ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ( ၄၀ ) ခန့် တွင် အချိန်ပိုင်း မီးပြတ်တောက်မည် ဖြစ်ကြောင်း အများပြည်သူ သို့ အသိပေးပန်ကြားခြင်း
Source – Y E S C
Unicode
၁။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရှိ ခရိုင်နှင့် မြို့နယ်များတွင် ( ၆၆ ) ကေဗွီ ၊ ( ၃၃ ) ကေဗွီ ဓာတ်အားခွဲရုံများ ၊ Distribution Transformer များ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်း များ ၊ ရေရှည် ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ရေး အတွက် ဟောင်းနွမ်း ၍ ဝန်အား မနိုင်တော့သော ( ၁၁ ) ကေဗွီ ဓာတ်အား လိုင်းကြိုးများအား လျှပ်ကာ ပါသော ဓာတ်အား လိုင်းကြိုး အသစ် များဖြင့်
လဲ လှယ်ခြင်း လုပ်ငန်းများနှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်း စေရေး အတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ကို (၁၂-၅-၂၀၂၀) ရက် (အင်္ဂါနေ့) နှင့် (၁၄-၅-၂၀၂၀)ရက် (ကြာသပတေးနေ့ ) တွင် (၀၉:၀၀)နာရီ မှ (၁၂:၀၀) နာရီ အချိန်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါ သည် ။
လုပ်ငန်း ဆောင် ရွက်စဉ် အချိန် အတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဉက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဗိုလ်တစ်ထောင် ၊ တောင်ဉက္ကလာပ၊ ရန်ကင်း၊ ဒေါပုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ ရွှေပေါက္ကံ၊ မင်္ဂလာတောင်ညွန့်၊တာမွေ ၊ မရမ်းကုန်း၊ စမ်းချောင်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ သန်လျင်၊ ကော့မှူး၊ ကျိုက်ထော်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ရွှေပြည်သာ ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ ဖောင်ကြီး၊ မြောင်းတကာ၊ ဉက္ကံ၊ တိုက်ကြီး၊ အဖျောက်မြို့နယ်များရှိ ရပ်ကွက် အချို့တို့တွင် အဆိုပါရက်များ၌ အချိန်ပိုင်း ဓာတ်အားပြတ်တောက် မှု အနည်းငယ် ရှိနိုင် ပါသည် ။
၂။ ထိုသို့ လုပ်ငန်း ဆောင် ရွက်ရခြင်း သည် ဓာတ်အားပြတ် တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်း ဖြစ်ပါ သဖြင့် ယာယီ ဓာတ်အား ပြတ်တောက် ရခြင်း အတွက် လူမှုရေး အခက်အခဲများ ပေါ်ပေါက် လာ နိုင်မှုများအပေါ် နားလည် ခွင့်လွှတ်ပေးပါ ရန် ရန်ကုန် လျှပ်စစ် ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူများ ထံသို့ လေးစားစွာ အသိပေးပန်ကြား အပ် ပါ သည် ။
Source – Y E S C
Add a Comment
Your email address will not be published. Required fields are marked *