ပြည်သူကို နိုင်ငံတော်က အခမဲ့ဖြန့်ဝေတဲ့ ရိက္ခာအပေါ် ငွေကြေးကောက်ခံတဲ့ အုပ်ချုပ်ရေးမှုးကို တာဝန်ကရပ်စဲ

ကိုဗစ် ကပ် ဘေး ကာလ မှာ အခြေခံ လက်လုပ်လက်စားတွေ အတွက် နိုင်ငံတော်က အခမဲ့ဖြန့်ဝေတဲ့ ရိက္ခာအပေါ် ငွေကြေးကောက်ခံခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့၊ ထုံကတင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးကို သက်ဆိုင်ရာ က စုံစမ်းစစ်ဆေး နေပါတယ် ။ ကျေးရွာလူထု အတွက် အ‌ခြေခံစားသောက်ကုန် ၅ မျိုးဖြန့်ဝေရာမှာ တစ်အိမ်ကို ကျပ် ၅၀၀ နှုန်းနဲ့ ကောက်ခံတယ် လို့ တိုင်ကြားတဲ့အတွက် အခုလို စစ်ဆေးနေတာဖြစ် ပါတယ် ။

ပြည်သူကို နိုင်ငံတော်က အခမဲ့ဖြန့်ဝေတဲ့ ရိက္ခာအပေါ် ငွေကြေးကောက်ခံတဲ့ အုပ်ချုပ်ရေးမှုးကို တာဝန်ကရပ်စဲ

“ပြည်သူ တချို့က တိုင်ကြားတဲ့ အတွက်လောလောဆယ်တော့ တာဝန်က ရပ်စဲပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေ ပါတယ်။ ဟုတ်မှန်ရင်တော့ ရပ်ကျေးအုပ်ချုပ်ရေးနဲ့ အညီ အရေးယူသွားမှာပါ။ ”လို့ အမည်မဖော်လိုတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြည်သူကို နိုင်ငံတော်က အခမဲ့ဖြန့်ဝေတဲ့ ရိက္ခာအပေါ် ငွေကြေးကောက်ခံတဲ့ အုပ်ချုပ်ရေးမှုးကို တာဝန်ကရပ်စဲ

နိုင်ငံတော်ကနေ အခြေခံ လက်လုပ်လက်စားဝင်ငွေနည်း မိသားစုေ တွအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ စတဲ့အခြေခံစားသောက်ကုန် ၅ မျိုးကို ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေကတဆင့် ဖြန့်ဝေပေးနေတာပါ။ စစ်ကိုင်းတိုင်းအတွင်း ထောက်ပံ့ခံ အိမ်ထောင်စု ၄၄၀၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၈ သိန်းကျော်ရှိပါတယ်။ အခြေခံလူတန်းစားအများဆုံးက ရွှေဘိုခရိုင်ဖြစ်ပြီး အနည်းဆုံးက တမူးခရိုင်ဖြစ် ပါတယ်။

စားသောက်ကုန်ပေးဝေရာ မှာ ငွေကြေးမကောက်ခံဖို့ နိုင်ငံတော် ကလည်း ထုတ်ပြန်ထားသလို မြို့နယ်အလိုက် ညွှန်ကြားထားတာတွေလည်း ရှိပါတယ်။ အခုငွေကြေးကောက်ခံတာက သယ်ယူစရိတ် အတွက်ကောက်ခံတာ လို့ သိရပါ တယ်။ ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *