လူလုံးပြထွက်လာသူမှာ အာဏာရှင် ကင်ဂျုံအန် မဟုတ်ဘဲ ကိုယ်ပွားအတုဟု ထင်ကြေးများ ထွက်ပေါ်နေ

မ ကြာသေး ခင် က အများပြည်သူ မြင်ကွင်းရှေ့ကို ထွက်ပြလာ တဲ့ ကင်ဂျုံးအွန် ဟာ အစစ် မဟုတ်ဘဲ အတုဖြစ်နိုင်တယ် ဆိုတဲ့ အယူအဆတွေကို ပြန်လည် ထွက်ပေါ်လာ တဲ့ ဗီဒီယို တစ်ရပ် က ပိုပြီး အားကောင်းစေလျက် ရှိ ပါ တယ် ။

မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန် ဟာ သီတင်း သုံးပတ်နီးပါး လူမြင်ကွင်းကနေ ပျောက်နေပြီး မှ ဒီ သီတင်းပတ်အစောပိုင်းမှာ ဓာတ်မြေဩဇာစက်ရုံ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးတဲ့ ဓာတ်ပုံတွေ နဲ့ နိုင်ငံပိုင် မီဒီယာကနေ လူလုံးပြန်ထွက်ပြလာတာ ဖြစ် ပါတယ်။

လူလုံးပြထွက်လာသူမှာ အာဏာရှင် ကင်ဂျုံအန် မဟုတ်ဘဲ ကိုယ်ပွားအတုဟု ထင်ကြေးများ ထွက်ပေါ်နေ

ကင်ဂျုံးအွန် ပျောက်ကွယ်နေချိန် မှာ သူဟာ အသည်းအသန် နာမကျန်းဖြစ်နေတာ ဒါမှမဟုတ်ရင် ဆုံးပါးရင်တောင် ဆုံးပါးနေနိုင်တယ်ဆိုတဲ့ ကောလဟလ ထင်ကြေးတွေ ထွက်ပေါ်နေခဲ့ပေမယ့် မြောက်ကိုရီးယားနိုင်ငံကတော့ နှုတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား မီဒီယာကနေ ကင်ဂျုံးအွန်ရဲ့ ဓာတ်ပုံတွေ ထုတ်ပြန်လာချိန်မှာတော့ အဲဒီ ဓာတ်ပုံထဲက လူဟာ ကင်ဂျုံးအွန် မဟုတ်ဘဲ ကိုယ်ပွားအတုသာ ဖြစ်တယ်ဆိုပြီး အင်တာနက်ပေါ်မှာ ကောလဟလတွေ ပြန့်နှံ့နေတော့တာပါ။

လူလုံးပြထွက်လာသူမှာ အာဏာရှင် ကင်ဂျုံအန် မဟုတ်ဘဲ ကိုယ်ပွားအတုဟု ထင်ကြေးများ ထွက်ပေါ်နေ

ကင်ဂျုံးအွန်ဟာ အများပြည်သူ မြင်ကွင်းရှေ့ ထွက်ရမယ့်အခါတွေမှာ ကိုယ်ပွားအတုကို သုံးလေ့ရှိတယ်လို့ ပြောဆိုချက် သတင်းတွေလည်း နဂိုကတည်းက ရှိထားတာပါ။ ကင်ဟာ အရင်က ရုပ်ချင်းဆင်သူ အတုကို သုံးခဲ့တယ်လို့ သိထားရကြောင်း ဗြိတိန်က Sun သတင်းစာက ဖော်ပြလာပါတယ်။
သတင်းစာရဲ့ ဖော်ပြချက်မှာ ၂၀၁၇ ခုနှစ်က ဗီဒီယိုတစ်ခုမှာ ကင်ဂျုံးအွန်က ဒုံးကျည်စစ်ဆေးမှု လုပ်ချိန် ကိုယ်ပွားအတု နှစ်ယောက်နဲ့အတူ ရပ်နေတာကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

လူလုံးပြထွက်လာသူမှာ အာဏာရှင် ကင်ဂျုံအန် မဟုတ်ဘဲ ကိုယ်ပွားအတုဟု ထင်ကြေးများ ထွက်ပေါ်နေ

New York Post ရဲ့ ဖြည့်စွက်ဖော်ပြချက်မှာလည်း အဲဒီ အတုနှစ်ယောက်ဟာ ကင်ဂျုံးအွန် အစစ်နားမှာ ရပ်နေပြီး ဆံပင်ပုံစံလည်း ဆင်သလို အဝတ်အစားလည်း ဆင်တူဝတ်ထားပုံရတယ်လို့ ဖော်ပြထားပါတယ်။

လူလုံးပြထွက်လာသူမှာ အာဏာရှင် ကင်ဂျုံအန် မဟုတ်ဘဲ ကိုယ်ပွားအတုဟု ထင်ကြေးများ ထွက်ပေါ်နေ

အမြင်စူးရှတဲ့ အင်တာနက်ပေါ်က စုံထောက်ကျော်တွေကတော့ ဒီ သီတင်းပတ်မှာ မြောက်ကိုရီးယား မီဒီယာက ထုတ်ပြန်ခဲ့တဲ့ ကင်ဂျုံးအွန်ရဲ့ ပုံတွေဟာ မျက်နှာအကျ၊ ဆံပင်တိစတွေနဲ့ သွားနေရာတွေဟာ အစစ်နဲ့ သိသိသာသာ မတူဘူးလို့ ယုံကြည်ကြကြောင်း The Inquisitr သတင်းကလည်း အရင်က ဖော်ပြခဲ့ပါတယ်။

လူလုံးပြထွက်လာသူမှာ အာဏာရှင် ကင်ဂျုံအန် မဟုတ်ဘဲ ကိုယ်ပွားအတုဟု ထင်ကြေးများ ထွက်ပေါ်နေ

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဂျင်နီဖာဇန်းရဲ့ တွစ်တာမှာ ပျံ့နှံ့သွားတဲ့ ထောက်ပြချက်ကလည်း ထွက်ပေါ်လာတဲ့ ကင်ဂျုံးအွန်ဟာ အတုပဲ ဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပေးလျက် ရှိပါတယ်။

လူလုံးပြထွက်လာသူမှာ အာဏာရှင် ကင်ဂျုံအန် မဟုတ်ဘဲ ကိုယ်ပွားအတုဟု ထင်ကြေးများ ထွက်ပေါ်နေ

“ပဲ့နေတဲ့ ရှေ့သွားကြောင့် ဒါဟာ ကင်ဂျုံးအွန် မဟုတ်ဘူးဆိုတာ သေချာပါ။ ဘာကြောင့် ကိုယ်ပွားအတုကို သုံးတာလဲ။ သူ သေနေပြီဆိုတာကို မကြေညာနိုင်တာကြောင့်၊ သူ့အရိုက်အရာကို ဆက်ခံမယ်သူ မရှိသေးတာကြောင့်များလား။ ”လို့ ဂျင်နီဖာဇန်းက ရေးသားခဲ့ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *