အကာ အကွယ် မပါဘဲ လင်းနို့တွေကိုကိုင်နေ တဲ့ ဝူဟန် ပညာရှင်တွေ လင်းနို့လေဒီတို့ရဲ့ဓာတ်ပုံများ ပေါက်ကြားမှုဖြစ်

ဝူဟန် ဓာတ်ခွဲခန်း မှ ပညာရှင်များ လက်အိတ် နဲ့ အကာအကွယ် စသည် တို့ မပါဘဲ လင်းနို့တွေ ကို လက်ချည်း သက်သက် ကိုင်တွယ်နေ တဲ့ ဓာတ်ပုံများ မကြာသေး မီ က လူမှုကွန်ရက် မှာ ပေါ်ထွက်လာခဲ့တဲ့ အတွက် ကမ္ဘာကြီးအနေ နဲ့ အလွန်ေ ဒါသထွက်ဖွယ် ဖြစ်နေ ပါတယ် ။ တရုတ်အာဏာပိုင်တွေဟာ ကိုဗစ် ဗိုင်းရပ်စ် ကို သူတို့ဆီက စတယ် ဆိုတာ ငြင်းဆန်နေ ဆဲဖြစ်ပြီး-

အကာ အကွယ် မပါဘဲ လင်းနို့တွေကိုကိုင်နေ တဲ့ ဝူဟန် ပညာရှင်တွေ လင်းနို့လေဒီတို့ရဲ့ဓာတ်ပုံများ ပေါက်ကြားမှုဖြစ်

ကမ္ဘာ့ ပညာရှင် အသိုင်း အဝိုင်းကတော့ တရုတ်တို့အနေနဲ့ ကိုဗစ်အကြောင်း သတင်းတွေကို ရည်ရွယ်ချက်ရှိရှိ ထိမ်ချန်ထားခဲ့တဲ့အပြင်၊ ဗိုင်းရပ်စ်ရဲ့ DNA ကို သိပြီးသားဖြစ်ပါလျှက် ယနေ့အချိန်အထိ ရေငုံနှုတ်ပိတ်နေတာ ကို အလွန်ခံပြင်းနေကြ ပါတယ် ။ အခုလည်း ဒီဓာတ်ပုံတွေ ဟာ ဝူဟန်မြို့မှာ တည်ရှိတဲ့ Institute of Virology မှ ပညာရှင်များ ဖြစ် ပါတယ်။

အကာ အကွယ် မပါဘဲ လင်းနို့တွေကိုကိုင်နေ တဲ့ ဝူဟန် ပညာရှင်တွေ လင်းနို့လေဒီတို့ရဲ့ဓာတ်ပုံများ ပေါက်ကြားမှုဖြစ်

သူတို့ တစ်တွေ ဟာ လင်းနို့တွေကို ရှာဖွေနေတဲ့ မှတ်တမ်းဓာတ်ပုံတွေ၊ လင်းနို့တွေကို လက်ဗလာသက်သက်နဲ့ ကိုင်တွယ်နေတဲ့ဓာတ်ပုံတွေဖြစ်ပြီး၊ Institute of Virology ရဲ့တရားဝင် ဝက်ဘ်ဆိုဒ် မှာ နှစ်တော်တော်ကြာ ကတည်း က ရှိနေပြီးသား ဖြစ်ပါလျှက်၊ မကြာသေးခင်က မှ အဲဒီဓာတ်ပုံတွေကို ဝက်ဘ်ဆိုက်ဒ်ကနေ ဖျက်ချပစ်လိုက်တာဟာ တော်တော် အငြင်းပွား စရာ ဖြစ်ခဲ့ ပါတယ်။

အကာ အကွယ် မပါဘဲ လင်းနို့တွေကိုကိုင်နေ တဲ့ ဝူဟန် ပညာရှင်တွေ လင်းနို့လေဒီတို့ရဲ့ဓာတ်ပုံများ ပေါက်ကြားမှုဖြစ်

အဲဒီလင်းနို့တွေဟာ SARS နဲ့ပတ်သက်တဲ့ ဗိုင်းရပ်စ်တွေ စတင်ပျံ့နှံ့ရာ လင်းနို့တွေဖြစ်ကြပြီး၊ ဒီမှတ်တမ်းနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေကို ၎င်းတို့ဆိုက်ဒ်မှာ တင်ထားခဲ့ပါတယ်။ ဒါပေမယ့် အလားတူပဲ ချက် ချင်း ဆိုသလို ဖျက်ပစ်ခဲ့ ပါတယ်။ ဒီဓာတ်ပုံတွေနဲ့အတူ (၂၀၁၈)ခုနှစ်က ဘေဂျင်းမြို့အမေရိကန် သံရုံးက ပြုလုပ်တဲ့ Rick Switzer ရဲ့ ဟောပြောပွဲမှတ်တမ်း ရည်ညွှန်းတွေ ကိုလည်း ဖျက် သိမ်း ခဲ့ပါတယ်။

အကာ အကွယ် မပါဘဲ လင်းနို့တွေကိုကိုင်နေ တဲ့ ဝူဟန် ပညာရှင်တွေ လင်းနို့လေဒီတို့ရဲ့ဓာတ်ပုံများ ပေါက်ကြားမှုဖြစ်

ဒီဖြ စ်ရပ်တွေ မတိုင်မီမှာ အမေရိကန် သမ္မတထရမ့်က ကိုဗစ်-၁၉ ဟာ တရုတ် ကနေ စတင်ခဲ့ တယ် ဆိုတာကို ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရှိထားပြီဖြစ်ကြောင်း ဆို ပါ တယ် ။ အဲဒီနောက် မေလ(၁)ရက် သောကြာနေ့မှာ ဝူဟန်ဓာတ်ခွဲခန်းက လျှို့ဝှက်ထားအပ်တဲ့ စာရွက်စာတမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ယင်းစာရွက်စာတမ်းများအရ တရုတ်တို့ဟာ ကိုဗစ်နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေ ကို ရည်ရွယ်ချက် ရှိရှိ နဲ့ ဖောက်ဖျက်နေကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ ပညာရှင်တစ်ဦးက အခုမှ ပွဲကြီးပွဲကောင်းလို့ ပြောခဲ့ ပါတယ်။

ဘာသာပြန်-လင်းဇော်ကို

Ref ; Mirror

Add a Comment

Your email address will not be published. Required fields are marked *