန္း ႐ုတ္တရက္ ျပန္ျမင့္လာေတာ့မည္လား၊ ဒါမွမဟုတ္ မစိုးရိမ္ရသည့္အေျခအေနမို႔ ျပန္ဖြင့္ေပးတာမ်ားလားဟု သို႔ေလာ သို႔ေလာ ျဖစ္ေနၾကပါတယ္။ မတ္ လ ကုန္ပိုင္းေလာက္က လူႏွစ္ေသာင္း ေလာက္သာ စမ္းသပ္ႏိုင္ရာမွ ယခုအခါ တသန္းေက်ာ္ အထိ စမ္းသပ္ခဲ့ရာ ၂၅ ေယာက္ မွာ တေယာက္ႏႈန္း ေပါ့စတစ္ ျဖစ္ေနပါတယ္။ (အေမရိကား မွာ ေျခာက္ေယာက္ တေယာက္ႏႈန္း ေတြ႕ေနပါတယ္)။

Delhi – The Beauty of the Chaos

အေမရိကား ဆိုလို႔ ႀကဳံတုန္း ဟာသ တခု ျဖစ္သြားခဲ့တာ ေျပာျပခ်င္ပါတယ္။ မင္းသားႀကီး ထရန႔္သည္ မေန႔က ဖီးနစ္ ရွိ N95 ႏွာေခါင္းစည္းမ်ား ထုတ္လုပ္တဲ့ Honeywell စက္႐ုံကို သြားေရာက္ ၾကည့္ရႈခဲ့ပါတယ္၊ ႏွာေခါင္းစည္း မတပ္ပဲ စက္႐ုံအတြင္း လွည့္လည္ ၾကည့္ရႈ႕ေနသည့္ သတင္းအား သတင္းဌာနမ်ားက ဂ်ိမ္းဘြန္ ဇာတ္ကား တကား ျဖစ္တဲ့ Live and Let Die ေနာက္ခံတီးလုံး နဲ႔ ထည့္သြင္းၿပီး တင္ဆက္ခဲ့ၾကပါတယ္။

ေနာက္ထပ္ သတင္း တခုကေတာ့ ထရန႔္က ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး အျဖစ္ လက္ရွိ မစၥတာ မာစီယယ္ ေနရာ မွာ အာရွ အလယ္ပိုင္း ႏွင့္ ေတာင္ပိုင္း ဆိုင္ရာ ယာယီ လက္ေထာက္ ႏိုင္ငံျခားေရး ဝန္ႀကီး Thomas Vadja ကို အစားထိုး ခန႔္အပ္ဖို႔ တနလၤာေန႔က အဆိုတင္သြင္းလိုက္ၿပီ ျဖစ္တယ္လို႔ ျမန္မာ တိုင္းမ္ သတင္းစာမွာ ေဖၚျပထားပါတယ္။

ဆီးနိတ္မွ အတည္ျပဳရန္ ရွိေနတဲ့ အတြက္ ေလာေလာဆယ္ အေျပာင္းအလဲ ျဖစ္ရန္ ၾကာဦးမွာ ျဖစ္ပါတယ္။ သို႔ေသာ္ သံအမတ္ႀကီး ရာထူး အတြက္ အထက္တန္း အဆင့္ ဝါရင့္သံတမန္ တဦး ကို ခန႔္အပ္ဖို႔ ထရန႔္ ဆုံးျဖတ္လိုက္ျခင္းသည္ ျမန္မာ၏ အေရးပါမႈ ကို အသိအမွတ္ျပဳလိုက္တာပဲ ျဖစ္ပါတယ္။ Hla Soewai

Unicode

အိန္ဒိယနိုင်ငံ ၏ အောင်မြင်ခဲ့သည့် အဓိက အကြောင်းအရင်းသည် လော့ဒေါင်း အား လိုက်နာရန် အပြင်းအထန် တင်းကျပ်ခဲ့လို့ ဖြစ်ပါတယ်။ သို့သော်လည်း ပြီးခဲ့သည့် ရက်အနည်းငယ်မှစ၍ တင်းကျပ်မှုများ ပြန်ဖြေလျော့ပေးခဲ့ရာ လမ်းပေါ်လူတွေ ပြန်ရောက်လာခဲ့ပါတယ်။ ယခုအခါတော့ ဗိုင်းရပ်စ်သည် အညှာအတာ ကင်းမဲ့စွာ လူများ အကြား ထိုးဖေါက်ဝင်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဧပြီလလလယ်လောက်တွင် နေ့စဉ် သေဆုံးမှု နှုန်းသည် ဒါဇင် အနည်းငယ်လောက်ကနေ အခု တရာကျော်အထိ ထိုးတက်သွားခဲ့ပါတယ်။ အိန္ဒိယ သည် ရောဂါကူးစက်ခံရသူ ပေါင်း ၅၀,၀၀၀ ပတ်ဝန်းကျင် ရှိနေပါတယ်။ မနေ့က တရက်တည်း စုစုပေါင်း ကူးစက်ခံရသူ ၂,၉၄၀ ရှိလာပြီး ဒါဟာ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ စပိန် ပြီးရင် ပဉ္စမမြောက် အများ ဆုံး နိုင်ငံ ဖြစ်လာပါတယ်။ သေဆုံးသူ ၁,၇၆၈ ဦး ရှိနေပါတယ်။
Delhi – The Beauty of the Chaos

နယူးဒေလီရှိ အလုပ်သမား လူတန်းစားများ နေထိုင်ရာ ရပ်ကွက်များသည် ယခင်က လူသွားလူလာ ကင်းမဲ့နေခဲ့ရာမှ ယခုအခါ လူများ၊ ဆိုက္ကားများ၊ဆိုင်ကယ်များနဲ့ ရှုပ်ယှက်ခတ်လာတာ တွေ့ရပါတယ်။ အများစုက နှာခေါင်းစည်း တပ်ထားကြပေမယ့် မေးအောက် နှင့် ခေါင်းပေါ်တွေ ချိတ်လာကြတာ များပါတယ်။

အရက်ဆိုင်များရဲ့ အခွန်ငွေသည် အိန္ဒိယ အစိုးရရဲ့ ဘဏ္ဍာတိုက်ကို အဓိက ဖြည့်တင်းပေးရာလည်း ဖြစ်သဖြင့် အစိုးရမှ ထိပ်ဆုံးကနေ ပြန်ဖွင့်ခွင့်ပေးခဲ့ရာ လူချင်း ခွာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အပြင် တန်းစီတိုးဝှေ့ ဝယ်ယူသူများနဲ့ ထိန်းမနိုင် သိမ်းမရ ဖြစ်လာသဖြင့် ရဲ များ က ရိုက်မောင်းပုတ်မောင်းနဲ့ ထိန်းသိမ်း ပေးရတဲ့ အဆင့်အထိ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပါတယ်။ ချွေးတွေ စိုနေတဲ့ လက်များနဲ့ ငွေစက္ကူတွေ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း လဲပြိုမသွားအောင် ရှေ့လူရဲ့ ကျောကို လက်နဲ့ ထောက်ပြီး တန်းစီတိုးနေကြတာလည်း ဒေလီ မြို့ နေရာအနှံ့မှာ တွေ့နေရပါတယ်။

ဒေလီ ရဲ့ အပူချိန်သည် ၁၀၄ (ဖာရင်ဟိုက်) အထိ တက်လာတာကြောင့် အခန်းတခုထဲမှာ ရှစ်ယောက်လောက် စုပြုံနေရတဲ့ မိသားစုတွေ လမ်းပေါ် ထွက်လာပြီး အချင်းချင်း စုရုံး အတင်းတုတ်ကြပြန်ပါတယ်။ အရင်ကလို လူချင်းကပ်နေရင် တုတ်နဲ့ ရွယ်ကာ ပြန်မောင်းသွင်းတဲ့ ရဲတွေကိုလည်း မတွေ့ရတော့ပါဘူး။

အဓိက ကူးစက်ခံနေရတဲ့ မြို့ကြီး နှစ်မြို့မှာ လူဦးရေ သန်း နှစ်ဆယ်လောက်နေထိုင်ကြတဲ့ နယူးဒေလီ နဲ့ မမ်ဘိုင်း (ဘုံဘေ) တို့ ဖြစ်ပါတယ်။

မမ်ဘိုင်းရှိ ဒါရာဗီ ကျူးကျော် ရပ်ကွက်ကြီး တခုသည် အကျယ်အဝန်းအားဖြင့် တစ်စတုရန်းမိုင်လောက်သာ ရှိပေမယ့် လူတသန်းလောက် စုပြုံနေကြပြီး လမ်းကြိုလမ်းကြားများနဲ့ ပြည့်နှက်နေပါတယ်။ ထိုရပ်ကွက်ကြီး အတွင်း ကူးစက်ခံရသူ ၆၀၀ ကျော် ရှိနေသော်လည်း အိမ်သာ တလုံး ကိုပင် လူ ဒါဇင်ပေါင်းများစွာ ဝိုင်းသုံးနေရသူများ အဖို့ လူချင်းခွာနေရန်ဆိုသည်က အဘယ်သို့ ဖြစ်နိုင်ပေမည်နည်း။

မမ်ဘိုင်း တမြို့လုံးက ဒါရာဗီ ရပ်ကွက်ကြီးကို စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။ ကျန်းမာရေး အာဏာပိုင်များမှာ ဖြစ်လာရင် သူတို့အဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိမနေတဲ့ အဖြစ် အတွက် သောကပွားလာကြပါတယ်။ အိန္ဒိယ နိုင်ငံသား အတော်များများကလည်း ဗိုင်းရပ်စ် ကူးစက်ခံရပါက အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှုသည် သူတို့၏ အသက်ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ ယုံကြည်ချက် တခုတည်းနဲ့ပဲ ချမှတ်ထားသော စည်းကမ်းတွေကို လိုက်နာကြတာ တွေ့ရပါတယ်။

သို့သော် နိုင်ငံသား အများစုသည် လက်လှုပ်မှ ပါးစပ်လှုပ်နိုင်သော လူများသာ ဖြစ်နေသည့်ကြားမှ ပြီးခဲ့သည့် လများအတွင်း သန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြရပါတယ်။ ဒီအတွက် အဝေးပြေး လမ်းမတွေပေါ်မှာ ဝမ်းတထွာကို ဖြည့်တင်းပေးနိုင်ကောင်းရဲ့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၎င်းတို့၏ ဇာတိရပ်ရွာပြန်နေကြတဲ့ လူတန်းကြီးများနဲ့ နေစဉ်လို ပြည့်နှက်နေပါတယ်။

အချို့ကလည်း မြို့ကြီးတွေမှာ ခိုကပ်နေပြီး အစိုးရရဲ့ မဝတဝ ကျွေးမွေးထားတာကို ကပ်ရပ် စားသောက်ရင်း အသက်ဆက်နေကြပါတယ်။ ဒီအနေအထားကို ပြည်နယ် အစိုးရတွေက ကြာရှည် မခံနိုင်တော့တာ မို့ လုပ်ငန်းများ ပြန်လည် ဖွင့်ခွင့် ပေးလာခဲ့ကြရပါတယ်။

နိုင်ငံသားများကတော့ ကူးစက်မှု နှုန်း ရုတ်တရက် ပြန်မြင့်လာတော့မည်လား၊ ဒါမှမဟုတ် မစိုးရိမ်ရသည့်အခြေအနေမို့ ပြန်ဖွင့်ပေးတာများလားဟု သို့လော သို့လော ဖြစ်နေကြပါတယ်။ မတ် လ ကုန်ပိုင်းလောက်က လူနှစ်သောင်း လောက်သာ စမ်းသပ်နိုင်ရာမှ ယခုအခါ တသန်းကျော် အထိ စမ်းသပ်ခဲ့ရာ ၂၅ ယောက် မှာ တယောက်နှုန်း ပေါ့စတစ် ဖြစ်နေပါတယ်။ (အမေရိကား မှာ ခြောက်ယောက် တယောက်နှုန်း တွေ့နေပါတယ်)။

အမေရိကား ဆိုလို့ ကြုံတုန်း ဟာသ တခု ဖြစ်သွားခဲ့တာ ပြောပြချင်ပါတယ်။ မင်းသားကြီး ထရန့်သည် မနေ့က ဖီးနစ် ရှိ N95 နှာခေါင်းစည်းများ ထုတ်လုပ်တဲ့ Honeywell စက်ရုံကို သွားရောက် ကြည့်ရှုခဲ့ပါတယ်၊ နှာခေါင်းစည်း မတပ်ပဲ စက်ရုံအတွင်း လှည့်လည် ကြည့်ရှု့နေသည့် သတင်းအား သတင်းဌာနများက ဂျိမ်းဘွန် ဇာတ်ကား တကား ဖြစ်တဲ့ Live and Let Die နောက်ခံတီးလုံး နဲ့ ထည့်သွင်းပြီး တင်ဆက်ခဲ့ကြပါတယ်။

နောက်ထပ် သတင်း တခုကတော့ ထရန့်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် လက်ရှိ မစ္စတာ မာစီယယ် နေရာ မှာ အာရှ အလယ်ပိုင်း နှင့် တောင်ပိုင်း ဆိုင်ရာ ယာယီ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Thomas Vadja ကို အစားထိုး ခန့်အပ်ဖို့ တနင်္လာနေ့က အဆိုတင်သွင်းလိုက်ပြီ ဖြစ်တယ်လို့ မြန်မာ တိုင်းမ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။

ဆီးနိတ်မှ အတည်ပြုရန် ရှိနေတဲ့ အတွက် လောလောဆယ် အပြောင်းအလဲ ဖြစ်ရန် ကြာဦးမှာ ဖြစ်ပါတယ်။ သို့သော် သံအမတ်ကြီး ရာထူး အတွက် အထက်တန်း အဆင့် ဝါရင့်သံတမန် တဦး ကို ခန့်အပ်ဖို့ ထရန့် ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာ၏ အရေးပါမှု ကို အသိအမှတ်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ Hla Soewai

Add a Comment

Your email address will not be published. Required fields are marked *