(၂၄) နာရီအတွင်း ကမ္ဘာတစ်ဝှမ်းမှာ COVID-19 အတည်ပြုလူနာ ၁၀၆,၀၀၀ တိုးလာခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ နေ့စဉ် အသစ်တွေ့ရှိရမှု အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း WHO ထုတ်ပြန်

မေ ၂၀ ရက်နေ့မှာ WHO ရဲ့ ထုတ်ပြန်မှုအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကမ္ဘာတစ်ဝှမ်း မှာ COVID-19 အတည်ပြုလူနာ ၁၀၆,၀၀၀ တိုးလာခဲ့ပြီး လက်ရှိအချိန်အထိ နေ့စဉ် ကူးစက်ခံလူနာ အသစ်တွေ့ရှိရမှု အများဆုံးဖြစ်ကြောင်း သိရပါတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံအများအပြားက lockdown ပိတ်ပင်ကန့်သတ်မှုတွေ စတင်ဖြေလျှော့နေခဲ့စဉ် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကူးစက်မှုများ မြင့်တက်လာနေမှုကို WHO က စိုးရိမ်ပူပန်နေပါ တယ်။

ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကူးစက်မှုများ မြင့်တက်လာနေမှုကို WHO က စိုးရိမ်ပူပန်နေ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ဖြစ်ပွား ခဲ့တဲ့ ယမန်နှစ် ဒီဇင်ဘာလကုန် မှစပြီး တစ်ကမ္ဘာလုံး မှာ ကူးစက်ခံရသူ နေ့စဉ် အသစ်တွေ့ရှိရမှု အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (World Health Organization – WHO) က သတင်းထုတ်ပြန် ပါတယ်။

ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကူးစက်မှုများ မြင့်တက်လာနေမှုကို WHO က စိုးရိမ်ပူပန်နေ

“ကျွန်တော်တို့ ဒီကပ်ရောဂါကာလထဲမှာ ရှေ့ဆက်သွား ဖို့ ခရီးရှည် ရှိနေဆဲပါ ၊ ဝင်ငွေနည်းပါး တဲ့ နိုင်ငံတွေ နဲ့ ဝင်ငွေအလယ်အလတ် နိုင်ငံတွေမှာ ကူးစက်မှုတွေ တိုးမြင့်လာတာကို ကျွန်တော်တို့ အလွန်စိုးရိမ်ပါတယ်” လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကူးစက်မှုများ မြင့်တက်လာနေမှုကို WHO က စိုးရိမ်ပူပန်နေ

WHO ဟာ COVID-19 ကူးစက်ဖြစ်ပွားမှု ကိစ္စမှာ စီမံဆောင်ရွက်မှု မှားယွင်းခဲ့ကြောင်းနဲ့ တရုတ်နိုင်ငံကို မျက်နှာသာပေး ဘက်လိုက်မှုတွေရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဝေဖန်ခဲ့ပါတယ်။ ထရန့်က WHO ကနေ အပြီးတိုင် နုတ်ထွက်မယ်လို့လည်း ယခုသီတင်းပတ် အတွင်း ခြိမ်းခြောက်ခဲ့ ပါတယ်။

ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကူးစက်မှုများ မြင့်တက်လာနေမှုကို WHO က စိုးရိမ်ပူပန်နေ

လက်ရှိမှာ အမေရိကန်က ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်နေပြီး ကူးစက်ခံရသူ ၁.၅ သန်းကျော်နဲ့ သေဆုံးသူ ၉၄,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း ရုရှားနဲ့ ဘရာဇီးနိုင်ငံတွေ မှာလည်း ကူးစက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရပါ တယ်။ လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံး မှာ COVID-19 ကူးစက်ခံရသူ အရေအတွက် ၅ သန်းကျော်လွန်လာခဲ့ပြီး သေဆုံးသူ ၃၂၀,၀၀၀ ကျော်ရှိခဲ့ ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *