ရန်ကုန် နှင့် ဧရာဝတီတိုင်း မှလွှဲပြီး ကျန် တိုင်းဒေသများ မိုးရွာသွန်းမည် ….





Unicode

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာ နဲ့ ဒီကနေ့ မေ ၁၂ ရက် ညနေပိုင်းအထိ ခန့်မှန်းချက်များအရ တိုင်းနဲ့ ပြည်နယ် အများစု မှာ မိုးရွာသွန်းဖို့ရှိတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယား ပြည်နယ်မှာနေရာ စိပ်စိပ် ၊ မန္တလေး တိုင်း ဒေသကြီးနဲ့ ရှမ်းပြည် နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တွေမှာတော့ နေရာကျဲကျဲ ရွာသွန်းဖို့ရှိတယ် လို့ဆိုပါတယ်။

ရန်ကုန် နှင့် ဧရာဝတီ မှလွှဲပြီး ကျန် တိုင်းဒေသများ မိုးရွာသွန်းမည် ….

နေပြည်တော် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ ရှိတယ်လို့ မိုး / ဇလ က အသိပေးထုတ်ပြန်ထား ပါ တယ် ။ ဒီကနေ့ ညနေအထိ မိုးရွာသွန်းမယ့် ဒေသတွေထဲ မှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီ တိုင်းတော့ မပါဘူးလို့ သိရပါတယ်။

‘ ‘ မြန်မာနိုင်ငံ တောင်ပိုင်းကို မေ ၆ ကနေ ၂၁ ရက်အတွင်းမုတ်သုံဝင်မယ် လို့ ခန့်မှန်းထားတယ် ။ မြစ်ဝကျွန်းပေါ်ဒေသကတော့ တောင်ပိုင်းထက်ပိုနောက် ကျမယ်။ ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေ က ပင်လယ်ကရေငွေ့ ပါတဲ့လေတွေကြောင့် ပူအိုက်တဲ့ဒဏ်ကို ပိုပြီးခံရနိုင်တယ်။ ဒီဒဏ်ကြောင့် ခုခံ အားကျနိုင်တဲ့အတွက် အသက်ကြီးပိုင်းတွေအနေနဲ့ သတိထားဖို့ လိုတယ်’’လို့ မုတ်သုံဝင်ရောက်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က ဘီဘီစီကို ပြောထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *