ကမ္ဘာ့အကြီးဆုံးမြွေ ( သို့မဟုတ်) အန်နာကွန်ဒါ မြွေကြီးများ အကြောင်း

အန် နာကွန်ဒါတွေ ဟာ ကမ္ဘာပေါ် မှာ အကြီးဆုံးမြွေ အမျိုးအစားဖြစ်တယ် ဆိုတာ အများစု သိပြီးကြပြီး ဖြစ်မှာ ပါ ။ ဒီ တစ်ခါတော့ အဲဒီ အန်နာကွန်ဒါမြွေကြီးတွေ ရဲ့ အကြောင်း ကို ဗဟုသုတ အဖြစ် မျှဝေ လိုက် ပါ တယ် ။

ကမ္ဘာ့အကြီးဆုံးမြွေ ( သို့မဟုတ်) အန်နာကွန်ဒါ မြွေကြီးများ အကြောင်း

အန်နာကွန်ဒါ (သို့) ရေနေ စပါးကြီးမြွေမျိုးတွေ ဟာ Eunectes မျိုးစိတ်ထဲ မှာ ပါဝင် ပါတယ် ။ ဒီမြွေကြီးတွေဟာ အများအားဖြင့် တောင်အမေရိကတိုက် ရဲ့ အပူပိုင်း မိုးသစ်တော ၊ ရွံ့မြေ နဲ့ ရေကန်တွေထဲ မှာ ကျက်စားလေ့ ရှိပါတယ် ။ အများဆုံးတွေ့ရလေ့ရှိတဲ့ နေရာကတော့ အမေဇုန်မြစ် နဲ့ အော်ရင်နိုကိုမြစ် အနီး တဝိုက်ဒေသ မှာဖြစ် ပါ တယ် ။

အန်ဒါကွန်ဒါမြွေ မျိုးစိတ် ၄ ခု ရှိ ပါတယ် ။ အဲဒါတွေကတော့ Green Anaconda ၊ Yellow Anaconda ၊ Darkly-Spotted Anaconda နဲ့ Bolivian Anaconda တို့ ဖြစ် ပါ တယ်။ ဒီအထဲ မှာ အကြီးဆုံး ကတော့ အစိမ်းရောင် အန်ဒါကွန်ဒါမြွေမျိုးစိတ် ပဲ ဖြစ်ပါတယ် ။

သူတို့ဟာ အရွယ် အစားကြီးမားလွန်းပေမယ့် လူရှိတဲ့နေရာတွေ ကိုရှောင်ရှားပြီး ပုန်းအောင်နေထိုင်လေ့ရှိတာကြောင့် ရှာတွေ့ဖို့တော့ ခက်ခဲပါတယ်။ ဖက်ရှင်လောက မှာတော့ အန်ဒါကွန်ဒါမြွေအရေခွံဟာ ဈေးကြီးပြီး လူကြိုက်များတာကြောင့် မြွေမုဆိုးတွေဟာ အန်ဒါကွန်ဒါတွေ ကို ရှာဖွေ ဖမ်းဆီး အမဲလိုက်လေ့ရှိပါတယ်။

အရွယ်ရောက်ပြီး အန်နာကွန်ဒါတွေ ဟာ အရှည်ပေ ၂၀ကနေ ၂၅ ဝန်းကျင်အထိ ရှိတတ်ပြီး အလေးချိန်ကတော့ ပေါင် ၅၀၀ ဝန်းကျင်အထိရှိတတ်ပါတယ်။ အမတွေဟာ အထီးတွေ ထက် အရွယ်အစား ပိုကြီး ပါတယ် ။ (အန်နာကွန်ဒါတွေဟာ ခန္ဓာကိုယ်အကြီးဆုံးမြွေအမျိုးအစားဖြစ်ပေမယ့် အရှည်ဆုံးမြွေတော့ မဟုတ်ပါဘူး။ အရှည်ဆုံးစံချိန်တင်ထား တာကတော့ MEDUSA လို့ခေါ်တဲ့ စပါးအုံမြွေဖြစ်ပြီး အရှည် ၂၅ပေ ၂လက်မ ရှိ ပါ တယ်)

