လူတစ္ေယာက္က ေသကံမပါရင္ ကားနဲ႔တည့္တည့္ တိုက္ၿပီးသတ္ရင္ေတာင္ မေသဘူးဆိုတာကို သက္ေသျပလိုက္တဲ့ အမ်ိဳးသား(ဗီဒီယုိဖုိင္)

လူတိုင္း ကေတာ့ ဘယ္ေလာက္ပဲ အသက္အႏၲရာယ္မ်ိဳး နဲ႔ႀကဳံရပေစ ေသကံမပါရင္ ဘယ္ေသမင္းက မွလာမေခၚဘူး လို႔ေျပာရမွာပါပဲေလ ။ တစ္ခ်ိဳ႕ဆိုရင္ မိုးႀကိဳး 3 ႀကိမ္ ၊ 4 ႀကိမ္ေလာက္ အပစ္ခံရရင္ေတာင္ မေသတဲ့ သူမ်ိဳးေတြရွိၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလးရွားႏိုင္ငံက အမ်ိဳးသား တစ္ေယာက္ဟာ Kota Kinabalu International Airport ေလဆိပ္သို႔ အျမန္လမ္းကေန ဆိုင္ကယ္ေမာင္းႏွင္ လာခဲ့ပါတယ္ ။

ဆိုင္ကယ္သမားဟာ လမ္းအလယ္ဖက္ကေန ေမာင္းႏွင္ေနခဲ့တုန္း အေနာက္ဖက္ကေန ကားအမဲေရာင္တစ္စီးမွာ အရွိန္ျပင္းျပင္းႏွင့္ ႐ုတ္တရက္ေရာက္လာခဲ့ၿပီး ဆိုင္ကယ္ တစ္စီးလုံးကို တိုက္ထုတ္ပစ္ခဲ့ပါတယ္ ။

ထို႔ေၾကာင့္ ဆိုင္ကယ္ ႏွင့္ အဆိုပါ အမ်ိဳးသားတို႔ဟာ ေလထဲသို႔ေျမာက္တက္သြားခဲ့ၿပီး ၊ ဆိုင္ကယ္မွာလည္း အမႈန္႔ျဖစ္သြားတယ္လို႔ ထင္ရေလာက္ေအာင္ လုံးဝကြဲေၾကသြားခဲ့ပါတယ္ ။ ထို႔အျပင္ ကားမွာ အရွိန္လုံးဝမထိန္းႏိုင္ဘဲ လမ္းေဘးဖက္သို႔ အႀကိမ္ႀကိမ္ ေခါက္တုံ႔ေခါက္ျပန္ လွန္ထြက္သြားခဲ့ပါတယ္ ။

အျဖစ္အပ်က္ဟာ ျမန္ဆန္လြန္းလွတဲ့ အတြက္ အေတာ္ေလးကို ထိတ္လန္႔ဖို႔ေကာင္းတယ္ ဆိုေပမဲ့လည္း ပိုၿပီး အံ့ၾသထိတ္လန္႔ေစခဲ့တာကေတာ့ ဆိုင္ကယ္သမားဟာ မိုးေပၚ ပ်ံထြက္သြားၿပီး ေျမျပင္ေပၚသို႔ျပန္ က်ခဲ့ေပမဲ့လည္း ဘားမွမျဖစ္ခဲ့သလို ခ်က္ခ်င္း မတ္တပ္ျပန္ရပ္ႏိုင္ခဲ့လို႔ပါပဲ ။ ထို႔အျပင္ ကားမွာအႀကိမ္ႀကိမ္ လွန္ထြက္သြားခဲ့၍ ကားဆရာ၏ အေျခအေနကိုေတာ့ ခန္႔မွန္းလို႔မ ရပါဘူး ။ ထို႔ေၾကာင့္ ဆိုင္ကယ္သမားရဲ႕ အျဖစ္ကိုၾကည့္ၿပီး ေသကံမပါေသာေၾကာင့္ အေတာ္ေလး ကံေကာင္းခဲ့တဲ့အျဖစ္ကို ေတြ႕ရွိခဲ့ရပါတယ္ ။

ေအာက္ဆံုးမွာ ဗီဒီယိုဖုိင္ ထည့္သြင္းေပးထားပါတယ္

Unicode

လူတိုင်း ကတော့ ဘယ်လောက်ပဲ အသက်အန္တရာယ်မျိုး နဲ့ကြုံရပစေ သေကံမပါရင် ဘယ်သေမင်းက မှလာမခေါ်ဘူး လို့ပြောရမှာပါပဲလေ ။ တစ်ချို့ဆိုရင် မိုးကြိုး 3 ကြိမ် ၊ 4 ကြိမ်လောက် အပစ်ခံရရင်တောင် မသေတဲ့ သူမျိုးတွေရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အမျိုးသား တစ်ယောက်ဟာ Kota Kinabalu International Airport လေဆိပ်သို့ အမြန်လမ်းကနေ ဆိုင်ကယ်မောင်းနှင် လာခဲ့ပါတယ် ။

ဆိုင်ကယ်သမားဟာ လမ်းအလယ်ဖက်ကနေ မောင်းနှင်နေခဲ့တုန်း အနောက်ဖက်ကနေ ကားအမဲရောင်တစ်စီးမှာ အရှိန်ပြင်းပြင်းနှင့် ရုတ်တရက်ရောက်လာခဲ့ပြီး ဆိုင်ကယ် တစ်စီးလုံးကို တိုက်ထုတ်ပစ်ခဲ့ပါတယ် ။

ထို့ကြောင့် ဆိုင်ကယ် နှင့် အဆိုပါ အမျိုးသားတို့ဟာ လေထဲသို့မြောက်တက်သွားခဲ့ပြီး ၊ ဆိုင်ကယ်မှာလည်း အမှုန့်ဖြစ်သွားတယ်လို့ ထင်ရလောက်အောင် လုံးဝကွဲကြေသွားခဲ့ပါတယ် ။ ထို့အပြင် ကားမှာ အရှိန်လုံးဝမထိန်းနိုင်ဘဲ လမ်းဘေးဖက်သို့ အကြိမ်ကြိမ် ခေါက်တုံ့ခေါက်ပြန် လှန်ထွက်သွားခဲ့ပါတယ် ။

အဖြစ်အပျက်ဟာ မြန်ဆန်လွန်းလှတဲ့ အတွက် အတော်လေးကို ထိတ်လန့်ဖို့ကောင်းတယ် ဆိုပေမဲ့လည်း ပိုပြီး အံ့သြထိတ်လန့်စေခဲ့တာကတော့ ဆိုင်ကယ်သမားဟာ မိုးပေါ် ပျံထွက်သွားပြီး မြေပြင်ပေါ်သို့ပြန် ကျခဲ့ပေမဲ့လည်း ဘားမှမဖြစ်ခဲ့သလို ချက်ချင်း မတ်တပ်ပြန်ရပ်နိုင်ခဲ့လို့ပါပဲ ။ ထို့အပြင် ကားမှာအကြိမ်ကြိမ် လှန်ထွက်သွားခဲ့၍ ကားဆရာ၏ အခြေအနေကိုတော့ ခန့်မှန်းလို့မ ရပါဘူး ။ ထို့ကြောင့် ဆိုင်ကယ်သမားရဲ့ အဖြစ်ကိုကြည့်ပြီး သေကံမပါသောကြောင့် အတော်လေး ကံကောင်းခဲ့တဲ့အဖြစ်ကို တွေ့ရှိခဲ့ရပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *