အဖေ သားသမီးတွေ ကို ဒါကြောင့် ပညာတတ် ဖြစ်စေချင် တာ ပါ….

“ အဖေ ” “ သား ဆယ်တန်းကျ တယ် ” နွားစာကျွေးနေသော အဖေ ရုတ်တရတ် တုံ့သွား သည်……။ မီးဖိုချောင်ထဲ ထမင်းချက်နေသော အမေက ကြားလိမ့်မည် မထင် ။ အဖေ စကား တလုံး မှ မပြောပဲ ကျတော့်ကို စူးစိုက်ကြည့်နေသည်။”ဟိုးမှာတွေ့လား ငါ့သား! ဓား ၂ချောင်းစီ ကျတော့်ကိုညွန်ပြသည်။( စကားလမ်းလွှဲလိုက် သည် ဟု ကျတော်ထင် ) “ လှည်းပေါ် တင် ကွာ အဖေနဲ့ လယ်တောခဏ လိုက်ခဲ့ အင်္ကျီ ထူထူ ယူခဲ့ ”နွားညိုသိုးကြီး ၂ကောင် ကိုဆွဲသွားပြီး အဖေ နွားလှည်းတပ် နေပြီ ။

ကျတော် အဖေ့နောက်မှ ၀င်ထိုင်လိုက် သည် ။(အတွေးထဲ ကျောင်းများ ထုတ်လိုက် သည် ဟု ထင်ခဲ့ ) လယ်တောရောက်တော့ အဖေ ကျတော့်ကို ထွန်တုံးဆင်ပေးပြီး ထွန်ခိုင်း သည် ။ ကျတော် အူကြောင်ကြောင်ဖြစ်သွားတယ်။အဖေ ငါ့ကို တကယ်များကျောင်းထုတ်လိုက်ပြီလား? ကျတော့်ကို တခါမှ အလုပ်မခိုင်းဘူးခဲ့တဲ့အဖေက ဒီလို လုပ်တော့ အံ့သြသွားမိတာပေါ့ ကျတော် နွားကို ရိုက်လိုက် သည် ။

အဖေ သားသမီးတွေ ကို ဒါကြောင့် ပညာတတ် ဖြစ်စေချင် တာ ပါ….

လယ်ထဲကို သုံးပတ်လောက်ပတ်မိတဲ့ အချိန် ဖြေဖဝါးတွေက သွေးကျင် ဥလာတယ် ။ နေပူတဲ့ဒဏ်ကြောင့် ချွေးတလုံးလုံး နဲ့ ပန်ပင်းတဲ့ဒဏ်ကို မခံစားနိုင်တော့ဘဲ ကျတော် ယိုင်ကျသွားသည်။ငါ့သား အဖေတို့ မင်းလို ပညာမသင်ခဲ့ရဘူးပညာ ဆိုလို့ ၄တန်းပဲအောင်ခဲ့တာမင်းကိုကျောင်းထားတယ်ဆိုတာ အဖေတို့လို ပန်းပင်းမှာဆိုးလို့ ငါ့သားသမီးတွေငါ့လို မဖြစ်ရလေအောင် ဆိုပြီး အဖေတို့မင်း ကို ဘော်ဒါဆောင် မှာ ကောင်းကောင်းထားပြီး စာသင် ခိုင်းခဲ့တာ

အဖေတို့ မင်းဆီကဘာမှမျော်လင့်ချက် မရှိဘူး ငါ့သားသမီး ငါ့လိုပင်ပင်ပန်းပန်းနဲ့ မလုပ်စားစေချင်လို့ နောင်တချိန်မှာ မင်းဘဝလေး သာယာလှပဖို့(ပြေားရင်းနဲ့ အဖေ့သံက ငိုသံပါသလိုလိုခံစားရ)ကျတော့်နောင်တနဲ့ အတူ မျက်ရည်တေကျလာ ခဲ့သည် ( စာမကျက်မိသည်များကို ) …ဟိုးအဝေးက အမေ တလုပ်လုပ်နဲ့ထမင်းထောင်း ကို ရွတ်လာတာမြင်နေမိသည် ။အဖေ့ ကို ထာဝရစဉ်လေးစားလျက် ။

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်

Add a Comment

Your email address will not be published. Required fields are marked *