” ပဲတီစိမ်းပင်ပေါက် အလွယ်ပျိုးနည်း အသစ် “

အိမ်တွင်း ပုန်းရတာ မလွယ် ပါဘူး ။ ကိုယ်ပိုင်အသိစိတ်နဲ့ အိမ်ထဲမှာ နေနေရတာနဲ့၊ တစ်စုံတစ်ခုသော ဖိအားကြောင့် အိမ်ထဲမှာ နေနေရတာချင်းတောင် မတူညီပါဘူး။ အထူးသဖြင့် အခုလို အချိန်မျိုး မှာ တစ် ကမ္ဘာလုံး က အိမ်တွင်းပုန်း နေရချိန်မှာ ကုန်ခဲလှတဲ့ နာရီတွေကို ရေတွက်ကြည့်ရင်း ကြောင်စီစီအချိန်ဖြုန်းနေရတာ ကိုယ်တစ်ယောက် တည်းတော့ မဟုတ်ပါ ဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် ရောဂါကပ်ဆိုးကြီး ပျောက်ကွယ်သွား တဲ့ အထိ စိတ်ချရတဲ့ အခြေအနေ ရောက်တဲ့အထိ ငြိမ်ပေးကြပါဦး လို့ ကျန်းမာရေးဝန်ထမ်းတွေ ရဲ့ကိုယ်စား ပြောချင်ပါတယ်။ အခု မလေးရှားအမျိုးသမီး Mee Ho Chew ကတော့ အိမ်မှာ အချိန်ကြာမြင့်စွာ ပုန်းအောင်းနေထိုင်ရင်း၊ ပဲတီစိမ်းပင်ပေါက်ပြုလုပ်နည်းအသစ်ကို တွေ့ရှိခဲ့ပါတယ်။

Day 1

ပဲတီးစိမ်းပင်ပေါက် ကို မြေနေရာများများရှိ မှ လုပ်ရမယ်လို့ မထင်စေချင် ပါဘူး။ ပလက်စတစ်ပုလင်းလေး၊ ပလက်စတစ်ဘူလေးတွေတွေ ရှိရှုံနဲ့ လုံလောက် ပါတယ်။ ပဲပင်ပေါက်ပျိုးဖို့အတွက် တခြားလို အပ်တာကတော့ ပဲစေ့ရယ်၊ ပဝါအကျဲအပိုင်းအစလေးတစ်ခု စတာပဲလိုပါတယ်။ တချို့ကတော့ ပဲပင်ပေါက်ပျိုးမယ်ဆိုရင် မြေနေရာ လိုတယ်လို့ ထင်နေကြတာ မှားပါတယ် ။ အသေးစိတ်ပြုလုပ်ပုံ ကတော့ အောက်ပါအတိုင်း ဖြစ် ပါတယ်။

Day 2

(၁) အရင်ဆုံး ပလက်စတစ်ပုလင်း အလွတ်ထဲကို ပဲစေ့တွေထည့်ပြီး၊ ရေနဲ့ (၆)နာရီကြာ စိမ်ထားပေးပါ။

(၂) အဲဒီနောက် ရေတွေကို ဖယ်ထုတ်လိုက်ပြီး၊ အညှောက်ပေါက်လုပေါက်စ ဖြစ်နေတဲ့ ပဲစေ့တွေကို ဒီအတိုင်းထားပါ။ ယင်းနောက် ပိတ်စအကျဲလေးကို ပုလင်းအဝကနေ စည်းနှောင်ထားလိုက်ပါ။

Day 3

(၃) ပုလင်းကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် ရှောင်ရှားပေးပါ။ (၄) ပဲတီစိမ်းအညှောက်ကလေးတွေကို ညဘက်မှာ ရေစွတ်ရုံဖြန်းပေးပါ။ အကယ်၍ ရေလောင်းတာ များသွားရင်လည်း ရေပိုတွေကို သွန်ပစ်ပါ။

Day 4

(၅) ၆-ရက်လောက်အတွင်းမှာ ရေသုံးကြိမ် လောင်းပေးပါ။ တစ်ရက်ကို နှစ်ကြိမ်ရေလောင်းပါလို့ ပြောလို့ရပါတယ်။ (၆)ရက်ပြည့်တဲ့အခါ ပုံမှာ အဆင့်ဆင့်ပြထားတဲ့အတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Day 5

ဒီအကြောင်းကို ပြန်လည်မျှဝေသူ Mee Ho Chew ကတော့ (၅)ရက်လောက် ဆိုရင်လည်း ပဲတီစိမ်း အပင်ပေါက်က စားမယ်ဆိုရင် ဖြစ်တယ်လို့ ဆိုပါတယ်။ ပဲတီစိမ်းပျိုးခြင်း လုပ်ငန်းပြီးဆုံးသွားတဲ့ အခါမှာတော့ အလေးချိန် (၆၀၀)ဂရမ်ရှိတဲ့ ပဲတိမ်းစိမ်းပင်ပေါက်တွေ ကို ရရှိမှာဖြစ်တယ် လို့ သူမက ဆိုပါတယ်။ အဆိုပါ Facebook ပို့စ်ကို ပြန်လည်မျှဝေသူ ( ၁၁၀၀၀ ) ရှိခဲ့ပြီး၊ မှတ်ချက်ရေးသူကတော့ (၁၃၀၀) အထိ ရှိခဲ့ပါတယ် ။

ဓာတုဗေဒ ကင်းလွတ်တဲ့ ” ပဲတီစိမ်းပင်ပေါက် အလွယ်ပျိုးနည်း အသစ် “

Add a Comment

Your email address will not be published. Required fields are marked *