ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ ကို ပိုမိုဆိုးစေနိုင် တဲ့ အစုလိုက်အပြုံလိုက် ကျန်းမာရေး စစ်ဆေးမှု , ဖမ်းဆီးမှုများ…

မနေ့ က တာမွေမြို့နယ် မှာ ကျန်းမာရေး စစ်တဲ့ အခါ ရပ်ကွက်သူ ၊ ရပ်ကွက်သားတွေ ကို တစ်အိမ် တစ် လှည့် မလာခိုင်းဘဲ အားလုံး ကို စုဝေးတန်းစီစေပြီး မှ ကျန်းမာရေးစစ်တယ် ဆိုတာ ဘယ်လို မှ ကို မဖြစ်သင့် တဲ့ ကိစ္စလို့မြင် ပါ တယ် ။ ( သူ့ဟာသူ အိမ်ထဲမှာနေ သူတွေ ကို လမ်းပေါ် ထွက် စုဝေးစေ တာကြောင့်မို့ ပါ ။ )

ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ ကို ပိုမိုဆိုးစေနိုင် တဲ့ အစုလိုက်အပြုံလိုက် ကျန်းမာရေး စစ်ဆေးမှု , ဖမ်းဆီးမှုများ…

အိမ်နံပါတ်နဲ့ မခေါ်ဘဲ တစ်လမ်းလုံး လမ်းထိပ်ထွက်ခဲ့ ဖို့ ခေါ်တဲ့အကြောင်း ၊ စုပြုံတိုးနေရတဲ့အကြောင်း ကို လည်း အဲဒီမှာနေတဲ့ ညီမတစ်ယောက် က သူ့အတွေ့အကြုံ ကို ထုတ်ပြော ပါတယ်။

ထိုနည်းတူ ပဲ ပုစွန်တော င်မှာလည်း တစ်နေ့က နှာခေါင်းစည်း မတပ်လို့ဆိုပြီး ဖမ်းပြီးကားပေါ်တင်တယ် ။ ကားပေါ်တင်တဲ့ အခါ တစ်ဦးနဲ့ တစ်ဦးကပ်လျက်ထိုင်စေတယ်။ ကပ်ထိုင်ရုံတင်မက နှာခေါင်းစည်းတွေလည်း(ဖမ်းပြီးနောက်) တပ်ပေးမထားကြပါဘူး။ အဲဒီဓာတ်ပုံတွေ အွန်လိုင်းပေါ်တက် လာတယ် ။

ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ ကို ပိုမိုဆိုးစေနိုင် တဲ့ အစုလိုက်အပြုံလိုက် ကျန်းမာရေး စစ်ဆေးမှု , ဖမ်းဆီးမှုများ…

နှာခေါင်းစည်း မတပ်လို့ ဖမ်းဆီးအရေးယူ တာဟာ ဗိုင်းရပ်စ်ကူးစက် မှာကြောက်လို့ ဟန့်တားတဲ့အနေ နဲ့ အရေးယူတာပါဆိုတဲ့အရင်းခံအကြောင်းတရားကို လျစ်လျူရှုရာရောက်စေပါတယ်။

ဒီလုပ်ရပ်တွေဟာ ဗိုင်းရပ်စ် ကာကွယ်ရေးကို အထောက်အကူပြုတဲ့လုပ်ရပ်မဟုတ်ဘဲ ဗိုင်းရပ်စ် ပြန့်ပွားရေးကို အထောက်အကူပြုစေတဲ့ လုပ်ရပ်တွေဖြစ်နေတာပါပဲ။

ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ ကို ပိုမိုဆိုးစေနိုင် တဲ့ အစုလိုက်အပြုံလိုက် ကျန်းမာရေး စစ်ဆေးမှု , ဖမ်းဆီးမှုများ…

“ ခပ်ခွာခွာ (Social Distancing) နေပါ။ အိမ်ထဲမှာ ပဲနေပါ။ ဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့၊ လူစုလူဝေးရှောင်ပါ ” လို့ တတွင်တွင်ပြော၊ တတွင်တွင် အသိပညာပေးနေတဲ့ ကျန်းမာရေး၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ အစည်းများ ကိုယ်တိုင် ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေ ကို ချိုးဖောက်နေတာ ပဲဖြစ်ပါတယ် ။

“ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ” ဆိုတာမျိုးဖြစ်နေမှာစိုးလို့ ပြောရတာပါ ။ ပြောမှားဆိုမှား ရှိခဲ့ရင် ဗွေမယူကြပါနဲ့ ။ Ye Win Saung

Add a Comment

Your email address will not be published. Required fields are marked *