Covid-19 ကြောင့် ထိခိုက်ခဲ့သည် စီးပွားရေးကုစားရန် ဂျပန်နိုင်ငံမှ ကမ်းလှမ်းလာသည့် အတိုးနှုန်း(၀.၀၁) နှုန်းဖြင့် ယန်းငွေ( ၃၀ )ဘီလီယံအား မြန်မာလက်ခံမည်

Covid-19 ကြောင့် ထိခိုက်ခဲ့ သည့် စီးပွားရေး ကုစားရန် ဂျပန်နိုင်ငံမှ ကမ်းလှမ်းလာသည့် ချေးငွေယန်း ၃၀ ဘီလီယံအား မြန်မာက လက်ခံချေးယူမည်ဖြစ်၍ ပြည်ထောင်စု လွှတ်တော် က ခွင့်ပြုနိုင် ပါရန် အစိုးရက ယနေ့ လွှတ်တော်သို့ တင်ပြလိုက်သည် ဟု သိရသည် ။

ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံ၊ ဘဏ္ဍာ ၊စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော် ကို တင်ပြရာ တွင် မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ် ၁၉ ၏ ရိုက်ခတ်မှုကို အခြားနိုင်ငံများနည်းတူ ခံစားရမည်ဖြစ် ၍ လိုအပ်ချက် များဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံဘက် မှ ချေးငွေချေးပေးလိုကြောင်း ကမ်းလှမ်းလာခဲ့ သည်ဟု ထည့်သွင်းစကား ဆိုခဲ့သည် ။

Covid-19 ကြောင့် ထိခိုက်ခဲ့သည် စီးပွားရေးကုစားရန် ဂျပန်နိုင်ငံမှ ကမ်းလှမ်းလာသည့် အတိုးနှုန်း(၀.၀၁) နှုန်းဖြင့် ယန်းငွေ( ၃၀ )ဘီလီယံအား မြန်မာလက်ခံမည်

အဆိုပါချေးငွေ ပမာဏသည် ဂျပန်နိုင်ငံဘက် မှ မြန်မာဘက် သို့ ကနဦးချေးငွေသာဖြစ်ကြောင်းလည်း သိရကာ နောက်ထပ်ချေးငွေများ ထပ်ပေးရန်လည်း ရှိသေးကြောင်း ဒုတိယဝန်ကြီး ၏ ပြောကြားချက် အရသိရသည်။

ယခုချေးငွေ သည် ဆိုင်းငံ့ကာလ ၁၀နှ စ် ၊ပြန်ဆပ်ကာလ နှစ် ၃၀ စုစုပေါင်း ချေး ငွေသက်တ မ်း သည် နှစ် ၄၀ ဖြစ်ကာ အတိုးနှုန်း မှာ ဝ.၀၁ ရာခိုင်နှုန်းဖြစ်သည် ဟု သိရသည် ။

ဂျပန်နိုင်ငံ အနေဖြင့် ယခုချေးလိုက် သည့် ချေးငွေအား ကန့်သတ်ချက် မထားဘဲ မြန်မာအစိုးရ ၏ ဘက်ဂျက် အသုံးစရိတ်ထဲ လွတ်လပ်စွာ သုံးစွဲခွင့်ပြုထားကြောင်း သိရှိရသည် ။

ပြည်ထောင်စုလွှတ်တော် က သဘောတူ လက်ခံလျှင် အဆိုပါ ချေးငွေ ကိစ္စ ကို အစိုးရအဖွဲ့က ဆက်လက် လုပ်ဆောင်သွားမည် ဟု ဒုတိယဝန်ကြီးက လွှတ်တော်ကို တင်ပြခဲ့သည် ။

Myanmar Harp

Add a Comment

Your email address will not be published. Required fields are marked *