ကမ္ဘာ့အထင်ကရ ဘာသာကြီး တစ်ခုဖြစ်တဲ့ ဗုဒ္ဓဘာသာ ဟာ အာဖရိကတိုက် မှာ ထွန်းကားလျက် ရှိနေပါပီ
Crd
Crd
Crd
Unicode
အာဖရိက သားတွေ အနေနဲ့ ဗုဒ္ဓဘာ သာပြောင်းလဲမှု တချို့ ရှိနေပြီး အာဖရိကတိုက်ရဲ့ ဗုဒ္ဓဘာသာဝင် အများစုက တော့ တရုတ်၊ ဗီယက်နမ်၊ သီရိလင်္ကာ နဲ့ ဂျပန်တို့က ဆင်းသက်လာကြတဲ့ အာရှသား အများစုဖြစ်ကြပါတယ်။ တောင်အာဖရိကဟာ အာဖရိကတိုက် အတွင်း ဗုဒ္ဓဘာသာဝင် လူဦးရေ အများဆုံး လည်းဖြစ်ပါတယ်။ ၂၀၁၀ မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ တောင်အာဖရိက မှာ နိုင်ငံလူဦးရေ ဝ.၂ ရာခိုင်နှုန်းက ဝ.၃ ရာခိုင်နှုန်းအထိ ဗုဒ္ဓဘာသာဝင်အရေအတွက် တိုးပွား လာခဲ့ပါတယ်။
အိန္ဒိယ သမုဒ္ဒရာထဲက အာဖရိကနိုင်ငံတွေ မှာလည်း ဗုဒ္ဓဘာသာဝင် ဦးရေ သိသိသာသာ ရှိနေပါတယ်။ မြောက်အာဖရိက မှာလည်း လစ်ဗျားနိုင်ငံ ရဲ့ ဝ.၃ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ နှစ်သောင်းလောက်ဟာ ဗုဒ္ဓ ဘာသာဝင်တွေဖြစ်ကြ ပါတယ်။
မော်ရိုကိုနိုင်ငံ မှာလည်း ဗုဒ္ဓဘာသာ စင်တာနှစ်ခု ရှိနေပါတယ်။ ဗုဒ္ဓဘာသာစင်တာ နဲ့ ဘုန်းကြီးကျောင်းတွေ ကို ဘော့ဆွာနာ၊ ကင်မရွန်း၊ အိုင်ဗရီကို့စ်၊ ဂန်နာ၊ ဂီနီယာ၊ ကင်ညာ၊ လီဆိုသို၊ လိုက်ဘေးရီးယား၊ မာလာဝီ၊ မာလီ၊ နမ်မီဘီယာ၊ နိုင်ဂျီးရီးယား၊ ဆင်နီဂေါ၊ ဆီရာလီယွန်၊ ဆွာဇီလန်၊ တန်ဇန်နီးယား၊ တိုဂို၊ ယူဂန်ဒါ၊ ဇမ်ဘီယာ နဲ့ ဇင်ဘာဘွေနိုင်ငံ တို့မှာလည်း မြင်တွေ့နိုင်ပါတယ်။ Credit – alinnpya
Add a Comment
Your email address will not be published. Required fields are marked *