ခေါင်းရှောင်နေတဲ့ တာဝန်ရှိသူတွေသိဖို့ ကိုဗစ်လူနာ Case 1 ရဲ့ အမျိုးတွေထားတဲ့ အငြိုးတွေကြားက ဆရာဝန်လေး ရဲ့ သေတမ်းစာ…..

အခု case 1 ရဲ့ အမျိုးတွေက ငါ့ကို မလိုမုန်းထားနေ တယ်၊ သူ တို့ အမျိုး ကို သိက္ခာချတယ် ဆိုပြီးတော့ ငါ့ကို ပြသနာလုပ်ဖို့နေရာတိုင်းကနေစောင့်နေကြတယ် လို့ ငါမင်း တို့ကို screen shot တွေပါပြပြီး အသိပေး ခဲ့တယ် ။ ကပ်တဲလ် ရွာသားတွေ တချို့ကလည်း ငါ့ကြောင့်ပဲ Lockdown ကြာနေသလိုလို ပြောဆို အပြစ်တင်နေကြတယ် ။ အဲဒီအတွက် ကပ်တဲလ်ကိုပြန်ဝင်ဖို့ အကူညီပေး ဖို့လည်း ငါမင်းတို့ကိုပြော ခဲ့တယ် ။ မင်းတို့ နည်းမျိုးစုံနဲ့ ခေါင်းရှောင် တယ် ။ တာဝန် မယူဘူး….။

ခေါင်းရှောင်မှုများတဲ့ တာဝန်ရှိသူတွေသိဖို့ ကိုဗစ်လူနာ Case 1 ရဲ့ အမျိုးတွေထားတဲ့ အငြိုးတွေကြားက ဆရာဝန်လေး ရဲ့ သေတမ်းစာ…..

တကယ်တမ်း အလုပ်ပြန်လုပ်မယ်ဆိုတော့ ငါ့အတွက် မင်းတို့ဘာမှပြင်ဆင် မထားဘူး ။ ငါကချည်း အကုန်လိုက်တောင်းဆို ခဲ့ရတယ် ။ တောင်းဆို တာတွေ ကိုလည်း အကုန်ပယ် ချတယ်။ ငါဆက် မလုပ်ဘူးပြော မှ မဖြစ် ညစ်ကျယ်လေး မရရအောင် လိုက်လုပ်ပေး တယ် ။ အခု ငါ့ကို ကပ်တဲလ် ကို လိုက်ပို့ခိုင်းတာကလည်း ငါကားခ မတတ်နိုင်ဘူးလို့ မင်းတို့ထင်နေလား။ ရွာမှာ ငါ့ကိုမကြည်တဲ့ case 1 ရဲ့ ဆွေမျိုး သားချင်းတွေ အများကြီး မို့ ငါတယောက်ထဲ personal သဘောပြန် မဝင်ဘဲ ၊အဖွဲ့အစည်းအနေ နဲ့ပြန်ဝင်ဖို့ မင်းတို့ကို သေချာရှင်းပြပြီး အကူညီတောင်းတာ။

ခေါင်းရှောင်မှုများတဲ့ တာဝန်ရှိသူတွေသိဖို့ ကိုဗစ်လူနာ Case 1 ရဲ့ အမျိုးတွေထားတဲ့ အငြိုးတွေကြားက ဆရာဝန်လေး ရဲ့ သေတမ်းစာ…..

ဒါကို မင်းတို့ work from home နေရပါတယ်ဆိုပြီး ငြင်းတယ် ။ နောက်ပြီး တီးတိန်က ဝန်ထမ်း ကို ငါ့ကိုလိုက်ပို့ဖို့ ပြောထားတယ်တဲ့။ ဒီကိစ္စမှာ အဲဒီ Level ဝန်ထမ်းတယောက်က ငါ့ကိုဘာများကာကွယ်ပေးနိုင်မှာ မို့လို့လဲ ။ နောက်ပြီးပြော လိုက်သေးတယ် ၊ကျနော်တို့ လိုက်ခဲ့မှာ ပါတဲ့ ။ အခုဆရာ နဲ့အတူမလိုက်နိုင်သေးတာဘဲ ရှိတာပါတဲ့ ။ အေး ငါရွာရောက်လို့ ဝိုင်းအရိုက်ခံရလို့ သေမယ်ဆို အရင်သေပြီးနေ မှ မင်းတို့နောက် က လိုက်လာ လို့ ဘာလုပ်ရမှာလဲ ။ ငါလိုချင်တာ မင်းတို့ မန်းလေးက၊ ရန်ကုန်က ကောင်တွေ လိုက်ပို့ဖို့ မဟုတ်ဘူး။ အနည်းဆုံး ကလေးရုံးက တာဝန်ရှိသူ တယောက်လိုက် ပို့ရင်ကိုရနေပြီ ။ ဒါကို အမျိုးမျိုး ရှောင်ထွက်ပြနေတယ် ။

ခေါင်းရှောင်မှုများတဲ့ တာဝန်ရှိသူတွေသိဖို့ ကိုဗစ်လူနာ Case 1 ရဲ့ အမျိုးတွေထားတဲ့ အငြိုးတွေကြားက ဆရာဝန်လေး ရဲ့ သေတမ်းစာ…..
ခေါင်းရှောင်မှုများတဲ့ တာဝန်ရှိသူတွေသိဖို့ ကိုဗစ်လူနာ Case 1 ရဲ့ အမျိုးတွေထားတဲ့ အငြိုးတွေကြားက ဆရာဝန်လေး ရဲ့ သေတမ်းစာ…..

မင်းတို့ ငြင်းထားတာ phone recording, video recording , screen recording အကုန်ရှိတယ်နော် ငါ့ဆီမှာ ။ မင်းတို့ကို စာပို့ဆိုတာ မင်းတို့မပို့ဘဲ ဖုန်းပဲလာဆက်ပြီး လူလည်လာလုပ်နေတယ်။ မနက်ဖန် ငါ ကပ်တဲလ် ကို သွားမယ် ။ ရွာရောက်လို့ တစုံတခု ပြသနာတက်ပြီ ဆိုရင် မင်းတို့ ပြသနာအကြီးကြီး ရှင်းဖို့ ပြင်ထား ။ ငါရွာရောက်လို့ ပြသနာတစုံတခု တက်ခဲ့ရင် ဘယ်သူတွေ ဘယ်လို တာဝန်မယူခဲ့ဘူး ဆိုတာ အကုန် record လုပ်ထားပြီးသား။ အခုစာကိုလည်း ငါ့ဘက်က ပက်သက်သမျှကိုလည်း ငါပို့ပြီးသား။ မင်းတို့ဘာလဲ၊ ဘယ်ရာထူးက ကောင်က ဘယ်လိုကအစ အကုန် တင်ပြပေးမယ် စိတ်ချစောင့်နေကြ။ ငါကတော့ မင်းတို့ထက် သတ္တိလည်းရှိတယ် ၊ ဦးနှောက်လည်း ရှိတယ် ၊ နှလုံးသားလည်းရှိတဲ့ အတွက် မနက်ဖန်ကို ငါ ကပ်တဲလ်ကို ပြန်တက်ပြီ။

ခေါင်းရှောင်မှုများတဲ့ တာဝန်ရှိသူတွေသိဖို့ ကိုဗစ်လူနာ Case 1 ရဲ့ အမျိုးတွေထားတဲ့ အငြိုးတွေကြားက ဆရာဝန်လေး ရဲ့ သေတမ်းစာ…..

မင်းတို့ တာဝန်ပေးထားတဲ့ မင်းတို့ရုံးက တာဝန်ယူပေးမယ့် ဝန်ထမ်း ကိုလည်း ငါ့အတွက် အသုံးမဝင်မယ့် အတူတူ ငါမခေါ်သွားတော့ဘူး ။ သူ့အတွက်ပါ အလုပ်ပိုမလုပ်ပေးနိုင်ဘူး။ ငါ့ဘာသာ ဥက္ကဌအကူအညီ နဲ့ ပြသနာဘာမှမဖြစ်ခဲ့ရင်တောင် မင်းတို့ ဝန်ထမ်းပါ လို့ ပြေလည်သလို နှမ်းဖြူးမယ့် အကွက်တွေသိနေလို့ မင်းတို့ဝန်ထမ်းမင်းတို့ဘာသာခိုင်း။ သူ့အတွက်ငါ ဝန်ပိုတယ် ။ တာဝန်ခံပေးနိုင်လောက် တဲ့ သူမဟုတ်ရင် ဘယ်သူမှ မလိုဘူး ။ ငါရွာရောက်သွားပြီးလို့ ငါ့ဟာငါ ပြေလည်နေပြီဆိုပြီးမှလည်း မင်းတို့ကောင်တွေတကောင် မှ လာနှမ်းဖြူးစရာမလိုဘူး။ မင်းတို့ ဘက်ဂျက်တွေ နှမျောစရာကြီး ။

ဒီစာက တကယ်လို့များ ငါရွာရောက်လို့ ပြသနာတခုခုကြောင့် ငါသေခဲ့ရင် ဘယ်သူတွေကြောင့်ပါဆိုတာကို လူတွေသိအောင် ငါရေးထား ခဲ့တာ ။ ဒီစာနဲ့ အတူ မင်းတို့ ရဲ့ နှုတ်သက်သေ၊ စာသက်သေတွေအကုန် ငါ လိုအပ်တဲ့သူတွေဆီ အကုန်ပို့ပေးထားပြီြး ပီ ။

အားလုံး Good Luck

Phyokyaw

Add a Comment

Your email address will not be published. Required fields are marked *