အန်ဒါကွန်ဒါတွေ ရဲ့ အရွယ် အစား ဟာ သူတို့ သက်တမ်းတလျှောက်လုံး အဆက်မပြတ်ကြီးထွားလာလေ့ရှိပါတယ်။ အများအားဖြင့် အစိမ်း (သို့) အဝါရောင်ရှိပြီး ကျောကုန်းတလျှောက်မှာတော့ အမည်းစက်တွေ ရှိနေတတ် ပါတယ် ။

ကမ္ဘာ့အကြီးဆုံးမြွေ ( သို့မဟုတ်) အန်နာကွန်ဒါ မြွေကြီးများ အကြောင်း

အန်နာကွန်ဒါတွေဟာ ကုန်းပေါ်မှာရော ရေထဲမှာပါ သူတို့ရဲ့သားကောင်ကို အမဲလိုက်လေ့ရှိပါတယ်။ ဒါပေမယ့် အများအားဖြင့်နေထိုင်တာကတော့ ရေထဲမှာဖြစ်ပြီး ရေထဲမှာ နေထိုင်ခြင်းဟာ ပိုမိုလျှင်မြန်စွာရွေ့လျားစေနိုင်လို့ ဖြ စ်ပါတယ် ။

သူတို့ရေထဲမှာနေတဲ့အခါ ဦးခေါင်းထိပ်စွန်းက လွဲလို့ဘာမှမြင်ရမှာ မဟုတ်ပါဘူး ။ ဦးခေါင်းထိပ်ပိုင်းမှာ ရှိတဲ့ နှာခေါင်းပေါက်ကလွဲရင် တစ်ကိုယ်လုံးကို ရေထဲမှာနှစ်မြုပ်ပြီး နေထိုင်လေ့ရှိတဲ့အတွက်ကြောင့် ဖြစ် ပါတယ်။ သူတို့ဟာ ရေအောက် မှာ ၁၀ မိနစ်ခန့်ပဲ ရေငုပ်နိုင်ပြီး ထို့နောက် မှာတော့ ရေမျက်နှာပြင်ပေါ်ကို ထွက်ကာ လေကိုထပ်မံရှုပြီးမှ ရေထဲကို ပြန်ငုပ်နိုင် ပါ တယ် ။

ကမ္ဘာ့အကြီးဆုံးမြွေ ( သို့မဟုတ်) အန်နာကွန်ဒါ မြွေကြီးများ အကြောင်း

အန်နာကွန်ဒါေ တွရဲ့ အမဲလိုက်ခြင်း ကိုခံရတဲ့ သားကောင်တွေကတော့ ငါး ၊ လိပ် ၊ မိကျောင်းငယ် ၊ capybara ၊ ဒရယ် စတဲ့တိရစ္ဆာန်တွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ တစ်နေ့ကို အလေးချိန် ပေါင် ၄၀ ခန့်အထိ အစာစားနိုင်ကြ ပါတယ် ။

သူတို့ဟာ အဆိပ်မရှိတဲ့မြွေအမျိုးအစားဖြစ် တာကြောင့် သားကောင်တွေကို ဖမ်းတဲ့နေရာမှာ ကြီးမားတဲ့ ခန္ဓာကိုယ်ကို အသုံးပြုလေ့ရှိပါတယ်။ လိုက်လံဖမ်းဆီးခြင်းထက် အလစ်အငိုက်ဖမ်းသည့် နည်းကိုသုံးလေ့ရှိ ပါတယ် ။ သန်မာပြီးကြီးမား တဲ့ ခန္ဓာကိုယ်နဲ့ အရင်တိုက်ခိုက်ပြီးနောက် အံသွားနှင့်ပါးရိုးကို အသုံးပြုကာ သားကောင်အား ကိုက်ခဲလေ့ရှိ ပါတယ် ။

အဲဒီနောက်တော့ သားကောင် ကို မလှုပ်နိုင်အောင် ရစ်ပတ်ကာ အသက်သေဆုံးသည်အထိ တင်းကျပ်စွာညှစ်ထားလေ့ရှိပါတယ်။ အညှစ်ခံရတဲ့ တိရစ္ဆာန်ဟာ အရိုးအဆစ် များကြိုးကြေသွားလေ့ရှိပြီး အဲဒီနောက်မှာတော့ တစ်ကောင်လုံးကို ဦးခေါင်းပိုင်းမှစ၍ မျိုချစားသောက်ပစ်လေ့ ရှိပါတယ်။ အစာတစ်ခါစားပြီးတိုင်း ၁ပတ် ၂ပတ်အထိ ဘာအစာ မှ မစားပဲနေနိုင်ကြ ပါတယ် ။ အမဲလိုက်တဲ့ လုပ်ငန်း ကိုတော့ ညအချိန်တွေမှာ ပဲ ပြုလုပ်လေ့ ရှိ ပါတယ် ။

ကမ္ဘာ့အကြီးဆုံးမြွေ ( သို့မဟုတ်) အန်နာကွန်ဒါ မြွေကြီးများ အကြောင်း

အန်နာကွန်ဒါတွေ အကြောက်ဆုံးကတော့ လူတွေဖြစ် ပါတယ် ။ နှစ်စဉ် အန်ဒါကွန်ဒါပေါင်းများစွာဟာ လူတွေရဲ့အမဲလိုက်သတ်ဖြတ်ခြင်း ကို ခံရလေ့ ရှိပါတယ် ။ အန်ဒါကွန်ဒါတွေဟာ လူတွေကို စားသောက်တယ်ဆိုတဲ့ ထင်ထင်ရှားရှား သက်သေ မှတ်တမ်းတွေ မရှိပေမယ့် သိပ္ပံပညာရှင်တွေ ရဲ့လေ့လာမှုအရတော့ သူတို့ဟာ လူတွေကိုစားသောက်နိုင်စွမ်း ရှိတယ်လို့ သိရ ပါတယ် ။

အန်နာကွန်ဒါတွေ မိတ်လိုက်တဲ့ရာသီကတော့ ဧပြီ နဲ့ မေလတွေဖြစ် ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန် ၆လခန့် ကြာမြင့်ပြီးတဲ့နောက် အကောင် ၂၀ကနေ ၄၀ခန့်ရှိတဲ့ အန်နာကွန်ဒါလေးတွေကို မွေးလေ့ ရှိပါတယ်။ အန်နာကွန်ဒါပေါက်ကလေးတွေဟာ ခန္ဓာကိုယ်အရွယ်အစား ၂ပေခန့် ရှိပြီး မွေးပြီးပြီးချင်းမှာ ပဲ တသီးတခြားသွားလာ လှုပ်ရှားနိုင်ပြီ ဖြစ် ပါတယ် ။

ကမ္ဘာ့အကြီးဆုံးမြွေ ( သို့မဟုတ်) အန်နာကွန်ဒါ မြွေကြီးများ အကြောင်း

တောတွင်းနေ အန်နာကွန်ဒါမြွေတွေ ရဲ့ သက်တမ်းကတော့ ၁၀နှစ်မှ ၁၂နှစ်ခန့် အထိဖြစ်ပြီး တိရစ္ဆာန်ရုံတွေမှာ ဂရုတစိုက်ထိန်းသိမ်းထားခံရတဲ့ အန်ဒါကွန်ဒါတွေကတော့ အနှစ် ၃၀ ခန့်အထိ အသက်ရှည်နိုင် ပါတယ် ။

VIDEO

Ref:Softschool Facts Anacondas
Wikipedia

Add a Comment

Your email address will not be published. Required fields are marked *