ဘုရားစူး အသစ်တွေပါ…ဆီးသီးဗန်း မှောက်ရုံမက ဆီးပင်ကြီးပါနှုတ်သွား တဲ့ စဝ်စံထွန်း ဆေးရုံက (၅) ထပ်ဆောင်သစ်

တကယ် ဆို စာတွေလဲ အများကြီးဖတ်ရသေး ဂျူတီချိန် လဲများသေး အပြစ်က အပြောခံရသေး အတိုင်ကခံရသေး နယ်ပြောင်းကခံရသေး လခနဲ့ ကမလောက်သေး နဲ့ ကုသရေးဖက်လိုက်ခဲ့မိတာ ကိုယ်တွေ သိပ်မှားခဲ့ တယ် ချစ် ရယ် ။

ပုံစာ – သိပ်ခိုင်ခန့်မှာ စိုးလို့လားပဲ ဂဟေတောင် ၂ နေရာ တို့တာ ပျက်လဲပြင်တော့ ၂ သီးစားပေါ့

Admin ဖက်လိုက်ပြီး ကန်ထရိုက်နဲ့ပေါင်းပြီး လုပ်တတ်ခဲ့မယ် ဆိုရင် ခုချိန်သူဌေးဖြစ်နေပြီသိလား ၊ သောင်းချီတဲ့ ပစ္စည်းစာရင်းပြ ပြီးထောင်တန်တဲ့ ပစ္စည်းသုံး၊ စာရင်းတွေလဲ ရုံးနဲ့ပေါင်းပြီးပြင်၊ စစ်ဆေးရေးနဲ့ စာရင်းစစ်တွေလာလဲ အေးဆေးပေါ့ ထောင်မြင် ရာစွန့်ရမှာပဲလေ။

ပုံစာ – မဖွင့်ရသေးဘူး ပျက်နေပြီ အရမ်းခိုင်တာပဲ ။ ပရိဘောဂဆိုင်ရောက်ဖူးတယ် ဈေးအနည်းဆုံး ပစ္စည်းကိုသုံးထားတာပဲ။

မြင်ရတာလေးတွေရိုက်ပြတာပါ မမြင်ရတဲ့ အထဲက သံတွေ designတွေ မပါသေးဘူး ဒါတောင် ကိုယ်တွေ နောက်ပိုင်းကျ ပေါင်းစားတတ်အောင်သင်နေပါပြီနော် ( ပေါင်းအိုးနဲ့ ) စားချင်သူများ သင်ချင်သူများ ပေါင်းအိုးလေးတစ်လုံးယူခဲ့ပါ အားလုံးဝိုင်းပြီးပေါင်းစားကြတာပေါ့။ အာလူးတို့ ကန်စွန်းဥတို့ပြောပါတယ်။

ပုံစာ – လုံးဝအဆင်မပြေတဲ့ တံခါးသော့ပိတ်ရမယ့် ပစ္စည်းတွေ တဲ့ ဘယ်လိုအဆင်မပြေလို့ မပြေမှန်းကိုမသိတာ

တာဝန်ယူမှု တာဝန်ခံမှု zero၊ ငါတို့နောက်က လူတွေကောင်းပါစေဆိုပြီး လူငယ်တွေ အတွက်တွေးတဲ့ လူကြီးမင်းများတွေ့မိကြလားမသိဘူး မြင်ဖူးကြလားပဲ ။ မဟုတ်ရင် နယ်ပြောင်းတော့ရော ဟိုနယ်မှာ ဆက်စားမှာ ပဲ။ ဘုံးထားတဲ့ငွေတွေ တရားစွဲ ပြန်​တောင်း ကန်ထရိုက်လဲ ပြန်ပြင်ဆောက်ခိုင်း အစအဆုံးပြန်ပြင်မှပဲ စိတ်ဓာတ်တွေပြန်မြင့်မယ် ထင်တယ်။

ပုံစာ – ဘုရားစူး အသစ်ပါဗျာ ။ လပိုင်းတောင်မရှိသေးတဲ့ အသစ်ပါ။

အကောင်းဆုံးကတော့ အသက် ၄၅ နှစ်အထက် အစိုးရထဲက လူကြီးတွေ အကုန် ခွေးခေါင်းဓားစက် နဲ့ခေါင်းဖြတ်သာ သတ်လိုက်အေးရောပဲ ။ ကောင်းကို မကောင်းကြဘူး။ ဒါနဲ့ စကားမစပ် စဝ်စံထွန်း ကမဖွင့်သေးတဲ့ (၅) ထပ်ဆောင်အသစ် စက်စက်နော်။ ဘုရားစူး အသစ်တွေပါ ။

Po Kal

Add a Comment

Your email address will not be published. Required fields are marked *