ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

ဘ င်္ဂ လား ပင်လယ်အော် တွင် မကြာမီ ကာလ အတွင်း လေဖိအားနည်းရပ်ဝန်း တစ်ခု ထပ်မံဖြစ်လာနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်း ထုတ်ပြန် ပါတယ် ။

မေလ ဒုတိ ယ ၁၀ ရက် (မေ ၁၀ – မေ ၁၉) အတွင်း ဖြစ်နိုင် ဖွယ်ရာသီဥတု အခြေအနေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ထုတ်ပြန်ထားရာ မကြာမီ တွင် လေဖိအားနည်းရပ် ဝန်း ဖြစ်နိုင်ခြေပါဝင်နေ ပါတယ် ။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်

‘‘မေ ၁၁ ရက်၊ ၁၂ ရက် လောက်မှာ လေဖိအားနည်းရပ် ဝန်း စဖြစ်နိုင်တယ်။ ပိုလည်း အားကောင်းလာနိုင်တယ်’’ ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်

လေဖိအားနည်းရပ်ဝန်း သည် အားကောင်းကာ မုန်တိုင်း ငယ်အဆင့်သို့ ရောက်နိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသည်။ ကပ္ပ လီပင်လယ်ပြင် တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင် မေလ ၁ ရက်က လေဖိအားနည်းရပ်ဝန်းဖြစ်ခဲ့ပြီး မေလ ၆ ရက်တွင် အားပျော့ ပျက်ပြယ်သွားခဲ့ပါတယ်။

ရက်ပိုင်းအကြာတွင် နောက် ထပ် လေဖိအားနည်းရပ်ဝန်းဖြစ် နိုင်ခြေကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် သတိပေးခြင်းဖြစ်ပါတယ်။ မိုးကြိုကာလဖြစ်သော မေ လ ဒုတိယ ၁၀ ရက် အတွင်းတွင် ဒေသအနှံ့ နေရာကွက်မိုးရွာနိုင်သ လို အပူချိန်များလည်း ပုံမှန်ထက် မြင့်တက်နေနိုင်ကြောင်း မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်ထား သည်။

Add a Comment

Your email address will not be published. Required fields are marked *