အသက် ( ၁၂ ) နှစ် အရွယ် ကောင်လေး မှ (၂) နှစ်အရွယ် မိန်းမငယ်လေးကို ပြုကျင့်မှု တောင်ကြီးတွင် ဖြစ်ပွား

ရှမ်ြး ပည်နယ် ၊ တောင်ကြီးမြို့ ၊ စိန်ပန်း ရပ်ကွက် တွင် ပြီးခဲ့သည့် မေလ ၁၅ ရက် ၊ ညနေပိုင်းက အသက် ၂ နှစ် အရွယ် မိန်း ကလေးငယ်အား အသက် ၁၂ နှစ် အရွယ် ယောက်ျားလေးငယ်က ပြုကျင့်မှု ဖြစ်ပွား ခဲ့ကြောင်း သိ ရသည် ။

အသက် ( ၁၂ ) နှစ် အရွယ် ကောင်လေး မှ (၂) နှစ်အရွယ် မိန်းမငယ်လေးကို ပြုကျင့်မှု တောင်ကြီးတွင် ဖြစ်ပွား

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ သရဖီလမ်းနေ အမျိုး သမီးတစ်ဦး သည် မေလ ၁၅ ရက် ၊ ညနေ ၅ နာရီခန့်က နေအိမ်ရှေ့ ၌ ရှိနေစဉ် အသက် ၂ နှစ် ၁၀ လ အရွယ် ၎င်း ၏ သမီး မိန်းကလေးငယ် အား အခန်းချင်းကပ်လျက် ငှားရမ်းနေထိုင်သူ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသားနှင့်အတူ နေအိမ်နောက်၌ ဆော့ကစားနေသည်ကို မြင်တွေ့သဖြင့် နေပူထဲမဆော့ရန် ပြောကြားပြီး နေအိမ်အတွင်း သို့ ဝင်သွားခဲ့ကြောင်း ၊ ၁၅ မိနစ်ခန့်အကြာတွင် သမီးဖြစ်သူ အသံမကြားသဖြင့် လိုက်လံရှာဖွေရာ နေအိမ်အနောက်ဘက် အိမ်သာအနီးတွင် သမီးဖြစ်သူအား အသက် ၁၂ နှစ်အရွယ် ကောင်လေးက သားမယားအဖြစ် ပြုကျင့်နေသည်ကို မြင်တွေ့သဖြင့် အော်ဟစ်ရာ ကောင်လေးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ မိဘအုပ်ထိန်းမှုအောက်၌ ရှိသော အသက်မပြည့်သေး သည့် မိန်းကလေးငယ်အား သားမယား အဖြစ် ပြုကျင့်သူ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသားအား မိန်းကလေးငယ်၏ မိခင်မှ တောင်ကြီးနယ်မြေ ရဲစခန်း တွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်း မှ(ပ)၄၅၂/ ၂၀၂၀၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၆၃/ ၃၇၆တို့ဖြင့် မေလ ၁၆ ရက်တွင် အမှုဖွင့် ကာ တရားလို / သက်သေများ စစ်ဆေးခြင်း၊ အခင်းဖြစ်ရပ် စစ်ဆေးခြင်း၊ ကျူးလွန်သူအား ထိန်းသိမ်းရန် တောင်ကြီးမြို့နယ် တရားသူကြီးထံ တောင်းခံရေးတို့ကို စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည် ။

Add a Comment

Your email address will not be published. Required fields are marked *