ဥစ္စာ ဓန ဆင်းရဲပေ မယ့် မေတ္တာ နဲ့ ကိုယ်ချင်းစာ တရား မှာ ကမ္ဘာ့ အချမ်းသာဆုံးသောနိုင်ငံ

မေတ္တာ နဲ့ ကိုယ်ချင်းစာတတ်သူတွေ ရဲ့ နိုင်ငံ မြန်မာတွေ ကိုအံ့သြတယ် လို့ ပြောကုန်ကြပြီ ။ အိန္ဒိယလိုပဲ ဖြစ်လိမ့်မယ် ထင်တာ မဖြစ်သေးဘူး မဖြစ်လာဘူး ..မြန်မာတွေ အရေးကြီးရင် သွေးနီးကြတယ် လှူကြတယ်.. ဝိုင်းကူကြ တယ်…။

ဥစ္စာ ဓန ဆင်းရဲပေ မယ့် မေတ္တာ နဲ့ ကိုယ်ချင်းစာ တရား မှာ ကမ္ဘာ့ အချမ်းသာဆုံးသောနိုင်ငံ

ချမ်းသာတာတွေ သေရင်ယူသွား လို့မှ မရတာတဲ့ သူဌေးကြီးတွေကပြောကြတယ် ..တို့အမျိုးတွေ ပြန်လာပြီ ကြိုဦးမှာ တဲ့ တရုပ်ကြ ပန်လွှတ်တယ် ။။ ထိုင်းကပြန်လာ တယ် ဒူဘိုင်း အမေရိကန် စင်ကာပူ ဘယ်ကလာလာ ကြိုတယ် မျက်နှာမငယ်စေရဘူး ကြိုကြတဲ့သူတွေ လေယာဉ်မှူးတွေကအစ ပီတိဖြစ်တယ် ဂုဏ်ယူကြတယ် မဝင်ရဘူး အပြင်မှာနေ ကိုယ့်ဘာသာ အလုပ်သွားလုပ်တာ ဘာမှလုပ်ပေးစရာမလိုဘူးလို့ပြောသံမကြား မိပါဘူး အလုပ်သမားတွေ ပြည်ပကပြန်လာမယ် လာပါ ကြိုဆိုတယ် Q ​​တော့ဝင်ရမယ် ဒါလောက်ပဲ လက်မခံဘူးလို့ မကြားမိပါဘူး ။

ဥစ္စာ ဓန ဆင်းရဲပေ မယ့် မေတ္တာ နဲ့ ကိုယ်ချင်းစာ တရား မှာ ကမ္ဘာ့ အချမ်းသာဆုံးသောနိုင်ငံ

လာခဲ့ ဖြစ်လာရင်ကုမယ် ထူးပြီး ဆင်းရဲမသွား ပါဘူး တဲ့ ဆေးစစ်တယ် တစ်ပြားကုန်လို့လား စစ်နိုင် သလောက် စစ်နေတယ် ဖြစ်လာတယ် ကုပေးတယ် ဘယ်မှာဒီလို ရမလည်း ရေမရဘူး ဘာဖြစ်ညာဖြစ်တယ်ပြောတယ် ဖြည့်လို့ပေးနေတာ ပါပဲ လုပ်ပေးတယ် စိတ်မဆိုးဘူး ။

ဥစ္စာ ဓန ဆင်းရဲပေ မယ့် မေတ္တာ နဲ့ ကိုယ်ချင်းစာ တရား မှာ ကမ္ဘာ့ အချမ်းသာဆုံးသောနိုင်ငံ

အမေရိကန် မှာ အကိုအမတွေ ရှိတယ် ဒီကနေအားပေးတယ် သူတို့ဝမ်းသာကြတယ် သူတို့ဆီမှာ ဒါမျိုးမရဘူး ကိုယ့်ကိစ္စကိုယ်ရှင်း အိမ်မှာနေ သေကောင်ပေါင်းလဲဆို ဖုန်းဆက် ဒါပဲ ကျွန်တော်တို့ဟာ နွေးထွေးပါတယ် ကျွန်တော်တို့မှာချမ်းသာတာ မေတ္တာနဲ့ ကိုယ်ချင်းစာတရားပါပဲ။

မြန်မာပြည်က နိုင်ငံသားတွေ မြန်မာနိုင်ငံသားဖြစ်ခဲ့ဖူးသူတွေကို မောင်းမထုတ်ပါဘူး ရှိတာနဲ့တော့စားရမယ်ဆိုတဲ့စိတ်နဲ့ ပြန်လာရင်ကြိုပါတယ် မျှစားကြမယ်လေ။ နေရတာသိပ်ကြာတာ မှ မဟုတ်တာဗျာ ကမ္ဘာ့ကပ်ရောဂါကြီး မှာ မြန်မာတွေဟာ ဆင်းရဲပေမယ့် မေတ္တာတရားနဲ့ ကိုယ်ချင်းစာ တရားမခေါင်းပါးဘူးဆိုတာ အာဆီယံနဲ့ ကမ္ဘာက အသိအမှတ်ပြုလာတာ ကိုတော့ ဂုဏ်ယူပါတယ် ပြန်လာချင်သူတွေကို ကြိုဆို ပါတယ် လက်ခံပါမယ် ကိုယ့်နိုင်ငံသားတွေ ပဲလေ တဲ့ ဘယ်မှာ ရမလဲ ။

Pi Lon

Add a Comment

Your email address will not be published. Required fields are marked *