လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်တွင် တရုတ် နိုင်ငံသားတစ်ဦး အသတ်ခံရ

မေလ ( ၁၁ ) ရက် ညနေ( ၃:၃၀ ) တွင် လှိုင်သာယာမြို့နယ် ၊ အလယ်ကျေးရွာ၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးထွန်းညို လမ်းမဘေး ရပ်ထားသော ကားတစ်စီးပေါ် တွင် လူ ၁ ဦး ဓါးဒဏ်ရာများဖြင့် လဲနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ အခင်းဖြစ်နေရာသို့သွား ခဲ့ ရာ ကားပေါ် ၌ တရုတ်နိုင်ငံသားတစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ ရှိ ခဲ့ သည် ။

ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ သေဆုံးသူ မှာ ရွှေလင်ဗန်းစက်မှုဇုန် ရှိ Myanmar Golden Forest နည်းပညာရှင်တရုတ်နိုင်ငံသား မစ္စတာ ရန်ဘန်ချောင် အသက်(၃၆)နှစ်ဖြစ်ပြီး ဝဲဘက်ရင်ညွှန့်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက်ဘေးထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ ခဲ့သည်။

လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်တွင် တရုတ် နိုင်ငံသားတစ်ဦး အသတ်ခံရ

သောင်ကြီးနယ်မြေရဲစခန်းမှအမှု ကို (ပ) ၁၁၂၆/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ (၃၀၂) ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Update: မျက်မြင်သက်သေများ​ ၏ပြောပြချက်အရ သေဆုံးသူသည် ကားဖြင့် အပြင်သို့ သွားရောက်စဉ် ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးထွန်းညိုလမ်းအရောက် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး စီးနင်း လာသော ဆိုင်ကယ်နှစ်စီးဖြင့် လမ်းလုမောင်းနှင်ရာ မှ ခိုက်ရန်ဖြစ်ပွားပြီး ဆိုင်ကယ်စီးနင်းသူများ မှ ပါလာသည့်ဓါးများဖြင့် ဝိုင်းဝန်း ထိုးခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

Add a Comment

Your email address will not be published. Required fields are marked *