မလေးရှား ထောင်ထဲ တွင် မြန်မာ ( ၁၇ ) ဦး ကိုရိုနာဗိုင်းရပ်စ်ပိုးရှိကြောင်း စစ်ဆေးတွေ့ ရှိ

မ လေး ရှား နိုင်ငံ ၊ ကွာလာလမ်ပူမြို့တော်မှာ ရှိတဲ့ လူဝင်မှုကြီးကြပ်ရေး စခန်း တခု မှာ ထိန်းသိမ်း ခံထားရ တဲ့ နိုင်ငံခြားသားတွေ ထဲ မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရ သူ ( ၃၅ ) ဦးတွေ့ ရ တယ် လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာန က မနေ့က ပဲကြေညာ ပါ တယ် ။

အဲဒီ လူတွေထဲ မှာ မြန်မာနိုင်ငံသား က ၁၇ ဦး ပါဝင်ပြီး အိန္ဒိယနိုင်ငံသားက ၁၅ယောက် ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ အီဂျစ်နိုင်ငံသားတွေ က တယောက်စီ ပါဝင်တယ်လို့ ဆို ပါတယ် ။ ဖမ်းဆီးထား တဲ့ ရာနဲ့ချီ တဲ့ နိုင်ငံခြားသားတွေ ကို ဗိုင်းရပ်စ်ပိုးရှိ မရှိ စစ်တဲ့ အခါ မှာ အခုလိုတွေ့ ရှိတာဖြစ် ပါတယ် ။

မလေးရှား ထောင်ထဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ မြန်မာ ( ၁၇ ) ဦးကို စစ်ဆေးတွေ့ရှိ

လတ်တလော မလေးရှားနိုင်ငံ အတွင်း မှာ ရွှေ့ပြောင်း လုပ်သားတွေ ကို အစိုးရက ဖမ်းဆီးနှိမ်နင်းမှုတွေ လုပ်နေ ပါတယ် ။

မလေးရှား ထောင်ထဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ မြန်မာ ( ၁၇ ) ဦးကို စစ်ဆေးတွေ့ရှိ

မလေးရှားနိုင်ငံ ကနေ မြန်မာပြည် ကို လက်ရှိ အချိန်ပြန်လာခဲ့တဲ့သူတွေထဲ မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တချို့ ကို စစ်ဆေးတွေ့ရှိထား ပါတယ် ။ မေလ ၂၀ ရက်တုန်း ကလည်း မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်ကြုံနေသူတွေထဲက ၁၀၇ ဦး ကို ကယ်ဆယ်ရေး လေယာဉ် နဲ့ မြန်မာဘက်က သွားရောက်ခေါ်ဆောင်ခဲ့ပြီး သူတို့ ကို ၂၁ ရက်ကြာ အသွား အလာ စောင့်ကြည့်မယ် လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန က သတင်း ထုတ်ပြန် ပါ တယ် ။

Add a Comment

Your email address will not be published. Required fields are marked *