သေဆုံးသူ အရေအတွက် စုစုပေါင်း ( ၁၂,၄၀၀ )ထိ အမြင့်ဆုံးသေဆုံးနေသော ဘရာဇီး တရားဝင် ကိန်းဂဏန်းထက် (၁၅) ဆ ပိုသေဆုံးနေ

ဘရာဇီးနိုင်ငံ မှာ COVID-19 ကြောင့် နေ့စဉ် သေဆုံးမှုအရေ အတွက် စံချိန်တင် အများဆုံးဖြစ် ခဲ့ကြောင်း သိရ ပါ တယ် ။

မေ ၁၂ ရက်နေ့ က ဘရာဇီးမှာ COVID-19 ကြောင့် ၈၈၁ ဦး သေဆုံးခဲ့ပြီး နေ့စဉ် သေဆုံးမှုအရေ အတွက် စံချိန်တင် အများဆုံးဖြစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လက်ရှိအချိန် အထိ ဘရာဇီး မှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက် စုစုပေါင်း ၁၂,၄၀၀ နဲ့ ကူးစက်ခံ ရသူ ၁၇၈,၂၁၄ ဦး အထိ မြင့်တက် လာ ခဲ့ ပါတယ်။

ဘရာဇီးနိုင်ငံ မှာ COVID-19 ကြောင့် နေ့စဉ် သေဆုံးမှုအရေ အတွက် စံချိန်တင် အများဆုံးဖြစ်

ဘရာဇီးဟာ လက်တင် အမေရိက မှာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်ဖြစ်နေပြီး ကမ္ဘာတစ်ဝှမ်း COVID-19 ကြောင့် သေဆုံးမှုအများဆုံး ဆဋ္ဌမမြောက် နိုင်ငံလည်းဖြစ်နေပါတယ်။ ဘရာဇီးမှာ ဗိုင်းရပ်စ် စစ်ဆေးနိုင်မှု နည်းပါးခြင်းကြောင့် COVID-19 ကြောင့် သေဆုံးသူဦးရေ ဟာ ယခုထက်ပိုများနိုင်တယ် လို့ ကျွမ်းကျင်သူတွေ က ဆို ပါတယ်။

“ဘရာဇီးက ဆေးရုံရောက်လာသူတွေကိုပဲ စစ်ဆေးနေတာပါ၊ ရရှိနိုင်တဲ့ အချက်အလက်ေ တွပေါ်မူတည်ပြီး အမှန်တစ်ကယ် ဘာဖြစ်နေတယ်ဆိုတာ သိရဖို့က ခက်ခဲပါတယ်” လို့ University of Säo Paulo Medical School မှ ဒိုမင်ဂိုအဲလ်ဗက်စ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ် ။ ၎င်းဟာ ဘရာဇီး မှာ COVID-19 ကူးစက်ခံမှုဟာ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းထက် ၁၅ ဆပိုများနိုင်ကြောင်း ခန့်မှန်းထားတဲ့ လေ့လာမှု ကို ပြုလုပ်ခဲ့သူတွေ အနက် တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံ မှာ COVID-19 ကြောင့် နေ့စဉ် သေဆုံးမှုအရေ အတွက် စံချိန်တင် အများဆုံးဖြစ်

လက်ရှိအချိန် အထိ ဘရာဇီးက အမေရိကန်ပြီးလျှင် ကမ္ဘာ့အနောက်ခြမ်း မှာ COVID-19 ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံလည်းဖြစ် ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (World Health Organization – WHO) က အမေရိကဟာ လက်ရှိ မှာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်ဖြစ်နေကြောင်း ပြောထား ပါတယ်။

ဘရာဇီးမှာ လာမယ့် သီတင်းပတ်များ အတွင်း ကူးစက်မှုတွေ ပိုမိုမြင့် တက်လာနိုင်ပြီး ကျန်းမာရေးစနစ် မနိုင်မနင်းဖြစ်လာနိုင်မှုအပေါ် ကျွမ်းကျင်သူတွေက စိုးရိမ်နေ ပါတယ်။ သို့သော် လက်ယာစွန်းရောက် ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုလ်ဆွန်နာရိုကတော့ ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှု အလွန်အမင်း စိုးရိမ်စရာ မလိုကြောင်း အကြိမ်ကြိမ်ပြောခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့တော်ဝန်တွေ ကို ကူးစက်မှုထိန်းချုပ်ရေး တင်းကျပ်တဲ့ ပိတ်ပင် ကန့်သတ်ချက်တွေ ချမှတ်လုပ်ဆောင်မှု အတွက် ဝေဖန်ခဲ့ ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *