ဝူဟန်မြို့တွင် ၁ ရက်တည်း အခမဲ့ လူပေါင်း( ၅ )သိန်းကို စံချိန်တင် ပိုးစစ်ပြီး , အသံတိတ်ကူးစက်သူ ( ၁၅ ) ဦးတွေ့ရှိ

တ ရုတ်နိုင်ငံ ဝူဟန်မြို့ မှာ မေလ (၁၄) ရက်ကနေ (၂၄) ရက် အထိ မြို့ခံ လူဦးရေအားလုံးကို ရောဂါပိုးစစ်ဆေးပေး တဲ့ အစီအစဉ် ကို ပြုလုပ်လျက်ရှိပြီး မေလ (၂၀) ရက် မှာ လူဦးရေ ( ၁၁ ) သန်းရှိ တဲ့ အနက် တဝက်ကျော်လောက် ကို ကိုဗစ် ရောဂါပိုး စစ်ဆေးပေးပြီးသား ဖြစ်နေပြီလို့ သိ ရ ပါ တယ် ။

ဝူဟန်မြို့တွင် ၁ ရက်တည်း အခမဲ့ လူပေါင်း( ၅ )သိန်းကို စံချိန်တင် ပိုးစစ်ပြီး , အသံတိတ်ကူးစက်သူ ( ၁၅ ) ဦးတွေ့ရှိ

ကိုဗစ်ရောဂါ စတင်ပြန့်ပွားခဲ့ရာ ဝူဟန်မြို့ မှာ မေလ ၁၈ ရက် က Nucleic Acid Tests ပေါင်း ၄၆၇,၈၄၇ ခုပြုလုပ်ပေးနိုင်ခဲ့ တယ်လို့ ဝူဟန်ကျန်းမာရေးကော်မရှင်က ဆိုပါတယ်။ ဝူဟန်မြို့ မှာ ၁၀ ရက် အတွင်း တစ်မြို့လုံးကိုရောဂါပိုးစစ်ဆေးပေးတဲ့အစီအစဉ်ကို “ ၁၀ ရက်တိုက်ပွဲ ” လို့ နာမည်ပေးထားပါတယ်။

ဝူဟန်မြို့တွင် ၁ ရက်တည်း အခမဲ့ လူပေါင်း( ၅ )သိန်းကို စံချိန်တင် ပိုးစစ်ပြီး , အသံတိတ်ကူးစက်သူ ( ၁၅ ) ဦးတွေ့ရှိ

ဝူဟန်မြို့ တွင်း က စုရပ် အဖြစ် ပြုလုပ်ထားတဲ့ အများပြည်သူ ဆိုင်ရာပန်းခြံတွေနဲ့ရင်ပြင်တွေ မှာ ကိုဗစ်ရောဂါ ပိုးစစ်ဆေးမှု နမူနာရယူဖို့ ယာယီစခန်းတွေ ဖွင့်လှစ်ပေးထား ပါတယ် ။ ရောဂါပိုးစစ်ဆေးမှုအားလုံးကို အခမဲ့ လုပ်ဆောင်ပေးတာဖြစ်ပြီးတော့ ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံရသူ ၁၅ ဦး ကို ထပ်မံတွေ့ ရှိခဲ့ရ ပါတယ်။

ဝူဟန်မြို့တွင် ၁ ရက်တည်း အခမဲ့ လူပေါင်း( ၅ )သိန်းကို စံချိန်တင် ပိုးစစ်ပြီး , အသံတိတ်ကူးစက်သူ ( ၁၅ ) ဦးတွေ့ရှိ

လော့ဒေါင်း ချထားစဉ်က ရောဂါပိုးစစ်ဆေးမှု မလုပ်ရသေးတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ကို အဓိကထားပြီး ပိုးစစ်ဆေးပေးနေ တာဖြ စ်ပါတယ်။ အခုလို အစုလိုက်အပြုံလိုက်စစ်ဆေးမှု လုပ်ဆောင်မှသာ စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ကို ပြန်လည်ဖွင့်လှစ်နိုင်မှာ လို့ ဝူဟန်မြို့ အာဏာပိုင်တွေက ကြေညာထား ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *